ရန်ကုန် – မော်လမြိုင် လမ်းမ ဘီးလင်းမြိူ့ အနီးမှာ ရပ်ထားတဲ့ကားကို နောက်ကဝင်တိုက်မိပြီး ယာဥ်မောင်းသူသေဆုံး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရန်ကုန် – မော်လမြိုင် လမ်းမ ဘီးလင်းမြိူ့ အနီးမှာ ရပ်ထားတဲ့ကားကို နောက်ကဝင်တိုက်မိပြီး ယာဥ်မောင်းသူသေဆုံး

 


၁၂.၈.၂၀၂၀ရက်နေ့၊ ၀၅ ၃၀အချိန်ခန့်၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ကျောက်ရေတွင်းကျေးရွာ၊ မိုင်တိုင်အမှတ်(၁၂၃/၁) နှင့် (၁၂၃/၂)အကြားတွင် သထုံဘက်မှ ကျိုက်ထိုဘက်သို့ မောင်းနှင်လာသော Toyota Wish အမျိုးအစား(အဖြူရောင်)ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ကားပျက်၍ ရပ်ထားသော Forland အမျိုးအစား(အပြာရောင်)ယာဉ်အား ဝင်ရောက်တိုက်မှုဖြစ်ပွားခဲ့ပါတယ်။


သတင်းရရှိသဖြင့် ဘီလင်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျောက်ရေတွင်းကျေးရွာလူမှုကူညီရေးအသင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ ပါတယ် ။

 

ယာဉ်တိုက်မှုကြောင့် Toyota Wish အမျိုးအစား(အဖြူရောင်) ယာဉ်မှ ယာဉ်မောင်း ကျား(၁)ဦး(သေဆုံး)အား ကျောက်ရေတွင်းကျေးရွာ လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

 

Source – MFSD
ရှင်သန်ရေးနှင့်နာရေးကူညီမှုအသင်း-ဘီးလင်းမြို့


Spread the love
  •  
  •  
  •  
  •  
  •  
  •