ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအား ည ၁၂ နာရီမှ နံနက် ၄ နာရီအတွင်းသာ ပိတ်ထားမည်ဖြစ်ပြီး ကျန်အချိန်များတွင် ပိတ်ထားခြင်းမရှိ
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအား အသုံးပြုသွားလာကြသူများ ဘေးကင်းလုံခြုံရေးအတွက် ည ၁၂ နာရီမှ နံနက် ၄ နာရီအတွင်းသာ ပိတ်ထားမည်ဖြစ်ပြီး ကျန်အချိန်များတွင် ပိတ်ထားခြင်းမရှိကြောင်းနှင့် ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် အခြားမြို့များသို့ သွားရောက်မည့်သူများအနေဖြင့် ထိုမြို့များသို့ ဝင်ရောက်ရာတွင် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်များနှင့် အညီသာဆောင်ရွက်ရမည် ဖြစ်ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အသုံးပြုသွားလာကြသူများအနေဖြင့် ဘေးကင်းလုံခြုံရေးအတွက် ယာဉ်များအား ည ၁၂ နာရီမတိုင်ခင် အနီးဆုံး တိုးဂိတ်၊ ရဲစခန်း၊ ယာဉ်ရပ်နားစခန်းတို့တွင်သာ ရပ်နားထားကြပါရန်နှင့် နံနက် ၄ နာရီနောက်ပိုင်းမှသာ မိမိတို့ သွားလိုသောအရပ်သို့ ဆက်လက်ထွက်ခွာကြပါရန် အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ အသိပေးနှိုးဆော်ထားသည်။
ဓာတ်ပုံ-အမြန်လမ်းမကြီးရဲတပ်ဖွဲ့
#TheMandalayNewsJournal