ရောဂါစစ်ဆေးရေးစက် တပ်ဆင်ထားသော မော်တော်ယာဉ်ဖြင့် အင်းစိန်မြို့နယ်အတွင်းကျန်းမာရေးလှည့်လည်စစ်ပေး။

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ရန်ကုန် တိုင်းဒေသကြီး ၊အင်းစိန်မြို့နယ်၊ ကြို့ကုန်း(အရှေ့) ရပ်ကွက်တွင် အင်းစိန်မြို့နယ် အထွေထွေရောဂါကုဆေးရုံကြီးမှ သမားတော်ကြီးများ ဦးဆောင်သော Covid – 19 ရောဂါ ကာကွယ်၊ ကုသရေးအတွက် ရောဂါစစ်ဆေးရေးစက် တပ်ဆင်ထားသော မော်တော်ယာဉ်ဖြင့် ပြည်သူများအား ကျန်းမာရေးစစ်ဆေးပေးနေပါတယ်။

 

အင်းစိန်မြို.နယ်ထဲက ပိုးတွေ့လူနာများတဲ့ ရပ်ကွက်တွေကို တအိမ်တက်ဆင်း Fever Servillence အနေနဲ. ချောင်းဆိုးနေသူ၊ အဖျားရှိသူ ရှိ/မရှိလိုက်လံစစ်ဆေးမှာဖြစ်တယ်လို.လည်းသိရပါတယ်။

အဲဒီ ပြည်သူများအား ကျန်းမာရေးစစ်ဆေးပေးနေရာသို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။

 


Spread the love
  •  
  •  
  •  
  •  
  •  
  •