ရန်ကုန်-လားရှိုးခရီးသည်တင်ယာဉ် ဘီးပေါက်ပြီး မရှိန်မထိန်းနိုင်ဖြစ်ကာ guard rail တန်းအား ဝင်ရောက်တိုက်မိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရန်ကုန်-လားရှိုးခရီးသည်တင်ယာဉ် ဘီးပေါက်ပြီး မရှိန်မထိန်းနိုင်ဖြစ်ကာ guard rail တန်းအား ဝင်ရောက်တိုက်မိ

၃၀.၉.၂၀၂၀ရက်နေ့၊ (၁၉း၄၆)အချိန်ခန့်၊ ရန်ကုန်-နေပြည်တော်အမြန်လမ်း မိုင်တိုင်အမှတ် (၄၄/၂) နှင့်(၄၄/၃)အကြားတွင် YUTONG အမျိုးအစား Express ရန်ကုန်-လားရှိုးခရီးသည်တင်ယာဉ်သည် ရန်ကုန်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာစဉ် နောက်ယာဘက်ဘီးပေါက်ပြီး မရှိန်မထိန်းနိုင်ဖြစ်ကာ ဂတ်စ်ဝေးတန်းအား ဝင်ရောက်တိုက်မိခဲ့ပါတယ်။

 

အခင်းဖြစ်ပွားရာသို့  ဘောနက်ကြီးအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၄)ဉီး ထိခိုက်ဒဏ်ရာရရှိမှုမရှိဘူးလို့ သတင်းရရှိပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •