ရုပ်ရှင် အစည်းအရုံးခန်းမမှာ ယနေ့ ရှင်းမည်ဟု ယုန်လေးက Live လွှင့်ပြောကြားချက်ကြောင့် မီဒီယာများစောင့်ဆိုင်းနေ၊ရဲများနှင့် လူနာတင်ယာဥ်တစ်စီးလဲတွေ့ရ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရုပ်ရှင် အစည်းအရုံးခန်းမမှာ ယနေ့ ရှင်းမည်ဟု ယုန်လေးက Live လွှင့်ပြောကြားချက်ကြောင့် မီဒီယာများစောင့်ဆိုင်းနေ၊ရဲများနှင့် လူနာတင်ယာဥ်တစ်စီးလဲတွေ့ရ

သိန်းကိုးထောင်လည်း မရဘူး၊ ဗိုလ်ချုပ်သားလည်း ကျွန်တော် မသိဘူး ဟု အဆိုတော် ယုန်လေးက သြဂုတ်လ ၇ ရက် နေ့လည်ပိုင်းက ၄င်း ၏ အကောင့်တွင် Live လွှင့် ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့တာပါ။

 

ရုပ်ရှင် အစည်းအရုံး ခန်းမ တွင် ယနေ့ ညပိုင်း ၅ နာရီခှဲ အချိန်မှာ ရှင်းလိုကြောင်း နှင့် ခန်းမကို အခမဲ့ ပေးသုံးရန် လည်း ပြောကြားခဲ့တာကြောင့် မီဒီယာတွေလည်း လာရောက်စောင့်ဆိုင်းနေကြပါတယ်။

 

ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင်လည်း ရှင်းချိန်တွင် ရှိပေးရန် Live တွင် ထည့်သွင်းပြောကြားခဲ့ပြီး ဦးညီညီထွန်းလွင်ကို စိတ်မဆိုးကြောင်းလည်း သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။

 

သရုပ်ဆောင် ညီနန္ဒကို ကို အလကား ခေါ်သည့် အတွက် လာရိုက်ပေးခြင်း ဖြစ်ကြောင်း စသည်ဖြင့် အခြေအနေ များကို Live တွင် ထည့်သွင်းပြောကြားခဲ့ပါတယ်။

 


Spread the love
  •  
  •  
  •  
  •  
  •  
  •