ရေကျော်စီးတီးမတ်တွင်ဖြစ်ပွားသည့် နာကျင်စေမှုမှ တရားခံကို ဒုတိယအကြိမ်ရုံးထုတ်၊အာမခံလျှောက်ထားမှု ပလပ်ခံရ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရေကျော်စီးတီးမတ်တွင်ဖြစ်ပွားသည့် နာကျင်စေမှုမှ တရားခံကို ဒုတိယအကြိမ်ရုံးထုတ်တွင် အာမခံလျှောက်ထားမှု ပလပ်ခံရ

ရန်ကုန် ၊ စက်တင်ဘာ ၂၅

ရေကျော်စီးတီးမတ် သန့်စင်ခန်းတွင် အသက်(၆၀)နှစ်အရွယ်အမျိုးသမီးကြီးကို မျက်မှန်ကိုင်းကျိုး၊ခဲတံချွန်ဒါးတို့ဖြင့် နာကျင်စေရန်ပြုလုပ်ခဲ့သူ တရားခံ မနှင်းဝတ်ရည်အေးကို ဒုတိယအကြိမ်မြောက်ရုံးထုတ်၍တရားစွဲဆိုသည့်အမှုကို ပုဇွန်တောင်တရားရုံးက ရာကြီးမှုအမှတ်- ၃၂၄/ ၂၀၂၀ ဖြင့် လက်ခံခဲ့ပြီး ၊ တရားခံ၏ အချုပ်လွတ်ထုချေခွင့်အာမခံ၏ လျှောက်ထားမှုက်ို ပလပ် လိုက်ကြောင်း ပုဇွန်တောင်မြို့နယ်တရားရုံးမှသိရသည် ။

”  ဒီနေ့က တရားလိုဖက်က ချုပ်ရီမန်ပြည့်သွားပြီဖြစ်တဲ့အတွက် ဒီနေ့ရုံးထုတ်မှာ တရားစွဲတင်တယ်၊ ရာကြီးနံပတ်ထွက်တယ်၊ တရား

စွဲတင်အခါမှာ တရားခံအတွက်အာမခံလျှောက်တယ်၊ ဟိုဘက်က သက်သေခံပစ္စည်းထုတ်တယ်၊ stay at home ကာလ ပြီးသွားလို့ ကိုဗစ်ရောဂါကူးစက်မှုငြိမ်သွားမယ်ဆိုရင်တော့ ရှေ့လ ဒုတိယပတ်မှာ ရုံးပြန်ထုတ်မယ်၊ မှုခင်းစီမံချက် မလုပ်ရသေးဘူး ” ဟု တရားခံ အကျိုးဆောင်ရှေ့နေ ဦးသိန်းဇော်က ပြောသည်။

အမှုမှာ သြဂုတ်လ၂၈ရက်နေ့ညနေ ၃ နာရီအချိန်ခန့် ကပုဇွန်တောင်မြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ရေကျော်လမ်းမရှိCITY MARTဆိုင် ပထမထပ်၊ အမျိုးသမီးသန့်စင်ခန်းအတွင်း၌ ဒေါ်မူမူဝင်း(၆၀)နှစ်၊အမှတ်(၅၃၅)၊အောက်ပုဇွန်တောင်လမ်း၊(၅)ရပ်ကွက်၊ပုဇွန်တောင်မြို့နယ်နေသူ နှင့်မနှင်းဝတ်ရည်အေး၂၀နှစ်၊သင်္ဘောသီးထောင်းရောင်း (ROYAL FOOD) ကုမ္ပဏီ၊ မင်္ဂလာဒုံမြို့နယ်နေသူ)တို့သည် သန့်စင်ခန်းဘေစင်၌တင်ထားသည့် နှင်းဝတ်ရည်အေး၏လက်ကိုင်ဖုန်းအား ဒေါ်မူမူဝင်းမှ “ မည်သူ့ဖုန်းလဲ စည်းကမ်းမရှိဘူး ” ဟု ပြောဆိုသည်ကိုစကားများပြီး ရန်ဖြစ်သတ်ပုတ်ရာမှ ဒေါ်မူမူဝင်းပြုတ်ကျသွားသည့် မျက်မှန် ကိုင်းကျိုးနှင့်မနှင်းဝတ်ရည်အေးမှ ထိုးကာ ခဲတံချွန်ဒါးဖြင့်လှီးလိုက်သဖြင့် ဒေါ်မူမူအေး၏ ယာညှပ်ရိုးအပေါ်ပြတ်ရှ၊ ဝဲလည်ပင်းဘေး ပြတ်ရှ၊ယာလည်ပင်းဘေးပြတ်ရှ (မစိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့သောကြောင့် ဒေါ်မူမူဝင်းအား ဒဏ်ရာရရှိအောင်ပြုလုပ်သူ မနှင်းဝတ်ရည်အေးအပေါ် အရေးယူပေးရန် တိုင်ကြားချက်အရ ပုဇွန်တောင်မြို့မရဲစခန်းမှ   (ပ) ၁၈၂/၂၀၂၀ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၆ဖြင့်အမှုဖွင့်၍ ဒေါ်မူမူဝင်း(၆၀)နှစ်ကို နာကျင်​ေအာ​င်ပြုလုပ်ခဲ့သူမနှင်းဝတ်ရည်အေးကိုဖမ်းဆီးကာ အမှုစစ်ဒုရဲအုပ်နိုင်ထူးက တရာလိုပြုလုပ်၍ တရားစွဲဆိုခြင်းဖြစ်သည်။

အမှုကို လာမည့် အောက်တိုဘာလ(၉)ရက်နေ့သို့ ပြန်လည်ချိန်းဆိုထားပြီး လိုပြသက်သေ(၁၇) ဦး တင်ထားကြောင်းသိရသည်။

မင်းထွဏ်း


Spread the love
  •  
  •  
  •  
  •  
  •  
  •