“ရုရှနိုင်ငံ ဗလာဒီဗေါ့စတော့(ခ်) မြို့မှာတိုက်ခတ်ခဲ့တဲ့မကြုံစဖူးရေခဲမုန်တိုင်းကြောင့် တမြို့လုံးစွမ်းအင်တွေပြတ်တောက်ပြီး အေးခဲနေ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ရုရှနိုင်ငံ ဗလာဒီဗေါ့စတော့(ခ်) မြို့မှ ာတိုက်ခတ်ခဲ့တဲ့မကြုံစဖူးရေခဲမုန်တိုင်းကြောင့် တမြို့လုံးစွမ်းအင်တွေပြတ်တောက်ပြီး အေးခဲနေ”

November 26, 2020

နိုဝင်ဘာလ ၁၉ ရက်နေ့က ရုရှနိုင်ငံ
ဗလာဒီဗေါ့စတော့(ခ်)ဆိပ်ကမ်းမြို့မှာ ထူးခြားတဲ့ရေခဲမုန်တိုင်းတိုက်ခတ်ခဲ့တာကြောင့် ရေခဲနေတဲ့သစ်ပင်တွေ နဲ့ လျှပ်စစ်ဓာတ်အားလိုင်းတွေပြိုလဲသွားခဲ့ကြပြီး၊ အနည်းဆုံး လူပေါင်း၁၅၀၀၀၀ဟာ လျှပ်စစ်မီး နဲ့ ရေ ပြတ်လပ်သွားခဲ့ကြရပါတယ်။နေအိမ်အများအပြားဟာ နိုဝင်ဘာလ၂၅ရက်နေ့မှာ လျှပ်စစ်မီးများ ပြန်လည်ရရှိခဲ့ပေမယ့် မြို့တမြို့လုံးမှာ ရေခဲတွေ ဖုံးလွှမ်းနေဆဲမို့ နေထိုင်သူတွေအတွက်အန္တရယ်ရှိနေကြဆဲဖြစ်ပါတယ်။
လွန်ခဲ့တဲ့ကြာသပတေးနေ့ညက ရေခဲမိုး
တွေဟာ လူဦးရေ၆၀၀၀၀၀ဝန်းကျင်ရှိဗလာဒီဗေါ့စတော့(ခ်)မြို့ပေါ်ကို ရွာသွန်းရိုက်ခတ်ခဲ့ပြီး၊အဲ့ဒီလိုဖြစ်တာဟာ “လေပူတွေကိုသယ်ဆောင်ထားတဲ့ဆိုင်ကလုန်း
မုန်တိုင်း နဲ့ လေအေးတွေ သယ်ဆောင်ထားတဲ့
ဆန့်ကျင်ဆိုင်ကလုန်းမုန်တိုင်းတို့တွေ့ဆုံခဲ့တာ
ကြောင့်”လို့ ဒေသတွင်းမိုးလေဝသဌာနတွေက
ပြောဆိုကြပါတယ်။
“မနက်ခင်းရောက်တော့ ကျွန်တော့်ရဲ့အိမ်အဝင်ပေါက်အနားမှာ အပျက်အစီးတွေ နဲ့ ဖရိုဖရဲ ပရမ်းပတာဖြစ်နေတာတွေကိုတွေ့လိုက်ရတယ်။” လို့ ဗလာဒီဗေါ့စတော့(ခ်)မြို့မှာနေထိုင်တဲ့ တေးဂီတ အယ်ဒီတာ နဲ့ ကျောင်းသား တယောက်ဖြစ်တဲ့ နီကီတာ မီလ်ကင် ကပြောပါတယ်။
“နိုဝင်ဘာလ၁၉ရက်နေ့မှာ မိုးစရွာတော့
အစပိုင်းမှာသာမန်လိုပါပဲ။ဒါပေမယ့် အအေးဓာတ်(အယ်ဒီတာရဲ့မှတ်ချက်;-5°စင်တီဂရိတ်)ကြောင့် အရာရာတိုင်းဟာချက်ခြင်းပဲအေးခဲကုန်ကြတယ်။မနက်ခင်းရောက်တော့ကျွန်တော့်အိမ်အဝင်ပေါက်နားမှာအပျက်အစီးတွေ နဲ့ ပရမ်းပတာဖရိုဖရဲ ဖြစ်နေတာတွေတွေ့လိုက်ရတယ်။သစ်ပင်တွေအားလုံးဟာအက်ကွဲပြီးလမ်းပေါ်မှာ၊ကားတွေပေါ်မှာလဲကျနေကြတယ်။အဲ့ဒီညနေမှာ ကျွန်တော်တို့ဒေသက အင်တာနက်လိုင်းတွေ၊လျှပ်စစ်မီးတွေပြတ်တောက်သွားခဲ့ကြတယ်။နောက်တနေ့မှာ မီးပြန်လာပေမယ့် အင်တာနက်လိုင်းကတော့၆ရက်ကြာပြတ်တောက်နေခဲ့တယ်။ချာရ်ကင်
လိုအချို့ဒေသတွေမှာ လျှပ်စစ်မီး နဲ့ အပူဓာတ်မရှိပဲရက်ပေါင်းများစွာနေခဲ့ကြရတယ်။”
စွမ်းအင်မရှိပဲအေးခဲနေအခြေအနေတွေအကြားမှာ ပရီမော်စကီ ဒေသဟာ အရေးပေါ်အခြေအနေ ကြေညာခဲ့ရ ပါတယ်။
“ဒီနေ့အစောပိုင်းက သူကားပေါ်က နှင်းတွေကိုရှင်းနေတုန်း အသက်ဘေးကနေ လက်မတင်လေးလွတ်မြောက်ခဲ့ရတဲ့ ဒီလူကြီးမင်းလို ခင်ဗျားတို့ရဲ့မနက်ခင်းတွေဟာလည်း
ကံကောင်းပါစေ။”
ဘရိုင်ယန် မက်ဒေါ်နယ်က နိုဝင်ဘာလ၁၉ရက်နေ့က တွစ်တာပေါ်မှာရေးသားထားတာဖြစ်ပါတယ်။
နိုဝင်ဘာလ၁၉ရက်နေ့က ရုရှ ဆိုရှယ်မီဒီယာတွေမှာပြန့်နှံ့ခဲ့တဲ့ ဗီဒီယိုတခုမှာလူတယောက်ဟာ သူ့ရဲ့ကားပေါ်က နှင်းတွေကိုရှင်းလင်းဖယ်ရှားနေတုန်း အပေါ်က ပြုတ်ကျလာတဲ့ကွန်ကရစ်ပြားတခုဟာသူနဲ့သီသီလေးလွဲသွားပြီးသူ့ရဲ့ကားကိုထိမှန်သွားတာတွေ့မြင်ရပါတယ်။
ဗလာဒီဗေါ့စတော့(ခ်)မြို့က သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ရပ်တန့်သွား
ခဲ့ပြီး ရထားတွေ၊လေယာဉ်တွေ ခရီးစဉ်တွေနှောင့်နှေးသွားခဲ့ရပါတယ်။ဗလာဒီဗေါ့စတော့(စ်) နဲ့ မော်စကို ကိုဆက်သွယ်ထားတဲ့ ထရန်စ်-ဆိုက်ဘေးရီးယန်း ရထားလိုင်းလည်း ရပ်တန့်သွားခဲ့ပါတယ်။မြို့တော်က လျှပ်စစ်စွမ်းအင်ပြန်ရဖို့အလုပ်လုပ်နေစဉ်မှာ ဒေသခံ
နေထိုင်သူတွေ နဲ့ ဒေသခံအစိုးရတို့အတူ ပူးပေါင်းပြီး လမ်းတွေကို ရှင်းလင်းတာ၊လိုအပ်နေသူတွေအတွက် မရှိမဖြစ်ပစ္စည်းတွေထောက်ပံ့ပေးတာတွေလုပ်ခဲ့ကြပါတယ်။
ဒေသတွင်းနေထိုင်သူတွေဟာ အဓိကကျ တဲ့လိုအပ်ချက်တွေကိုစီမံခန့်ခွဲခဲ့ကြပါတယ်။
လမ်းတွေပေါ်ကနှင်းတွေနဲ့ရေခဲတွေကိုရှင်းဖို့ကျွန်တော်တို့လုပ်အားပေးတွေကိုရှာဖွေခဲ့ကြတယ်။ကွင်းပြင်စဖိုဆောင်တခုကျွန်တော်တို့
တည်ဆောက်ခဲ့ပြီး၊ ရေ၊ဓာတ်ငွေ့အိုးတွေ နဲ့ အုတ်ဂျုံယာဂု တွေအခမဲ့ပေးဝေပေးခဲ့ပါတယ်။
မြို့တော်ကလည်းအခြေအနေတွေ
တည်ငြိမ်သွားအောင်ကိုင်တွယ်ဆောင်ရွက်နေပါတယ်။နှင်းရှင်းယာဉ်တွေက လမ်းတွေကိုရှင်းလင်းနေပြီး မြို့တော် အိုးအိမ်ဌာန နဲ့ ဒေသအုပ်ချုပ်ရေးဌာနက ဝန်ထမ်းတွေဟာ ပြဿနာတွေကိုကူညီဖြေရှင်းပေးနေကြပါတယ်။

နောက်ထပ်မိုးထပ်ရွာတာမရှိတော့ပေမယ့် မုန်တိုင်းဟာ နှင်းအမြောက်အများကို သယ်ဆောင်လာခဲ့ပြီး လမ်းတွေကို အန္တရယ်
ဖြစ်စေခဲ့ပါတယ်။ခုအချိန်အထိ ကျွန်တော်တို့ရဲ့အိမ်ခေါင်ပေါ်ကို ရေခဲတွေကျနေတုန်းပါပဲ။ကျွန်တော်တို့တနေရာရာကိုသွားမယ်ဆိုရင်
အပေါ်ကိုမော့ကြည့်နေရပါတယ်။ပရီမော်စကီ
ခရိုင်း(န်)( အယ်ဒီတာရဲ့မှတ်ချက်; ဗလာဒီမေါ့စတော့(ခ်)မြို့တည်ရှိတဲ့ရုရှနိုင်ငံရဲ့ ဖက်ဒရယ်ပြည်နယ်တခု၊)မှာ သာမန်မဟုတ်တဲ့ပုံမှန်ထက်ပိုမိုထူးခြားတဲ့ဒီလို
ဖြစ်ရပ်မျိုးကို ကျွန်တော်တို့ပဌမဆုံးကြုံတွေ့ခဲ့ကြရတာဖြစ်ပါတယ်။
နိုဝင်ဘာလ၂၅ရက်နေ့ညနေခင်းမှာ
ချာရ်ကင်အပါအဝင် ဗလာဒီ ဗော့စတော့(ခ်)
ဒေသအားလုံးမှာလျှပ်စစ်မီးပြန်လည်ရရှိခဲ့ပြီး
လျှပ်စစ်မီး၊အပူပေးစံနစ် နဲ့ ရေ ၅ရက်တာပြတ်လပ်ခဲ့တဲ့ဒေသတွေမှာပြန်လည်အဆင်ပြေသွားခဲ့ပါတယ်။ဒါပေမယ့် လူပေါင်းထောင်ပေါင်းများစွဟာလျှပ်စစ်မီးမရရှိသေးပဲရှိနေပါသေးတယ်။ အထူးသဖြင့်ဗလာဒီဗေါ့စတော့(ခ်)က ရပ်စကီ တံတားရဲ့မျက်နှာချင်းဆိုင်မှာတည်ရှိတဲ့ရပ်စကီကျွန်းစုမှာလျှပ်စစ်မီးမရရှိသေးတာဖြစ်ပါတယ်။
ဗလာဒီဗေါ့စတော့(ခ်)မြို့က
ကူးသန်းရောင်းဝယ်ရေးကုမ္ပဏီတခုမှာအလုပ်လုပ်နေတဲ့ အလက်ဇန္ဒား မာဆန်နင်က “လွန်ခဲ့တဲ့ရက်အနည်းငယ်ဟာ မေ့ပျောက်လို့မရနိုင်စရာဖြစ်ခဲ့တယ်။”လို့ပြောဆိုခဲ့ပါတယ်။
“ဗလာဒီဗေါ့စတော့(ခ်)မြို့ဟာ ရုရှပြည်ရဲ့
တောင်ဘက်ပိုင်းအကျဆုံးမြို့တမြို့ဖြစ်ပြီး၊ဒီလိုရေခဲမုန်တိုင်းတွေကျရောက်တာမျိုးဟာအတော့်ကိုဖြစ်ခဲပါတယ်။သစ်ပင်အတော်များများ အကိုင်းအခက်တွေ
ကျိုးပြတ် လဲပြိုခဲ့တာစိတ်မကောင်းစရာပဲ။ရေခဲတွေကြောင့် ကျေးငှက်တွေ၊တိရာစ္ဆာန်တွေအတွက် အစားအသောက်တွေမရှိတော့ပါဘူး။တချို့ကို ကျွန်တော်တို့ကျွေးမွေးခဲ့
ပေမယ့် သိတ်များများစားစားတော့ အထောက်အကူ မပေးနိုင်ခဲ့ပါဘူး။”
“ရုရှ ခွဲခြမ်းစိတ်ဖြာသုံးသပ်သူတွေက ထူးခြား
တဲ့မိုးလေဝသအခြေအနေဟာ ရာသီဥတုပြောင်းလဲမှု နဲ့ဆက်နွယ်နေတယ်လို့သုံးသပ်ခဲ့”
ဒီနှစ် ဗလာဒီဗေါ့စတော့(ခ်)ကိုရိုက်ခဲ့တဲ့
သဘာဝဘေးဆိုးဟာ ဒီရေခဲမုန်တိုင်းတခု ထည်းမဟုတ်ခဲ့ပါဘူး။စက်တင်ဘာလအစောပိုင်းမှာ ဒီမြို့ကို တိုင်ဖွန်းမုန်တိုင်း မေဆက်(ခ်)တိုက်ခတ်ခဲ့သေး
ပြီး လူ၃ယောက်သေဆုံးကာ ပရီမော်ယီ ဒေသမှာနေထိုင်သူ၁၅၀၀၀၀ဟာ လျှပ်စစ်မီးပြတ်တောက်မှုတွေကြုံတွေ့ခဲ့ရပါတယ်။
အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့အွန်လိုင်းသတင်းစာတစောင်ဖြစ်တဲ့ မော်စကိုတိုင်းမ်(စ်)သတင်းစာရဲ့တွေ့ဆုံမေးမြန်းမှုတခုမှာGreen Patrol NGO ရဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအစဉ် ဒါရိုက်တာ
ရိုမန် ပူကာလော့(ဗ်)က “ပရီမော်ယီဒေသမှာ
အခုကျရောက် ခဲ့တဲ့ရေခဲမုန်တိုင်းဟာ ရာသီဥတု ပူနွေးလာမှုရဲ့ တိုက်ရိုက်အကျိုးသက်ရောက်မှုတခုအဖြစ်
ထူးကဲစွာဖြစ်ပေါ်လာခဲ့တာလို့ပြောခဲ့ပါတယ်။
အောက်တိုဘာအစောပိုင်းမှာအပူချိန်ဟာ0°C
ပုံမှန်ရှိလေ့ရှိပေမယ့် ဒီနှစ်မှာ 0ံCအောက်ကိုကျဆင်းလာခဲ့တာကြောင့်ရေခဲမိုးတွေဖြစ်ပေါ်လာခဲ့တယ်။”လို့ပြောဆိုပါတယ်။မနှစ်တုန်းက ဗလာဒီဗေါ့စတော့(ခ်)ဟာအားပျော့ပြီး နှင်းကင်းမဲ့တဲ့ဆောင်းကို ကြုံတွေ့ခဲ့ရပါသေးတယ်။ဒါပေမယ့် အခြားသောသိပ္ပံပညာရှင်တွေကတော့ မိုးလေဝသ အဖြစ်အပျက်တခုကို ထူးခြားတဲ့အကြောင်း အရာတခုအဖြစ်မှတ်ယူလို့မရနိုင်ဘူးလို့ပြောဆိုပြီးဝေဖန် ပြောဆိုဖို့တုန့်ဆိုင်းနေကြပါတယ်။

   ဝန်ကြီးချုပ် မီခေးလ် မီရှူစတင်ကရေခဲမုန်တိုင်းကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေကိုရင်ဆိုင်ကျော်လွှားဖို့လုပ်ငန်းဆောင်ရွက်တဲ့အုပ်စုတခု ဖန်တီးဖွဲ့စည်းဖို့ အမိန့်ထုတ်ခဲ့ပါတယ်။အဲ့ဒီအဖွဲ့ကို အရှေ့ဖျား နဲ့ အာတိတ်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး အလက်ဇီ ချီကွန်ကော့(ဗ်)က ဦးဆောင်ပြီး ဖွဲ့စည်းခဲ့ပါတယ်။

Ref:France-24(The Observers)


Spread the love
  •  
  •  
  •  
  •  
  •  
  •