ရာဇမဏိစူဠာကောင်းမှုတော်ဘုရာကြီး ဇူလိုင်(၁၅)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ရာဇမဏိစူဠာကောင်းမှုတော်ဘုရာကြီး ဇူလိုင်(၁၅)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည်

စစ်ကိုင်းတိုင်းဒေသကြီး ၊ စစ်ကိုင်းမြို့ရှိ ကောင်းမှုတော်ဘုရားကြီးကို လာမယ့် ဇူလိုင်လ ၁၅ ရက်နေ.မှာဘုရားဖူးများ ဝင်ရောက်ဖူးမြှော်နိုင်ဖို့ ပြန်လည်ဖွင့်လှစ်ပေးတော့မယ်လို့ သိရပါတယ်။

 

COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် ၃လ ကျော်ခန်.ပိတ်ထားရာမှ ပြန်လည်ဖွင့်လှစ်ဖို့အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့စံနှုန်းများနဲ့ညီညွတ်အောင် ပြင်ဆင်မှုတွေပြုလုပ်နေတယ်လို့ ဘုရားဂေါပကအဖွဲ့ကပြောပါတယ်။

 

ဘုရားကြီးအဝင်မုခ်ဦးမှာ Tharmal Scanner တွေတတ်ဆင်ခြင်း၊ လက်ဆေးကန်များထားရှိခြင်း social distancing အတွက် ဘုရားဖူးဖို့နေရာများသတ်မှတ်ပေး
ထားခြင်းတွေကိုလည်း ပြုလုပ်ပေးထါးပါတယ်။

 

ဒါ့အပြင် ဘုရားရင်ပြင်တော် ပတ်လည်ကိုလည်းပိုးသတ်ဆေး
ဖြန်းခြင်းလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Source – MOI


Spread the love
  •  
  •  
  •  
  •  
  •  
  •