ရန်ကုန်-မြိတ် ပြေးဆွဲနေသည့် ခရီးသည်ယာဉ်ပေါ်၌ ခရီးသည်တစ်ဦးသေဆုံးမှုဖြစ်ပွား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ရန်ကုန်-မြိတ် ပြေးဆွဲနေသည့် ခရီးသည်ယာဉ်ပေါ်၌ ခရီးသည်တစ်ဦးသေဆုံးမှုဖြစ်ပွား

မွန်ပြည်နယ်- တနင်္သာရီတိုင်းဒေသကြီးနယ်စပ် ကလိန်အောင်မြို့ မလွှဲတောင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ယာဉ်/အဝင်ထွက်နှင့် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်နေစဉ် ယနေ့ နံနက်(၃:၀၀)နာရီခန့်က ရန်ကုန်-မြိတ် ယာဉ်လိုင်း ပြေးဆွဲနေသည့် ရွှေမန္တလေး ခရီးသည်ယာဉ်ပေါ်၌ ခရီးသည်တစ်ဦး သေဆုံးမှု ဖြစ်ပွားကြောင်း သိရသည်။

 

တနင်္သာရီတိုင်း နယ်စပ်ဂိတ်အဝင် ရေး-ထားဝယ်ကားလမ်း၊ မလွှဲတောင် စစ်ဆေးရေးဂိတ်အရောက် ကျန်းမာရေး ဆေးစစ်မှုခံယူရန် ခရီးသည်များ ယာဉ်ပေါ်မှ ဆင်းသက်စဉ် ခရီးသည်တစ်ဦး ဆင်းသက်ခြင်း မရှိသဖြင့် အတူလိုက်ပါ လာသော ၄င်း၏ ညီဖြစ်သူ နှင့် ယာဉ်နောက်လိုက်တို့မှ အဆိုပါ ခရီးသည် အိပ်ပျော်နေသည်ထင်၍ သွားရောက်နိုးစဉ် နိုးမရသဖြင့် ကြည့်ရှုရာ ယင်းခရီးသည်မှာ အသားများ အေးစက်နေပြီး အသက်မရှူတော့ဘဲ မျက်ဖြူလန်၍ သေဆုံးနေသဖြင့် မလွှဲတောင် စစ်ဆေးရေးဂိတ်ရှိ ဇမ္ဗူသီရိအရေးပေါ်လူနာ တင်ယာဉ်ဖြင့် ကလိန်အောင်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ယင်းခရီးသည် သေဆုံးခြင်းမှာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် သိရှိရန်အတွက် ကလိန်အောင်မြို့ နယ်မြေရဲစခန်းမှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုးမိုးခိုင်

Source- MOI


Spread the love
  •  
  •  
  •  
  •  
  •  
  •