ရုရှားနိုင်ငံတွင်ပြုလုပ်သော KAVKAZ-2020(Caucasus-2020)စစ်ရေးလေ့ကျင့်မှုမှာ မြန်မာပါဝင်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင်ကျင်းပပြုလုပ်သော မဟာဗျူဟာမြောက်စစ်ဦးစီးလေ့ကျင့်ခန်း KAVKAZ-2020(Caucasus-2020) သို့ တက်ရောက်
================
နေပြည်တော်၊ စက်တင်ဘာ – ၂၅

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင်ကျင်းပပြုလုပ်သော မဟာဗျူဟာမြောက်စစ်ဦးစီး လေ့ကျင့်ခန်း KAVKAZ-2020(Caucasus-2020) သို့တက်ရောက်ရန်အတွက် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦး ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၂၃ ရက်နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ပြီး ဒေသစံတော်ချိန် ညနေ ၆ နာရီခွဲတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ Sheremetyevo အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြသည်။

 

ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Astrakhan ဒေသ Kapustin Yar လေ့ကျင့်ရေးကွင်း၌ ကျင်းပပြုလုပ်သော မဟာဗျူဟာမြောက်စစ်ဦးစီးလေ့ကျင့်ခန်း KAVKAZ-2020 (Caucasus-2020)သို့ တက်ရောက်ကြသည်။

http://dsinfo.org/node/452


Spread the love
  •  
  •  
  •  
  •  
  •  
  •