ရန်ကုန်-သီလဝါလမ်းမကြီးတွင် ညအိပ်ရပ်နားထားသော တွဲကားအား ဆီဘောက်ဆာယာဉ်က နောက်မှဝင်တိုက်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

 

၁၁.၁၂.၂၀၂၀ ရက်နေ့၊ ၀၆ ၄၅ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာအုပ်စု၊ (၆)လမ်းသွားလမ်းဆုံအနီး၊ ရန်ကုန်-သီလဝါကားလမ်းမကြီးတွင် ညအိပ်ရပ်နားထားသော တွဲကားအား ဆီဘောက်ဆာယာဉ်(ဆီမပါ)မှ နောက်မှဝင်တိုက်မှုဖြစ်ပွားခဲ့ပါတယ်။

အဲဒီယာဥ်တိုက်မှု​ကြောင့် ကားခေါင်းခန်းအတွင်း ယာဉ်နောက်လိုက် ကျား(၁)ဦး ညပ်နေကြောင်း သတင်းရရှိသဖြင့် သန်လျင်ခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန်လျင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါတယ်။

ယာဉ်နောက်လိုက် ကျား(၁)ဦး ၀၇ ၃၀ အချိန်တွင် ကယ်ထုတ်နိုင်ခဲ့ကာယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ကျား(၁)ဦး (မစိုးရိမ်ရ)အား မေတ္တာအလင်းလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် သန်လျင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Source – MFSD

 


Spread the love
  •  
  •  
  •  
  •  
  •  
  •