ရုရှားကအောင်မြင်ပြီပြောတဲ့ COVID-19 ကာကွယ်ဆေ
🇷🇺 #ရုရှားကကာကွယ်ဆေးကလူမှာစမ်းလို့ပြီးပြီလို့ပြောတယ်။
လွန်ခဲ့တဲ့ နှစ်လလောက်က Covid ကာကွယ်ဆေးအကြောင်းရေးစဉ်မှာ ရုရှားက ကာကွယ်ဆေးနှစ်မျိုးစမ်းထားတဲ့အကြောင်းထည့်ရေးဖူးတယ်။
အသေးစိတ်ကိုသေချာမသိရလို့ ပြန်မရေးပေးနိုင်ခဲ့ဘူး။
အခုထိသိရသမျှက…
▪️ရုရှားရဲ့ Sechenov University က လုပ်တဲ့ ကာကွယ်ဆေးစမ်းသပ်မှုဖြစ်တယ်။
▪️ပထမအဆင့်စမ်းတာ လူ 18 ယောက်နဲ့ ဇွန်လ 18 ရက်နေ့မှာစမ်းတယ်။
▪️ဒုတိယအဆင့်ကို လူအယောက် 20 နဲ့ ဇွန်လ 23 ရက်နေ့မှာစမ်းတယ်။
▪️အခုလူမှာစမ်းသပ်တဲ့ #ကာကွယ်ဆေးသုသေသနနောက်ဆုံးအဆင်ဲ့ပြီးဆုံးပြီလို့ကြေညာတယ်။
#ဆေးနာမည်ဘာလဲ၊ #ဘယ်လိုဆေးအမျိုးအစားလဲ⁉️ #သေချာမသိရဘူး။
▪️စမ်းသပ်မှုအဆင့်တွေကလည်း #လူနည်းနည်းနဲ့ရက်တိုတိုအတွင်းမှာစမ်းသွားတာ။
အဲ့လိုစမ်းလို့ရလား⁉️
Forbes မှာရေးထားတာတော့ ရုရှားမှာစမ်းသပ်တာ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်မှုပေးပါတယ်သာပြောတာ #ဘာဆေးမှန်းမပြောထားဘူးတဲ့။
လူအယောက် 20 လောက်ကို ကာကွယ်ဆေးထိုးပေးပြီး ဆေးရုံမှာ 28 ရက် quarantine ဝင်ခိုင်းလိုက်တယ်လို့ Forbes မှာရေးထားတာတွေ့တယ်။ ဒုတိယအဆင့် အယောက် 20 ကို ဆိုလိုပုံရတယ်။
ကာကွယ်ဆေးလည်းထိုးပြီး quarantine လည်းဝင်တယ်ဆိုတော့ အခြားသတင်းတွေမှာ အစလိုက်ကောက်ရတယ်။
အခြားရောဂါဝင်မှာစိုးလို့ ကာကွယ်ဆေးထိုးထားသူတွေကို quarantine ဝင်ခိုင်းတာတဲ့။ 😳
ဇွန်လိုင်လဆန်းတုန်းက စမ်းထားတဲ့လူတွေထဲက အချို့က ခေါင်းကိုက်တာ၊ ကိုယ်အပူချိန်တက်တာတွေခံစားခဲ့ရပြီး 24 နာရီအတွင်း ပြဿနာအဆင်ပြေသွားတယ်လို့ဆိုတယ်။
အသက် 18 နှစ်နဲ့ 65 နှစ်ကြား လူ 28 ယောက်မှာစမ်းထားပြီး ဇွန်လိုင် 15 နဲ့ 20 မှာ ဆေးရုံကဆင်းခိုင်းမယ်တဲ့။
ပြီးရင် 6 လထပ်စောင့်ကြည့်အုန်းမယ်တဲ့။
The Moscow Times ရဲ့အပြောအရ ဩဂတ်စ်လအလယ်မှာ ကမ္ဘာ့ပထမဆုံး ကာကွယ်ဆေးကို စတင်ဖြန့်ဖြူးဖို့ ကြံစည်နေတယ်တဲ့။
ဘုရား ဘုရား 😳
ရုရှားစစ်တပ်က အဲ့ဒီကာကွယ်ဆေးကို နှစ်လကြာစမ်းသပ်နေတယ်လို့လည်း ဆိုတယ်။
The IndianExpress ကတော့ ရုရှားကာကွယ်ဆေးဟာ Phase III ပါလားမပါလားလည်းမရှင်းဘူး။
စစမ်းသပ်တာကနေ လူကလည်းနည်း၊အချိန်ကလည်းတိုနဲ့ #တကယ်အဆင်သင့်ဖြစ်ဖို့အဝေးကြီးလိုသေးတယ်လို့ရေးပါတယ်။
💉 အဲ့ဒီဘာမှန်းမသိတဲ့ဆေးကို ကျနော့်ကို လာပေးထိုးရင် #အထိုးမခံနိုင်သေးဘူး။ #သေသေချာချာဂဃဏနမသိရတဲ့ဆေးဖြစ်နေတယ်။
သတင်းအပြည့်အစုံမရလို့ ရေးရတာခက်နေတာဖြစ်ပါကြောင်း။
https://www.facebook.com/Richard-Myo-Thant-109119807474881/
https://www.facebook.com/richard.myothant
Richard Myo Thant
13-July-2020