ရောဂါပိုးရှိမရှိ စစ်ဆေးပေးသွားမည့် Tests & Care ဧရာဝတီစင်တာကို ဖွင့်လှစ်ထားပြီ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော ဆရာဝန်၊ သူနာပြုများနှင့် စေတနာ့ဝန်ထမ်းများကို Tests & Care ဧရာဝတီစင်တာတွင် ဦးစားပေး စစ်ဆေးပေးမည်

Covid-19 ကပ်ရောဂါကာလတွင် အများပြည်သူအတွက် ရှေ့တန်းမှ အနစ်နာခံကာ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသော ဆရာဝန်၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီများ၊ စေတနာ့ဝန်ထမ်းများကို ဦးစားပေး၍ ရောဂါပိုးရှိမရှိ စစ်ဆေးပေးသွားမည့် Tests & Care ဧရာဝတီစင်တာကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဦးဆောင်မှုနှင့်အတူ အောက်တိုဘာလ(၁၂)ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

ထို့အတူ (၁၅)ရက်နေ့မှစတင်၍ Tests & Care ဧရာဝတီစင်တာကို နေ့စဉ် နံနက် (၈)နာရီမှ ညနေ (၆)နာရီအထိဖွင့်လှစ်ကာ စင်တာအနီးအနားရှိ မြို့နယ်များဖြစ်သည့် သင်္ဃန်းကျွန်းမြို့နယ်၊ တာမွေမြို့နယ်နှင့် တောင်ဥက္ကလာမြို့နယ်ရှိ Covid-19 ရောဂါလက္ခဏာများကို ခံစားနေရသည့် အများပြည်သူများကို စစ်ဆေးပေးနိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

Tests & Care ဧရာဝတီစင်တာတွင် စစ်ဆေးမှုခံယူနိုင်ရန်အတွက် အောက်ဖော်ပြပါ Website URL မှတစ်ဆင့် အချက်အလက်ပြည့်စုံစွာဖြည့်သွင်း၍ ကြိုတင်လျှောက်ထားရမည်ဖြစ်သည်။ စစ်ဆေးမှုခံယူရမည့် သူများထံသို့ QR Code၊ Patient ID နှင့် လာရောက်စစ်ဆေးရမည့် နေ့ရက်၊ အချိန်တို့ကို ကာယကံရှင်၏ ဖုန်းနံပါတ်သို့ အချိန်နှင့်တပြေးညီ SMS ပေးပို့သွားမည်ဖြစ်ပါသည်။

စစ်ဆေးမှုခံယူမည့်သူသည် သတ်မှတ်ပေးထားသော နေ့ရက်၊ အချိန်အတိအကျအတိုင်း သင်္ဃန်းကျွန်းမြို့နယ်၊ ဝေဇယန္တာလမ်းမပေါ်ရှိ Tests & Care ဧရာဝတီစင်တာသို့ ဝန်ထမ်းကတ် (သို့) မှတ်ပုံတင်နှင့်အတူ လာရောက် စစ်ဆေးမှုခံယူရမည်ဖြစ်ပါသည်။

မှတ်ချက် – Covid-19 နှင့်ပတ်သက်၍ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ထပ်မံပြန့်ပွားမှုမရှိစေရန် ရည်ရွယ်၍ QR Code၊ Patient ID မရှိသူများကို စင်တာတွင် လုံးဝ ဝန်ဆောင်မှုပေးသွားမည်မဟုတ်ပါ။

စာရင်းပေးသွင်းရမည့် ဝက်ဘ်ဆိုက်
https://bit.ly/36UvIss
𝗛𝗼𝘁𝗹𝗶𝗻𝗲𝘀: 𝟬𝟭𝟰𝟳𝟬𝟱𝟱𝟱𝟱
Email: [email protected]


Spread the love
  •  
  •  
  •  
  •  
  •  
  •