ရေငင်ရာမှ ခြေချော်၍ ရေတွင်းထဲသို့ ပြုတ်ကျတဲ့ အဖွားအိုကို အသက်ရှင်လျက်ကယ်ဆယ်နိုင်
၇.၉.၂၀၂၀ ရက်နေ့၊ ၀၄ ၁၀ အချိန်ခန့်၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အမှတ်(၅) ရပ်ကွက်၊ ရွာဘိုးရပ်အတွင်း အဘွားအိုတစ်ဦး ရေငင်ရာမှ ခြေချော်၍ ရေတွင်းထဲသို့ ပြုတ်ကျခဲ့တာပါ။
ရေစကြိုမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကယ်ဆယ်ခဲ့ပြီး ၀၄ ၂၅ အချိန်တွင် အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပါတယ်။
Source – MFSD