“ရုရှမှာ စိတ်ကျရောဂါပျောက်ဆေးများ အလွန်အကျွံသောက်ထားတဲ့မိခင်က ၃နှစ်အရွယ် သမီးငယ်ကို တူနဲ့ထုသတ်”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“အသက်၃၅နှစ်အရွယ်မိခင်က စိတ်ကျရောဂါ
သက်သာပျောက်ကင်းစေတဲ့ဆေးဝါးများ
အလွန်အကျွံသောက်ပြီးနောက်၃နှစ်အရွယ်
သမီးငယ်ကို တူနဲ့ထုသတ်”

October 20, 2020

နာတာလီယာ ပက်ကျူနီနာဟာ ကလေး
ငယ်လီဆာကို တိုက်ခိုက်မှုနဲ့စွတ်စွဲခံထားရပြီး၊
မိခင် နဲ့ သမီးဟာ သောကြာနေ့က အိမ်မှာ
နှစ်ယောက်ထည်း အတူရှိနေစဉ် ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ကလေးငယ်ကိုဖခင်ဖြစ်သူက နေ့လယ်စာ စားဖို့ အိမ်ပြန်လာချိန်မှာတွေ့ရှိခဲ့တာဖြစ်ပါတယ်။

သူမရဲ့၃နှစ်အရွယ်သမီးအရင်းကို တူတလက်နဲ့တိုက်ခိုက်ခဲ့တာလို့စွတ်စွဲခံထားရတဲ့မိခင်ဖြစ်သူကိုလည်း၊သူမရဲ့အသက်ကို ကြိုးစားကယ်တင်ခဲ့ရပြီးနောက် ဆေးရုံပေါ်စိုးရိမ်ရတဲ့ အရေးပေါ်အခြေအနေနဲ့တင်ထားရပါတယ်။
သောကြာနေ့က ရုရှပြည် ကီရော့ဗ်ဂရက်ဒ်
မြို့ကသူတို့ရဲ့တိုက်ခန်းမှာ သားအမိနှစ်ယောက်အတူရှိနေတုန်း မိခင်ဖြစ်သူနာတာလီယာ ပက်ကျူနီနာဟာ
စိတ်ကျရောဂါသက်သာဆေးတွေ အလွန်အကျွံသောက်ပြီးတဲ့နောက် ကလေးငယ်လေး လီဆာကို တိုက်ခိုက်ခဲ့တာလို့ပြောပါတယ်။

ကလေးဟာသွေးအိုင်ထဲမှာလဲလျောင်း
နေတာကို သူမ ကြောက်မက်ဖွယ်ရာ သေဆုံးခဲ့ပြီးနောက်မိနစ်အနည်းငယ်အကြာမှာသူရဲ့ဖခင်ဖြစ်သူ ဗလာဒီမာကတွေ့ခဲ့ပါတယ်လို့ အစိုးရရှေ့နေချုပ်ရုံးကပြောပါတယ်။
အလုပ်ကနေ နေ့လယ်စာစားဖို့ပြန်လာခဲ့တဲ့
ဖခင်ဖြစ်သူဟာထိတ်လန့်တုန်လှုပ်ပြီးလူနာတင်ကားကို အမြန်ခေါ်ခဲ့ပါတယ်။
ဆေးဘက်ဆိုင်ရာအကူအဖွဲ့ရောက်ရှိလာပြီး
ရဲကိုသေဆုံးမှုသတင်းတိုင်ချက်မဖွင့်ရသေးခင်မှာ ကလေးကသေဆုံးနေနှင့်ခဲ့ပြီလို့ပြောခဲ့ပါတယ်။
မှုခင်းဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေ
က ကလေးဟာဦးခေါင်းကို တူနဲ့အချက်ပေါင်းများစွာ ရိုက်နှက်ခံရပြီးသေဆုံးသွားခဲ့ရတာလို့ပြောပါတယ်။

Ref: Breaking News(Mirror)


Spread the love
  •  
  •  
  •  
  •  
  •  
  •