ရန်ကုန်- မော်လမြိုင် အမြန်ရထား လေအိတ်တွဲဆိုင်းများဖြင့် စတင်ပြေးဆွဲ  

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရန်ကုန်- မော်လမြိုင် အမြန်ရထား လေအိတ်တွဲဆိုင်းများဖြင့် စတင်ပြေးဆွဲ

 

၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၂ ရက်နေ့၊ ည (၂၀၃၀) နာရီအချိန်တွင် မော်လမြိုင်ဘူတာ၌ ရန်ကုန်- မော်လမြိုင်- ရန်ကုန် လမ်းပိုင်းတွင် အမှတ်(၈၃) အဆန်/ အမှတ် (၈၄) အဆန် အမြန်ရထားအား  လေအိတ်တွဲဆိုင်းအသစ်ဖြင့် တိုးချဲ့ ပြေးဆွဲခဲ့ပါတယ်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်ဇင်မောင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်၍ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားကာ ခရီးသွားပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားက မော်လမြိုင်- ရန်ကုန် ရထားလမ်းပိုင်းမှာ  ယခုပြေးဆွဲသည့် လေအိတ်ရထားတွဲများသည် အထက်တန်းတွဲ (၄) တွဲ၊ ရိုးရိုးတန်းတွဲ (၅)၊ ဘရိတ်(၁)တွဲတို့ ပါရှိမှာဖြစ်ပါတယ်။


အဆိုပါ ရထားပေါ်တွင်  မြန်မာ့မီးရထားမှ ဝန်ထမ်းများက အသင့်စား အစားအစာများကိုလည်း ရောင်းချပေးသွားမှာဖြစ်ကြောင်း၊  Covid-19 ရောဂါ ကာကွယ်သည့် အနေဖြင့် ရထားလက်မှတ်များကို ခရီးသည်တစ်ဦးလျှင် Social Distancing အရ တစ်ဦးကို ခုံ(၂)ခုံကို တစ်ဦးသာထိုင်စေမှာဖြစ်ကြောင်း၊ လက်မှတ်ခနှုန်းထားမှာ မော်လမြိုင် – ရန်ကုန် ရိုးရိုးတန်းလက်မှတ်ခ (၄၀၀၀)ကျပ်၊
<span;>အထက်တန်းလက်မှတ်ခ (၈၀၀၀) ကျပ်ဖြစ်ကြောင်း၊  လမ်းခရီး၌ ခေတ္တရပ်တန့်ပေးမည့် ဘူတာများမှာ ပေါင် ၊ သထုံ ၊ တောင်စွန်း ၊ ကျိုက်ထို ၊ ပဲခူး ဘူတာများ ဖြစ်ပါတယ်။

 လေအိတ် (အထူး) ရထားအချိန်စာရင်းမှာ အမှတ် ၈၃ အဆန် ရန်ကုန်- မော်လမြိုင် ရထားသည် ရန်ကုန်မှ စတင်ထွက်ခွာချိန် ည (၈)နာရီ၊ မော်လမြိုင်သို့
ဆိုက်ရောက်မည့်အချိန် နံနက် (၀၅၁၅) နာရီ၊ အမှတ် ၈၄ အစုန် မော်လမြိုင်- ရန်ကုန် ရထားသည် မော်လမြိုင်မှ ထွက်ခွာချိန် ည(၉)နာရီ၊ ရန်ကုန်သို့ ဆိုက်ရောက်မည့်အချိန် နံနက်(၆)နာရီဖြစ်ကြောင်း မော်လမြိုင်၊အမှတ်(၈)တိုင်း ထံမှသိရှိရပါတယ်

လက်ရှိ မြန်မာ့မီးရထားဌာနမှ လေအိတ်ရထား ပြေးဆွဲနေမှုများမှာ ရန်ကုန်- မန္တလေးလမ်းပိုင်း၊ မန္တလေး- မြစ်ကြီးနားလမ်းပိုင်း၊ ရန်ကုန်- ပြည်လမ်းပိုင်းနှင့် ရန်ကုန်- မော်လမြိုင်လမ်းပိုင်းစသည့် အဓိကလမ်းမကြီး(၄)ခုမှာ ပြေးဆွဲလျက်ရှိပါတယ်။

Mon State Government Office (Website)
www.monstate.gov.mm


Spread the love
  •  
  •  
  •  
  •  
  •  
  •