ရိုမေးနီးယားနိုင်ငံရှိ COVID-19 လူနာများထားတဲ့ ICU အထူးကြပ်မတ်ကုသဆောင်မီးလောင်လို့ လူ ၁၀ ယောက်သေဆုံး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

🔥 #ကိုဗစ်ဆေးရုံစီမံခန့်ခွဲမှုညံ့ဖျင်းမှုနဲ့သင်ခန်းစာယူစရာများ။ 🔥

(#သူရဲကောင်းဆရာဝန်လေးကတော့မီးလောင်ဒဏ်ရာတွေနဲ့သေမလိုရှင်မလိုဖြစ်နေရှာပါတယ်။)

🇷🇴 ရိုမေးနီးယားနိုင်ငံရှိ COVID-19 လူနာများထားတဲ့ ICU #အထူးကြပ်မတ်ကုသဆောင်မီးလောင်ခဲ့လို့ လူ ၁၀ ယောက်သေဆုံးခဲ့ပါတယ်။

🔥 မနေ့ညကမီးလောင်ခဲ့တဲ့ အစိုးရဆေးရုံရှိတဲ့ Piatra Neamt မြို့ဟာ Bucharest ဘူချာရက်စ်မြို့တော်ရဲ့မြောက်ဖက် ၃၅၃ ကီလိုမီတာအကွာမှာရှိပါတယ်။

🔥 မီးလောင်သေခဲ့တဲ့ လူအများစုဟာ ဆေးရုံတက်နေတဲ့လူနာတွေဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီး Nelu Tataru က မီးဟာ ဝါယာရှော့ဆားကစ်ဖြစ်ရာက စလောင်ခဲ့ပုံရတယ်လို့ ဆိုပါတယ်။

“တကယ်တော့ကျန်းမာရေးဝန်ကြီးဟာ သူ့မှာလည်းတာဝန်ရှိတာကို မေ့နေပုံရပါတယ်။”

🚨 #ဆေးရုံတွေရဲ့စုတ်ပြတ်နေတဲ့အခြေအနေနဲ့ကိုဗစ်လူနာများ။

Piatra Neamt Regional Emergency Hospital ဟာ #နှစ်ပေါင်းများစွာစီမံခန့်ခွဲမှုညံ့ဖျင်းမှုအောက်မှာ ရောက်ရှိခဲ့တယ်လို့ဆိုပါတယ်။

အခုလက်ရှိဆေးရုံရဲ့မန်နေဂျာ Lucian Micu ဟာ လွန်ခဲ့တဲ့ ၃ ပတ်ကမှ အသစ်ခန့်ခဲ့တာပါ။

သူ့အရင်မန်နေဂျာဟာ လူနာတွေအပေါ် ပြုစုကုသရေးစီမံခန့်ခွဲမှု ညံ့ဖျင်းမှုနဲ့ နှုတ်ထွက်ခဲ့ရတာပါ။

သူ့လက်ထက်က #စီမံခန့်ခွဲမှုဘယ်လောက်ညံ့ဖျင်းသလဲဆိုရင် COVID-19 ရောဂါလက္ခဏာပြနေတဲ့လူနာတွေရော သံသယရှိတဲ့လူနာတွေရောဟာ ဆရာဝန်ပြဖို့ အပြင်ကအေးစိမ့်နေတဲ့နေရာမှာ အတင်းအကြပ်စောင့်ဆိုင်းခဲ့ကြရပါတယ်။

👉 ဒါမျိုးအပြင်မှာ #သေချာမကုသနိုင်သေးပဲရောကောသောကော စုပြုံထားခြင်းဟာ ရောဂါရှိနေသူတွေကို #အခြေအနေပိုမိုဆိုးရွားစေနိုင်ပြီး ရောဂါမရှိသေးတဲ့သံသယလူနာကိုလည်း #တကယ်ကူးစက်သွားအောင်လုပ်တာနဲ့တူနေပါတယ်။

အဲ့ဒီလိုမျိုးလုံးဝမလုပ်သင့်ပါ။ လူနာတွေက ကိုဗစ်သံသယရှိရင်တောင် ဆေးရုံသွားရမှာကြောက်သွားစေပါတယ်။

အဲ့ဒီလိုစီမံခန့်ခွဲမှုညံ့ဖျင်းပုံတွေကို #သတင်းမီဒီယာတွေမှာပြန့်နှံ့ခဲ့ပြီးနောက် ရာထူးကနှုတ်ထွက်ပေးလိုက်ရတာပါ။

👉 ဆေးရုံတွေဆိုတာလည်း ခေတ်အဆက်ဆက်က ကျန်းမာရေးဘတ်ဂျက်ကို ဦးစားပေးမခံခဲ့ရလို့ #သန့်ရှင်းမှုမရှိပဲစုတ်ပြတ်သတ်နေပါတယ်။

👉 မီးကြိုးသွယ်တန်းထားတာတွေကလည်း Safety Standards တွေနဲ့အညီမရှိပဲ အချိန်မရွေး ဝါယာရှော့ဆားကစ်ဖြစ်နိုင်ပါတယ်။ ဆေးရုံဆိုတာက မီးဆွဲအားများတဲ့ autoclave လိုဟာမျိုးလည်း သုံးရတာပါ။

👉 အဲ့ဒီလိုအဖက်ဖက်ကနိမ့်ကျစုတ်ပြတ်နေတဲ့ ဆေးရုံလို့နာမည်သာရှိတဲ့နေရာမျိုးမှာ ဆရာဝန်နဲ့လူနာတွေဟာ ကြိတ်မှိတ်ပြီး #ဘာမှပြန်မပြောရဲပဲအားလုံးကောင်းပါသည်နဲ့ နေနေရတာပါ။

👉 တစ်ခုခုစောဒကတက် တင်ပြမိရင် #အပေါ်ကထောင်းမှာနယ်ဝေးကိုအပို့ခံရမှာကလည်းကြောက်ရပါသေးတယ်။

#ကျန်းမာရေးသည်အရေးအကြီးဆုံးနံပါတ်တစ်ဖြစ်သည်လို့ ခေတ်အဆက်ဆက်ကအစိုးရတွေက ကြွေးကြော်ခဲ့ကြပြီး အစိုးရဆေးရုံဆေးခန်းတွေစုတ်ပြတ်နေတာကတော့ ဘယ်လိုနားလည်ရမှန်းမသိပါ။

🔥 အခုမီးလောင်မှုကလည်း တာဝန်ကျဆရာဝန်တစ်ယောက်က မီးလောင်နေတာကိုတွေ့ရပြီး #ကိုဗစ်လူနာအသည်းအသန်လူနာတွေကို မီးတောက်မီးလျှံတွေကြားက ကယ်ထုတ်ဖို့ကြိုးစားခဲ့ပါတယ်။

အဲ့ဒီတာဝန်ကျဆရာဝန်လေးဟာ first-and second-degree burns နဲ့ ကိုယ်ခန္ဓာရဲ့ ၈၀ ရာနှုန်းလောက်မီးလောင်ကာ အသက်လုနေရတဲ့အခြေအနေမှာရှိပါတယ်။

သူပြန်ကောင်းလာလည်း အရေပြားတွေ မီးလောင်သွားလို့ လူရုပ်ပီသလိမ့်မယ်လို့ ကျနော်မထင်ပါ။ 🥺

အခုလို ကိုဗစ်အသည်းအသန်လူနာတွေထားတဲ့ ICU အထူးကြပ်မတ်ကုသဆောင် (Intensive Care Unit) လိုမျိုးမီးလောင်တာက အထိနာလှပါတယ်။

အခြားဆရာဝန်တစ်ယောက်နဲ့ သူနာပြုနှစ်ယောက်ကလည်း မီးလောင်ဒဏ်ရာနဲ့ကုသနေရပါတယ်။

🔥 ရုရှားနိုင်ငံမှာလည်း ကိုဗစ်ဆေးရုံမီးလောင်လို့ ညကြီးမင်းကြီးလူနာတွေကို မပြေးရဖူးပါတယ်။

🔥 မလေးရှားမှာလည်း ဇွန်လတုန်းက အောက်ဆီဂျင် Panel ကနေမီးလောင်ခဲ့ဖူးပါတယ်။

👉 #ယူတတ်ရင်သင်ခန်းစာချည်းပါ။ 👈

Richard Myo Thant
15-November-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •