ရန်ကုန် – မန္တလေး အမြန်လမ်းပေါ် မှာ ၂၂နာရီကြာ လမ်းလျောက်လာသူအဖိုးအိုအား ရဲတပ်ဖွဲ့က ကူညီပြန်ပို့

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရန်ကုန် – မန္တလေး အမြန်လမ်းပေါ် မှာ ၂၂နာရီကြာ
လမ်းလျောက်လာသူအဖိုးအိုအား ရဲတပ်ဖွဲ့က ကူညီပြန်ပို့

၂၇.၈. ၂၀၂၀ ရက်နေ့ ၁၁၀၅ အချိန် <span;>သာဂရအမြန်လမ်းမကြီးရဲစခန်းမှူးရဲအုပ်ကျော်စွာလတ်နှင့်အဖွဲ့သည်နယ်မြေ လှည်ကင်းဆောင်ရွက်စဥ် မိုင်တိုင်အမှတ် ၁၇၃/၀ အနီးတွင် ဦးသံချောင်း၊ (၈၃)နှစ် (ဘ)ဦးကျော်အားအဝတ် အစား ရေစိုများဖြင့်တစ်ဦးတည်း လမ်းလျှောက်လာသည်ကိုတွေ့၍စိစစ်မေးမြန်းခဲ့ရာဦးသံချောင်းသည်အမြန်လမ်းမကြီးမိုင်တိုင်အမှတ် ၂၀၂ အနီးရွာသစ်ကျေးရွာရှိနေအိမ်မှ၂၆. ၈. ၂၀၂၀ရက်နေ့ ၀၉၀၀အချိန်ကတည်းကလမ်းလျှောက်ထွက်လာရင်း
မျက်စိလည်လမ်းမှားကာနေအိမ်သို့မပြန်တတ်တော့သည့်အတွက်လမ်းဆက်လျှောက်ရင်း သာဂရရဲစခန်းအပိုင်
မိုင်တိုင် ၁၇၃ အထိ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း
သိရှိရသည့်အတွက် ရဲစခန်းသိူ့ခေါ်ဆောင်ခဲ့ပြီး
ရဲစခန်းမှူးနှင့် ဇနီးဒေါ်ကြည်ပြာလှိုင်၊တပ်ဖွဲ့ဝင်မိသားစုများမှရေစိုအဝတ်အစားများအားလဲလှယ်ပေးခဲ့ကာ
ထမင်းနှင့်အစားအသောက်များကျွေးမွေခြင်း
မုန့်နှင့်ငွေ(၃၀၀၀၀)ကျပ်အားကန်တော့ခြင်းများ
ဆောင်ရွက်ခဲ့ပါသည်။

ထို့နောက် ပလွေးအမြန်လမ်းမကြီးရဲစခန်းနှင့်ချိတ်ဆက်၍ဦးသံချောင်း၏သားသမီးများဖြစ်သောဦးသိန်းဇော်၊သမီးဒေါ်ဌေးတို့အားဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားခဲ့ရာ ၁၂၄၅ အချိန်ရဲစခန်းသို့ရောက်ရှိလာသဖြင့် ဦးသံချောင်းအားမိသားစုထံသို့ပြန်လည်အပ်နှံပေးအပ်ခဲ့ပါသည်။


Source – အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး


Spread the love
  •  
  •  
  •  
  •  
  •  
  •