ရန်ကုန်-ဥက္ကံ RBEရထားကို ယနေ့ ဇူလိုင်(၁)ရက်နေ့မှစ၍ ပြန်လည်ပြေးဆွဲ
ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ရန်ကုန်မှဥက္ကံသို့ ပြေးဆွဲနေသော အမှတ်၆၅အဆန်၊ ၆၆အစုန် RBE ရထားကို (၁.၇.၂၀၂၀) နေ့မှစ၍ ယခင်အချိန်စာရင်းအတိုင်း ပြန်လည်ပြေးဆွဲပေးမည် ဖြစ်ပါသည်။
အမှတ်(၆၆) အစုန်ရထားသည် ဥက္ကံဘူတာမှ မနက်၆နာရီ တွင် ထွက်ခွာပြီး ရန်ကုန်ဘူတာကြီးသို့ မနက် ၉နာရီ ၃၅ မိနစ်တွင် ရောက်ရှိပါမည်။
အမှတ်(၆၅)အဆန်ရထားသည် ရန်ကုန်ဘူတာကြီးမှ ညနေ ၄နာရီ ၃၀ မိနစ်တွင် ထွက်ခွာပြီး ဥက္ကံဘူတာသို့ ည ၈နာရီ ၁၀ မိနစ်တွင် ရောက်ရှိပါမည်။
ရထားလက်မှတ်ခမှာ စျေးနှုန်းပြောင်းလဲခြင်း မရှိဘဲ ရန်ကုန်မှ ဥက္ကံအထိ တစ်ဦးလျင် ၆၀၀ကျပ် ဖြစ်ပါသည်။
၄င်းရထားမှာ Covid-19 ရောဂါမဖြစ်ပွားမီက အစုန်/အဆန်ခရီးသည် တစ်ရက်လျင်ပျမ်းမျှ တစ်ထောင်ခန့် စီးနင်းလိုက်ပါခဲ့သော ရထားဖြစ်ပါသည်။
ရန်ကုန်-ဥက္ကံရထားပြေးဆွဲခြင်းကြောင့် (ခ-၃/၄) လက် ယာရစ်မြို့ပတ်ရထားနှင့် (ထ/၂) ရန်ကုန်-အင်းစိန်ရထားတို့ အချိန်အနည်းငယ် ပြင်ဆင် ပြောင်းလဲထားပြီး အချိန်စာရင်းအသေးစိတ်ကို သက်ဆိုင်ရာဘူတာများတွင် ကြေငြာပေးထါးမည် ဖြစ်ပါကြောင်း ရထားစီး ခရီးသည်များအား အသိပေး ကြေငြာအပ်ပါသည်။
***********
မြန်မာ့မီးရထား
အမှတ်(၇)တိုင်း၊ရန်ကုန်