ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်၂၅၅တွင် ယာဉ်တိမ်းမှောက်မှုဖြစ်၊တစ်ဦးသေဆုံး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

၂၅.၁၀.၂၀၂၀ ရက်နေ့၊ ၁၅ ၁၅ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၅၅/၁)နှင့် (၂၅၅/၂)ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပါတယ်။

အခင်ဖြစ်ပွားရာသို့ ပေပင်လေးအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ဘုရားတောင်အမြန်လမ်းမကြီးရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ သွားရောက်ကူညီဆောင်ရွက်ခဲ့ပါတယ်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၁)၊ မ(၂)ဦး၊ (၈)လအရွယ်ကျား(၁)ဦး စုစုပေါင်း (၄)ဦးအနက် မ(၁)ဦး(သေဆုံး)၊ ကျန်(၃)ဦး ထိခိုက်ဒဏ်ရာရ(စိုးရိမ်ရ)အား အမြန်လမ်းရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် မိတ္ထီလာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ တယ်လို့ သိရပါတယ်။

Source – MFSD

 


Spread the love
  •  
  •  
  •  
  •  
  •  
  •