ရုပ်ရှင်သရုပ်ဆောင် လူရွှင်တော်ကြီး ဦးပလာတာ ကွယ်လွန်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရုပ်ရှင်သရုပ်ဆောင် လူရွှင်တော်ကြီးဦးပလာတာ ကွယ်လွန်

ဟာသပညာနဲ့ပရိသတ်ကို တင်ဆက်ဖျော်ဖြေခဲ့သူဟာသလူရွှင်တော်ကြီးဦးပလာတာ ဟာ စက်တင်ဘာလ ၁၇ ရက် နံနက်၂ နာရီ အချိန်တွင်၉၆ ပါးရောဂါဖြင့်  နေအိမ်တွင်ကွယ်လွန်သွားပါတယ်။

အနုပညာလောကအတွင်း နှစ်ပေါင်း၆၀ နီးပါးရပ်တည်ခဲ့သူ ဟာသလူရွှင်တော်ကြီးဦးပလာတာဟာ ဦးရွှေရိုး ဦးသော်တာ ဦးစံမတူတို့နှင့်အတူ ဟာသပျက် လုံးများကို အတွဲညီညီတင်ဆက် ခဲ့ကြသူများဖြစ်ပါတယ်။

” ဘဘက အသက်၉၀ ဆို ပေမဲ့ကျန်းမာတယ်။ပုံမှန်ခြင်းခတ် တယ်။ ပျော်ပျော်နေတတ်တယ်။ ကွယ်လွန်တာက လူကြီးရောဂါနဲ့ ပါပဲ။ရောဂါတခြားထွေထွေထူးထူးတော့မရှိပါဘူး။ သူ့ရဲ့အနုပညာ သက်တမ်းကလည်း မနည်းဘူး။ နှစ်ပေါင်း၆၀လောက် ရှိပြီပေါ့။ တကယ့်ကိုတော်တဲ့ တတ်တဲ့ အနုပညာရှင်ကြီးကွယ်လွန်တာ အများကြီးစိတ်မကောင်းဖြစ်ရပါ တယ်။သူတို့ အဖွဲ့ထဲမှာ အခုဆိုရင် ဦးစံမတူကြီးပဲကျန်တော့တယ်။ အခုလက်ရှိကတော့ သေစာရင်းမ ရသေးလို့ သားသမီးတွေနဲ့ သဂြိုလ်မယ့်အချိန်ကိုတိုင်ပင်နေကြပါတယ်။ရေဝေးသုသာန်မှာသဂြိုလ်ပါမယ် ” လို့ရုပ်ရှင်အစည်း အရုံးမှ ဦးချစ်ဆွေက ပြောပါတယ်။

​ရေ​ဝေးသုသာန်မှာ ၁၇ရက်​နေ့ ​နေ့လည် ၂နာရီအချိန်တွင် သဂြိုလ်မယ်လို့သိရပါတယ်။

ကွယ်လွန်သူဇနီးဒေါ်ခင်ထွေး နှင့်သားသမီး၆ယောက်ထွန်းကား ခဲ့သူ ဟာသသရုပ်ဆောင် ဦးပလာ တာသည်ကွယ်လွန်ချိန်တွင်အသက်၉၀နှစ်ရှိပြီဖြစ်ပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •