ရုရှားနိုင်ငံကပြုလုပ်တဲ့ Victory Day of Great Patriotic War (၇၅) နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို တက်ရောက်ခဲ့တဲ့ ဆားဘီးယားကာကွယ်ရေးဝန်ကြီးတွင်ကိုရိုနာဗိုင်းရပ်စ် စစ်ဆေး တွေ့ရှိ
ဘဲဂရိတ်၊ ဇွန် ၂၈
ဆားဗီးယား ကာကွယ်ရေးဝန်ကြီး အလက်ဇန်းဒါး ဗူလင် တွင် ကိုရိုနာဗိုင်းရပ် စစ်ဆေး တွေ့ရှိရကြောင်း စနေနေ့က ပြုလုပ်ခဲ့သည့် ကာကွယ်ရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲတွင် အတည်ပြု ပြောကြားခဲ့သည်။
ဗူလင်သည် ရုရှနိုင်ငံ မော်စကိုမြို့တွင် ပြီးခဲ့သည့် အပတ်က ကျင်းပခဲ့သော ဟစ်တလာနှင့် နာဇီတို့ကို အောင်ပွဲ ခံခဲ့သည့် (၇၅) နှစ်မြောက် စစ်ရေးပြ အခမ်းအနားကို တက်ရောက်ခဲ့ပြီး ရုရှသမ္မတ ပူတင် အပါအဝင် အခြား ရုရှ ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဥရောပသမဂ္ဂ ခေါင်းဆောင် များနှင့်လည်း ဘရပ်ဆဲလ် မြို့တွင် တွေ့ဆုံခဲ့ကြောင်း ဥရောပ သတင်းဌာနများက ရေးသား ဖေါ်ပြထားသည်။
ဓာတ်ခွဲ စစ်ဆေးရာတွင် ကူးစက်ခံရကြောင်း သိရှိခဲ့ပြီး ကျန်းမာရေး အခြေအနေ ကောင်းမွန်ကြောင်း ဆားဗီးယား အာဏာပိုင်များက ပြောဆိုထားသည်။
ဝန်ကြီး၏ ကျန်းမာရေး အခြေအနေ ကောင်းမွန်ပြီး၊ COVID-19 ရောဂါ လက္ခဏာ ပြသခြင်း မရှိဘဲ ၄င်းသည် သီးခြားခွဲ၍ နေထိုင်လျက် ရှိကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေညာချက်တွင် ပါရှိသည်။
ဆားဗီးယားနိုင်ငံတွင် COVID-19 အတည်ပြု လူနာပေါင်း ၁၃၀၀၀ ကျော် ရှိနေပြီး သေဆုံးသူ ၂၆၇ ဦး ရှိပြီ ဖြစ်သည်။
Photo : AP
#Peacock