ရုရှားကိုဗစ်ကာကွယ်ဆေး (Gam-COVID-Vac)အကြောင်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

🇷🇺 #ရုရှားကိုဗစ်ကာကွယ်ဆေး (Gam-COVID-Vac)

▪️ရုရှားဂြိုလ်တု Sputnik V ရဲ့အမည်ကို romanized လုပ်ပြီးပေးထားတဲ့ ဆေးနာမည်ဖြစ်တယ်။

▪️ဩဂတ်စ်လ ၁၁ ရက်နေ့မှာ ကမ္ဘာ့ပထမဆုံး Covid ကာကွယ်ဆေးအနေနဲ့ ရုရှားမှာ သူ့ဘာသာသူ လက်ဦးမှုယူပြီးအတင်းမှတ်ပုံတင်ချလိုက်တယ်။

ပြဿနာက Covid-19 ကို #တကယ်စိတ်ချရလောက်အောင်ကာကွယ်ပေးမယ့်ဆေးဟုတ်သလား ဆိုတာပါပဲ။⁉️

▪️ဩဂတ်စ်လ ၈ ရက်နေ့အထိ လောက်လောက်လားလား သိပ္ပံနည်းကျသုသေသနပြုထားတဲ့ report ထွက်လာမှုမရှိသေးတာပဲ။

👉 ပထမရတယ်ကြေညာပြီးတော့ ရီပို့ကဒ်တောင်းကြည့်တော့ မပြနိုင်ဘူးဖြစ်နေတယ်။

ကမ္ဘာ့သိပ္ပံပညာရှင်တွေက ဒီရုရှားကာကွယ်ဆေးနဲ့ပတ်သက်ပြီး ယုံကြည်ဖို့ခက်ခဲကြောင်း ပြောကြတော့…

ရုရှားကျန်းမာရေးဝန်ကြီးက ဒီနေ့ပဲ အဲ့လိုပြောတာတွေက အခြေအမြစ်မရှိပါဘူးတဲ့။

ရုရှားသမ္မတ ပူတင်က ဒီကာကွယ်ဆေးက လိုအပ်တာတွေပြည်စုံပါတယ်တဲ့။ သူ့သမီးတောင် အဲ့ဆေးထိုးထားပြီးပြီတဲ့။

အဲ့ဒီဆေးကို လိုချင်လို့ကမ်းလှမ်းနေတဲ့ နိုင်ငံတွေရှိနေပါတယ်တဲ့။

WHO ကတော့ ရုရှားတာဝန်ရှိသူတွေနဲ့ ဒီဆေးကို လေ့လာကြည့်ဖို့ ပြောဆိုနေပါတယ်တဲ့။

#ပညာရှင်တွေကဘာလို့အယုံအကြည်မရှိတာလဲ⁉️

အခုထိ နောက်ဆုံး phase 3 ကို #လူများများနဲ့စမ်းသပ်နေတဲ့ ကာကွယ်ဆေး ၆ မျိုးမှာမပါဝင်ခဲ့ဘူး။

🇩🇪 ဂျာမန်ကျန်းမာရေးဝန်ကြီးက အပြတ်ပြောလိုက်တယ်။ အဲ့ဒီ ရုရှားကာကွယ်ဆေးက သေသေချာချာစမ်းသပ်မှုကို မလုပ်ရသေးဘူးတဲ့။

 

👉 သေသေချာချာမစမ်းသပ်ရသေးတဲ့ကာကွယ်ဆေးကို လူသန်းနဲ့ချီထိုးပေးမှာ #အလွန်အန္တရာယ်များပါသတဲ့။

👉 ဆေးက ပြဿနာရှိရင်လည်း လူတွေဒုက္ခရောက်သွားနိုင်သလို၊

👉 လုံးဝမစွမ်းတဲ့ မိုးရေသာသာဆေးကို ယုံကြည်စိတ်ချစွာထိုးထားပြီး Covid လူနာတွေနဲ့ စိတ်ချစွာထိတွေ့ဆက်ဆံမိခဲ့ရင်လည်း အလွန်အန္တရာယ်ကြီးနိုင်ပါတယ်။

🇩🇪 ဂျာမန်ကျန်းမာရေးဝန်ကြီးပြောတာ ရှင်းပါတယ်။

ပထမဆုံးဆိုတာတွေက အဓိကမဟုတ်ပါဘူး တကယ်အန္တရာယ်ကင်းမကင်းကသာ အဓိကဖြစ်ပါတယ်တဲ့။

“It is not about being first somehow… it is about having a safe vaccine.” တဲ့။

ထို့အတူပဲ အထင်ကရပုဂ္ဂိုလ်အတော်များများက ယုံကြည်ရခက်ကြောင်းထုတ်ပြောလာကြတယ်။

ဖိလစ်ပိုင်က ဒူတာတေးလိုလူမျိုးကတော့ သူကိုယ်တိုင်စမ်းကြည့်ချင်ပါတယ်တဲ့။

 

MOSCOW, RUSSIA – AUGUST 12, 2020: Ampoules with a COVID-19 vaccine developed by the Gamalei Scientific Research Institute of Epidemiology and Microbiology of the Russian Healthcare Ministry. Gam-COVID-Vac is a vector two-component adenovirus based vaccine. The vaccine will be available to general public on January 1, 2021. Mikhail Japaridze/TASS (Photo by Mikhail JaparidzeTASS via Getty Images)

#ရုရှားကာကွယ်ဆေးကဘာနဲ့လုပ်ထားသလဲ⁉️

ရိုးရိုးတုပ်ကွေးဗိုင်းရပ်စ်ကို Covid ဗိုင်းရပ်စ်ရဲ့ Spike ပရိုတိန်းတွေထည့်ပေးထားပြီး လူရဲ့ ကိုယ်ခံအားကိုနှိုးဆွယူတာဖြစ်ပါတယ်။

နိုင်ငံတကာဆေးကုမ္ပဏီကြီးတွေက ရုရှားအစိုးရကို မှတ်ပုံတင်မှုမပြုခင်မှာ #အောင်မြင်တဲ့ phase 3 စမ်းသပ်မှုပြုလုပ်ဖို့ တိုက်တွန်းခဲ့ကြပါတယ်။

#ဘာဖြစ်လို့လဲ⁉️

ဘယ်လောက်ပဲအစပိုင်းစမ်းသပ်မှုမှာအခြေအနေကောင်းနေတဲ့ဆေးဖြစ်ဖြစ် phase 3 ကိုအောင်မြင်ဖို့ အခွင့်အရေး ၄၀ ရာနှုန်းပဲရှိလို့ ဖြစ်ပါတယ်။

#တကယ်စိတ်ချရတဲ့ Covid ကာကွယ်ဆေးတစ်မျိုးမျိုး ထွက်ပေါ်ပါ့မလားဆိုတာ အားလုံးကစိုးရိမ်နေဆဲဖြစ်ပါတယ်။

Phase 3 ကို ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်ခံရဲမှသာလျှင် တကယ်စိတ်ချရပြီး အန္တရာယ်ကင်းတဲ့ ကာကွယ်ဆေးထွက်ပေါ်လာမှာ ဖြစ်ပါတယ်။

တကယ်စွမ်းမစွမ်း စောင့်ကြည့်ကြဖို့လိုပါကြောင်း။

https://www.facebook.com/Richard-Myo-Thant-109119807474881/

https://www.facebook.com/richard.myothant

Richard Myo Thant
12-Aug-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •