ရုပ်ရှင်၊သဘင်၊ဂီတ အနုပညာရှင် ၁၆၅ ဦးကို အာယုသုခုမအဖွဲ့ က ၁သိန်းစီ ကျန်းမာရေးကူညီမှုပြု

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အာယုသုခုမအဖွဲ့ ရဲ. ပထမအကြိမ်မြောက် ရုပ်ရှင်၊သဘင်၊ဂီတ အနုပညာရှင်များအတွက်
ကျန်းမာရေးကူညီမှု ဂါရဝပြုပွဲကို ဒီကနေ.မနက် ၉ နာရီက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးခန်းမမှာကျင်းပခဲ့ပါတယ်။

 

အဲဒီအခမ်းအနားမှာ ရုပ်ရှင်၊သဘင်၊ဂီတ အနုပညာရှင်များအတွက် လှူဒါန်းငွေတွေကို
အာယုသုခုမအဖွဲ့ ရဲ. ကိုယ်စား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ. ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပေးအပ်ခဲပါတယ်။

ရုပ်ရှင်အနုပညာရှင် ၆၅ဦး၊ သဘင်အနုပညာရှင်၇၅ဦးနဲ. ဂီတအနုပညာရှင် ၂၅ ဦးတို.အတွက် အလှူငွေ၁၆၅ သိန်းလှူဒါန်းခဲ့တာဖြစ်ပြီး အနုပညာရှင်တစ်ဦးလျင် ကျပ်တစ်သိန်းစီ လှူဒါန်းကူညီမှာ ဖြစ်တယ် လို.လည်းသိရပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •