ရေနံချောင်းမြို့၌ မိုးရွာသွန်းမှုမရှိဘဲ ချောင်းတိမ်ချောင်းရေကျပြီး လမ်းမများရေမြုတ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရေနံချောင်းမြို့၌ မိုးရွာသွန်းမှုမရှိဘဲ ချောင်းတိမ်ချောင်းရေကျပြီး
လမ်းမများရေမြုတ်

ရေနံချောင်း စက်တင်ဘာ ၂

ရေနံချောင်းမြို့၌ မိုးရွာသွန်းမှုမရှိဘဲ မြို့၏အထက်ဘက်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲခန့်က မြို့အလယ် လမ်းမတော်လမ်းမကြီးပေါ် ရေကျော်မှုဖြစ်ပွားပြီး လမ်းဖြတ်သန်းမှု ယာယီပြတ်တောက်မှု ဖြစ်ပွားခဲ့သည်။

 

ရေနံချောင်းမြို့ ချောင်းတိမ်ချောင်းရေကျနေသည့်အတွက် ခရီးသွားလာသည့် မော်တော်ယာဉ်၊ သုံးဘီးဆိုင်ကယ်နှင့် မော်တော် ဆိုင်ကယ်များ အန္တရာယ်ကင်းရှင်းစေရန် တစ်နာရီခန့်စောင့်ဆိုင်းခဲ့ရသည်။ ထို့အပြင် ချောင်းရေလျှံမှုကြောင့် ဖြတ်သန်းသွား လာသူများ အန္တရာယ်မဖြစ်စေရန် မြို့အလယ်လမ်းမတော်လမ်းမကြီးကို ယမန်နေ့ ညနေကယာယီပိတ်ထားခဲ့ခြင်းဖြစ်ပြီး ယနေ့ နံနက်ပိုင်းတွင် ပုံမှန်အတိုင်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

 

ကိုစိုးကြီး(ပြန်/ဆက်)


Spread the love
  •  
  •  
  •  
  •  
  •  
  •