ရမည်းသင်း၊ရွှေဒါးရွာအနီး ၁၂ဘီးယာဉ်မောင်းအိပ်ငိုက်ပြီး ဆီဘောက်ဆာကားကိုဝင်တိုက်၊တစ်ဦးသေဆုံး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရမည်းသင်း၊ရွှေဒါးရွာအနီး ၁၂ဘီးယာဉ်မောင်းအိပ်ငိုက်ပြီး ဆီဘောက်ဆာကားကိုဝင်တိုက်၊တစ်ဦးသေဆုံး

ရမည်းသင်း ၊ စက်တင်ဘာ ၃၀

မန္တလေးတိုင်းဒေသကြီး ၊ ရမည်းသင်းမြို့နယ်
ရွှေဒါးရွာအနီးတွင် ၁၂ဘီးယာဉ်မောင်းအိပ်ငိုက်၍ တစ်ဘက်ယာဉ်ကြောသို့ရောက်ရှိကာ ဆီဘောက်ဆာယာဉ် နှင့်ဆိုင်ကယ်တစ်စီးအား မျက်နှာချင်းဆိုင်တိုက်မိသဖြင့် ဆီဘောက်ဆာယာဉ်ပေါ်ပါယာဉ်နောက်လိုက်သေဆုံးသွ
ားကြောင်း ရမည်းသင်းမြို့နယ် ရွာတန်းနယ်ေမြစခန်းမှ သိရသည်။

 

” ယာဉ်တိုက်မှုဖြစ်တာဟုတ်ပါတယ်၊ ၁၂ဘီးယာဉ်းမောင်းက အိပ်ငိုက်လို့ တစ်ဘက်ယာဉ်ကြောကိုရောက်သွားပြီးမြောက်ဘက်က တောင်ဘက်ကိုမောင်းနှင်လာတဲ့ဆီဘောက်ဆာ ကားကိုတိုက်တယ်၊ ပြီးတော့ ဆိုင်ကယ် တစ်စီးကိုမျက်နှာချင်းဆိုင်တိုက်မိသွားတာပါ ” ဟုရမည်းသင်းမြို့နယ်၊ ရွာတန်းနယ်မြေစခန်းမှူး ရဲအုပ် ဝင်းထွဋ်ရှိန် ကပြောသည်။

ဖြစ်စဉ်မှာယာဉ်မောင်းမင်းဇော်စိုး မောင်းနှင်သည့်4G/ YGN — နစ်ဆန်းအမျိုးအစား ၁၂ဘီးယာဉ်သည်ရန်ကုန်- မန္တလေး လမ်းဟောင်းအတိုင်း တောင်ဘက်မှ မြောက်ဘက်သို့မောင်းနှင်လာစဉ်စက်တင်ဘာ၃၀ရက်မနက်၁၀နာရီ၅၅မိနစ်ချိန်ခန့်က ရန်ကုန်- မန္တလေးလမ်းဟောင်း မိုင်တိုင် ၃၀၆/ ၁ အနီးအရောက်တွင် ယာဉ်မောင်းမင်းဇော်စိုးအိပ်ငိုက်
၍ တစ်ဘက်ယာဉ်ကြောသို့ရောက်ရှိသွားကာ
ယာဉ်မောင်း ထွန်းနိုင်ဦး(၃၂)နှစ်(ဘ)ဦးမြင့် မောင်းနှင်သည့် 2 I /MDY —- ဆီဘောက်ဆာတွဲယာဉ်ဖြင့် မျက်နှာချင်းဆိုင်တိုက်မိပြီး
အဆိုပါယာဉ်နှင့်လားရာတူ ယာဉ်မောင်း ကို
ဆန်းဌေး(၃၆)နှစ်မောင်းနှင်လာသည့် ၄၉ယ/
— ကင်ဘို 125ဆိုင်ကယ်အားဆက်တိုက်မှု
ဖြစ်ပွားခဲ့ခြင်းဖြစ်သည်၊

 

အဆိုပါယာဉ်တိုက်မှုကြောင့် ၁၂ဘီးဆီဘောက်ဆာတွဲယာဉ်ပေါ်ပါ ယာဉ်နောက်လိုက် ကိုဌေးလွင်တွင် ဦးခေါင်းဝဲဘက်ပေါက်ပြဲ၊ယာ
ဘက်လက်ဖျံပေါက်ပြဲ ၊ ခန္ဓာကိုယ်တွင်ပွန်းပဲ့ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင်သေဆုံးပြီး၊၂ဘက်ယာဉ်မောင်းဖြစ်ကြသည့်မင်းဇော်စိုး၊ထွန်းနိုင်ဦး နှင့် ရမည်းသင်းမြို့နယ် ရန်နောင်ကျေးရွာအုပ်စုကန်သာအေးကျေးရွာ နေဆိုင်ကယ်ယာဉ်မောင်း ကိုဆန်းဌေးတို့ ပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ)အသီးသီးရရှိခဲ့ကြောင်းသိရသည်။

အဆိုပါယာဉ်တိုက်မှုကြောင့်ရွာတန်းနယ်မြေရဲစခန်မှူး ရဲအုပ်ဝင်းထွဋ်ရှိန်က တရားလိုပြုလုပ်တိုင်ကြားသောကြောင့်ရွာတန်းနယ်မြေရဲစခန်းမှယာဉ်(ပ) ၇/ ၂၀၂၀ရာဇသတ်ကြီးပုဒ်မ- ၃၀၄- က/၃၃၈/၃၃၇တို့ ဖြင့်အမှုဖွင့်လှစ်၍ ၁၂ ဘီးကားယာဉ်မောင်းမင်းဇော်စိုး(၂၄)နှစ်
အား ဖမ်းဆီးကာ တရားစွဲတင်ပို့နိုင်ရေးစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

မင်းထွဏ်း


Spread the love
  •  
  •  
  •  
  •  
  •  
  •