“ရဲတပ်ဖွဲ့က လူမည်းတက်ကြွလှုပ်ရှားသူတွေကို အကြမ်းဖက်အုပ်စုလို့ခေါ်ဆိုခြင်းဟာအမုန်းတရားတွေပိုဖြစ်လာနိုင်”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ရဲတပ်ဖွဲ့က လူမည်းတက်ကြွလှုပ်ရှားသူတွေကို အကြမ်းဖက်အုပ်စုလို့ခေါ်ဆိုခြင်းဟာအမုန်းတရားတွေပိုဖြစ်လာနိုင်”

December 3, 2020

ဒေသတွင်းရဲတပ်ဖွဲ့တွေက  ‘လူမည်းတွေရဲ့အသက်လဲအရေးပါတယ်’လှုပ်ရှားမှုကိုဆောင်ရွက်နေတဲ့ တက်ကြွလှုပ်ရှားသူ
တွေကို အကြမ်းဖက်တော်လှန်ရေးတခု ပေါ်ပေါက်လာအောင်အကွက်ချဆောင်ရွက်နေသူတွေအဖြစ် ဆက်ဆံစေရန် မုသားတွေ၊
လျှို့ဝှက်ကြံစည်မှုတွေ နဲ့ပွထနေတဲ့ ရှည်လျှားတဲ့ သုတေသနမှတ်တမ်းတခု ကို   လူသိများထင်ရှားတဲ့ ဥပဒေထိန်းသိမ်းမှုလေ့ကျင့်ရေးအုပ်စုတစုကဖန်တီးလုပ်ဆောင်နေပါတယ်။
” နိုင်ငံတကာ ဥပဒေထိန်းသိမ်းလိုက်နာရေးပညာပေးသူများ နဲ့လေ့ကျင့်ပေးသူများ အစည်းအရုံး”ကဖြန့်ချီ
တဲ့မှတ်တမ်းမှာ မှားယွင်းတဲ့သတင်းအချက်အလက်တွေ
အာပေါင်အာရင်းသန်သန်လှုံ့ဆွနှိုးဆော်ပေးထားတာတွေပါဝင်နေပြီး၊အဲ့ဒီလိုလုပ်တာဟာ
ရဲတပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေ နဲ့ အသားအရောင်ရှိသူတွေကိုဆန့်ကျင်မုန်းတီး
လာအောင်လှုံ့ဆော်နှိုးဆွပေးနေတာဖြစ်တယ်လို့ ဖေန်ရေးသမားတွေကပြောလိုက်ပါတယ်။
ဒီမှတ်တမ်းမှာ ‘လူမည်းတွေရဲ့အသက်လဲ အရေးပါတယ်’ လှုပ်ရှားမှု နဲ့ လက်ဝဲစွန်းစစ်သွေးကြွတွေရဲ့
ဖက်ဆစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို သူတို့ဟာအမေရိကန်အစိုးရကျရှုံးအောင်ရည်ရွယ်ဆောင်ရွက်နေတဲ့ တော်လှန်ရေးလှုပ်ရှားမှု
တွေအဖြစ်စွတ်စွဲပြောဆိုထားပြီး၊သူတို့ဟာ
အစွန်းရောက်အကြမ်းဖက်မှုတွေကိုစီစဉ်
ဆောင်ရွက်နေတယ်လို့ အခိုင်အမာပြောဆိုထားပါတယ်။လူမျိုးရေးဆိုင်ရာဘက်လိုက်ခွဲခြားမှုတွေကို
ထိန်းသိမ်း ကြပ်မတ်ရာမှာကျွမ်းကျင်သူတဦး ဖြစ်တဲ့ ဖိလစ် အက်တီဘာ ဂေါ့(ဖ်)က ဒီမှတ်တမ်းဟာ အန္တရယ်များတယ်လို့ပြောဆို
လိုက်ပြီး ဒီအစည်းအရုံးဟာ နိုင်ငံတဝှမ်းက
အရွယ်အစားသေးငယ်တဲ့ဌာနတွေ နဲ့ အလယ်အလတ် ရှိတဲ့ဌာနတွေကို လေ့ကျင့်
ပေးနေတဲ့အချက်အလက်တွေထောက်ပံ့ပေး
နေတဲ့ရင်းမြစ်တခုဖြစ်တာကိုသတိပြုမိတယ်လို့ ပြောဆိုပါတယ်။
“ဒါဟာ အသက်ရှူမှားလောက်စရာ ကောင်းတယ်။အစစအရာရာ စိတ်ပျက်စရာကောင်းတယ်။အခြေအနေအစစ်အမှန် နဲ့ ကင်းဝေးနေတယ်။”လို့  သာတူညီမျှမှု ထိန်းသိမ်းကြပ်မတ်ရေးစင်တာရဲ့ အမှုဆောင်
အရာရှိချုပ်ဖြစ်သူ ဂေါ့(ဖ်)ကပြောပါတယ်။
“ဒီမှတ်တမ်းကြောင့် လူတွေ မလိုလားအပ်ပဲ
သေဆုံးရတာတွေဖြစ်လာမှာကိုစိုးရိမ်မိတယ်။”
လို့သူကပြောဆိုပါတယ်။   ဒီအစည်းအရုံးဟာ အောက်တိုဘာလက သူရဲ့ထောင်ပေါင်းများစွာသောအဖွဲ့ဝင်တယောက်ချင်းဆီကို  နောက်ဆုံးရအီးမေးလ်သတင်းပေးပို့ရာမှာစာမျက်နှာ ၁၇၆မျက်နှာရှိတဲ့ “ဖက်ဆစ်ဆန့်ကျင်ရေးလှုပ်ရှားမှုနဲ့ ဆင်ခြေဖုံး
ပျောက်ကြားတိုက်ပွဲများကိုနားလည်
သဘောပေါက်ခြင်း”ဆိုတဲ့စာတမ်းတစောင်ပါ
ဝင်ပါတယ်။ဒီမှတ်တမ်းမှာ “ဥပဒေထိန်းသိမ်းကြပ်မတ်ရေးအဖွဲ့အတွက်သာလျှင်သီးသန့်ကန့်သတ်ထားသည်။”လို့ ရည်ညွှန်းချက်ပေးထားပါတယ်။အများပြည်သူဖတ်ရှုခွင့်မရနိုင်တဲ့မှတ်တမ်း
တခုဖြစ်ပြီး ၊APသတင်းဌာနဟာ ဥပဒေထိန်းသိမ်းကြပ်မတ်ရေးအစည်းအရုံးရဲ့အဖွဲ့ဝင်တဦးဆီကနေ ဒီမှတ်တမ်းကို လေ့လာဖတ်ရှုနိုင်ခဲ့ပါတယ်။
ဒီအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဟာဗေး
ဟက်ဒင် က ဒီမှတ်တမ်းနဲ့ပတ်သက်ပြီး ဝေဖန်ဆန်းစစ်ဖို့ နဲ့အပြန်အလှန်ဆွေးနွေး ပြောဆိုကြဖို့ရာအတွက် အဖွဲ့ဝင်တဦးရဲ့ထင်မြင်ယူဆချက်ကို ဖွင့်ဟဖော်ထုတ်ပြထားတာလို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။သူက ဒီအစည်းအရုံးဟာ ရာဇဝတ်မှုခင်းဆိုင်ရာတရားစီရင်ရေး
လေ့ကျင့်မှုတိုးတက်လာစေရန် စိတ်ကူးစိတ်သန်းတွေ၊မဟာဗျူဟာတွေကိုတယောက်နဲ့တယောက်အပြန်အလှန်ပေးပို့ထောက်ပံ့ပေးနေတာဖြစ်ပေမဲ့ ဒီလိုချဥ်းကပ်ဆောင်ရွက်ရမယ်လို့တိတိကျကျ
အတည်ပြုချက်ပေးတာမဟုတ်ဘူးလို့ပြောဆိုပါတယ်။ဟက်ဒင်က ဒီစာတမ်းကို အများပြည်သူ ဖတ်ရှုမရအောင် ကန့်သတ်ထားတယ်ဆိုတဲ့အချက်ကို
ငြင်းဆိုလိုက်ပြီး  အခြား လေ့ကျင့်ပေးသူတွေ အချင်းချင်း ဝေဖန်သုံးသပ်ချက်တွေ လုပ်နိုင်အောင်အတွက်ဒီစာတမ်းကိုဖြန့်ဝေတာလို့ပြောဆိုခဲ့ပါတယ်။
“လေ့ကျင့်ရေးနဲ့ပတ်သက်တဲ့ထုတ်ပြန်ချက်တွေမှာ အမြဲတန်းပဲ ကွဲပြားခြားနားမှုတွေရှိနေ
မှာပါ။ဒါပေမဲ့ သဘောမတူညီမှုတွေဟာ ပညာ
ရှင်ပီသပြီး ကိုယ်ရေးကိုယ်တာမဆန်သမျှ
ကျွန်တော်တို့ ဒီစိတ်ကူးစိတ်သန်းတွေကို တည်းဖြတ်ပိတ်ပင် ဆင်ဆာဖြတ်တာမျိုးမလုပ်
ပါဘူး။”လို့သူကပြောပါတယ်။
“လေ့ကျင့်ပေးသူတယောက်ဟာ သတင်းအချက်အလက်ကိုသူကိုယ်တိုင်တန်ဖိုးဖြတ်တတ်စေဖို့ပဲ ကျွန်တော့်မှာဆန္ဒရှိနေပါတယ်။”လို့သူကပြောပါတယ်။
“ဥပဒေထိန်းသိမ်းကြပ်မတ်ရေး အဖွဲ့လိုပဲ
ဒီဝေဖန်ချက်တွေဟာ “လူမည်းတွေအသက်လဲ
အရေးပါတယ်”လှုပ်ရှားမှုကိုဆောင်ရွက်နေတဲ့
သူတွေအတွက်လဲ အကျိုးရှိနိုင်လိမ့်မယ်။”လို့သူကထပ်ပြော
ပါတယ်။
ဒီ”လူမည်းတွေရဲ့အသက်လဲ အရေးပါတယ်”ဆိုတဲ့လှုပ်ရှားမှုဟာ ဖလော်ရီဒါ
သါးတယောက်က အသက်၁၇နှစ်အရွယ်
ထရေဗွန်မာတင်ကိုသေနတ်နဲ့သေအောင်ပစ်ခဲ့ပြီး အပြစ်ပေးမမခံရပဲ လွတ်မြောက်သွားတဲ့အချိန်မှာပိုမိုကြီးမားကျယ်ပြန့်လာပြီး၊ဒီနှစ်အစောပိုင်းမှာ မန်နီပိုလစ်ရဲတပ်ဖွဲ့ရဲ့ချုပ်နှောင်မှုကြောင့်
လူမည်းဂျော့ဖလွိုဒ်သေဆုံးသွားမှုအပေါ်မှာ
သြဇာသက်ရောက်ခဲ့ပါတယ်။နိုင်ငံတဝှမ်းဖြစ်ပွါးခဲ့တဲ့ဆန္ဒပြပွဲတွေဟာ အများအားဖြင့်ငြိမ်းချမ်းစွာလုပ်ဆောင်ကြပေမဲ့ ရံဖန်ရံခါမှာရဲတပ်ဖွဲ့ဝင်တွေ နဲ့ ရန်ပြုတိုက်ခိုက်မှုတွေ ၊ပစ္စည်းဥစ္စာတွေကို
ဖျက်ဆီးမှုတွေဖြစ်ပျက်ခဲ့ပါတယ်။အဲ့ဒီနေါက်ပိုင်းမှာတက်ကြွလှုပ်ရှားသူတွေဟာဒေသဆိုင်ရာရဲတပ်ဖွဲ့ရဲ့အခွင့်အလမ်းတွေ၊ ကုန်ကျစားရိတ်တွေကို လျှော့ချပေးဖို့
၊ရဲတပ်ဖွဲ့ဝင်တွေကိုအသစ်ပြန်လည် လေ့ကျင့်မွန်းမံပေးဖို့ တောင်းဆိုဆောင်ရွက်
လာကြပါတယ်။
ILEETAလို့ခေါ်တဲ့ ဥပဒေထိန်းသိမ်းကြပ်မတ်ရေးအစည်းအရုံးရဲ့အဖွဲ့အစည်းမူဝါဒကြေညာချက်တခုမှာ ဥပဒေထိန်းသိမ်းကြပ်မတ်ရေးမှာကြုံတွေ့ရမဲ့
ဘေးအန္တရယ်ကို လျှော့ချဖို့ နဲ့ လူတွေရဲ့အသက်အန္တရယ်ကိုကာကွယ်ဖို့ရာ
အဆင့်မြင့်လေ့ကျင့်မှုတွေလုပ်ဆောင်ပေးနေတာလို့ပြောထားပါတယ်။ဒီအစည်းအရုံးဟာ
ဒီလာမဲ့မတ်လမှာ ကမ္ဘာပေါ်ကတရားဥပဒေ
ထိန်းသိမ်းကြပ်မတ်ရေးလေ့ကျင့်ပေးသူများ
အကြီးကျယ်ဆုံးစုစည်းတွေ့ဆုံမှုအဖြစ်
စိန့်လူးဝစ္စ မှာကျင်းပဖို့ သတ်မှတ်ထားပါတယ်။ဒီအစည်းအရုံးက ပညာပေးရေး နဲ့ လေ့ကျင့်ပေးရေး အချက်အလက်တွေပါဝင်တဲ့အချက်အလက်တွေထောက်ပံ့ပေးတဲ့ သုတေသနဂျာနယ် တစောင်ကို ထုတ်ဝေဖြန့်ချီခဲ့ပါတယ်။

အဖွဲ့ဝင်များအတွက်အင်တာနက်ပေါ်မှာ ဖေ့စ်ဘွတ်ခ်ပေ့ခ်ျ တခုတည်ထောင်ပြီးထင်မြင်ယူဆချက်တွေကိုဖြန့်ဝေခဲ့ပါတယ်။

“လူမျိုးနွယ်စု နဲ့ လူမျိုးနွယ်စုဇာတိတွေရဲ့ ဓလေ့ထုံးစံ”

နိုင်ငံအနှံ့ လူမျိုးရေးတရားမျှတမှုအဖွဲ့အစည်းတခု ရဲ့ အသားအရောင်ကွဲပြားမှုနဲပတ်သက်တဲ့ တရားဝင်အရာရှိ တယောက်ကရဲဌာနတွေ အနေနဲ့ ဒီအစည်းအရုံးကပေးနေတဲ့လေ့ကျင့်ရေးနဲ့ပတ်သက်တဲ့အထောက်အပံ့တွေကိုဖြတ်တောက်ပစ်ဖို့ ဗုဒ္ဓဟူးနေ့ကတောင်းဆိုခဲ့ပါတယ်။ဒီအထောက်အပံ့တွေဟာ လူ့အဖွဲ့အစည်းတွေကြားမှာ ပဋိပက္ခတွေပိုမိုဖြစ်ပေါ်စေတဲ့ စစ်သူရဲဟန်ပန်စိတ်နေသဘောထားတွေပေါ်ပေါက်လာအောင် အားပေးအားမြှောက်လုပ်ပေးနေတယ် လို့ ပြောဆိုခဲ့ပါတယ်။

“ဒီဟာကိုဖတ်ရတာအတော်စိတ်အနှောက်
အယှက်ဖြစ်စရာကောင်းပေမဲ့ ကျွန်တော်မအံ့သြပါဘူး။ဒါဟာရဲတပ်ဖွဲ့ယဥ်ကျေးမှုစရိုက်လက္ခဏါမှာ
အတော်လေးစိတ်မကောင်းစရာကျော်ကြားနေ
တဲ့ စဥ်းစားတွေးခေါ်မှုပုံစံပါပဲ။”လို့ ရာဇဝတ်
မှုခင်းဆိုင်ရာတရားမျှတမှုရရှိရေးလှုပ်ရှားမှုရဲ့ ဝါရင့်ဒါရိုက်တာ စကော့တ် ရောဘတ်(စ်)က
ပြောပါတယ်။ဂေါ့(ဖ်)က ဒီအပတ်မှာ မှတ်တမ်းနဲ့ပတ်သက်ပြီးသူနဲ့အတူဆွေးနွေခဲ့တဲ့ရဲတပ်ဖွဲ့အမှုဆောင်အရာရှိတွေကို ဒီမှတ်တမ်းကြောင့်စိတ်အနှောက်အယှက်ဖြစ်ရတယ်လို့ပြောခဲ့ပါတယ်။သူနဲ့အခြားသူတွေက
ဒီစာတမ်းကိုအကောင်အထည်ဖော်တဲ့ အဖွဲ့
ဟာတာဝန်မဲ့လွန်းတယ်လို့ပြောဆိုခဲ့ပါတယ်။
ဒီမှတ်တမ်းဟာ တရားမျှတမှု လုံးဝမရှိပါဘူး။ဘာလို့လဲဆိုတော့မမှန်ကန်တဲ့သတင်းအချက်အလက်တွေ၊ပူးပေါင်းလျှို့ဝှက်ကြံစည်ထားတဲ့အလိမ်
အညာသီအိုရီတွေ၊အကြမ်းဖက်မှုတွေ ပိုများလာစေမဲ့လှုံ့ဆော်မှုတွေ၊လူတွေအပေါ်စာနာထောက်ထားမှု မရှိ တာကို မှန်ကန်တယ်လို့ဆုံးဖြတ်စေမဲ့ အကြောင်းပြချက်တွေပါဝင်နေလို့ပါပဲ။”လို့တောင်ပိုင်းတက္ကသိုလ် နဲ့ A&M ကောလိပ်ကလူမည်းနိုင်ငံရေးလှုပ်ရှားမှုတွေကိုလေ့လာ
နေတဲ့ လက်ထောက်ပါမောက္ခ ရှားရိုက်စ်နယ်လ်ဆင်က ပြောပါတယ်။

သူမက ဒီစာတမ်းဟာ “လူမည်းတွေရဲ့အသက်လဲအရေးပါတယ်”လှုပ်ရှားမှုနဲ့ပတ်သက်ပြီး သွေးရူးသွေးတမ်း ကို့ရို့ကားယားတွေကိုထပ်တလဲလဲရေးသားထားပြီး၊ဒီလှုပ်ရှားမှုကို ဖက်ဆစ်ဆန့်ကျင်ရေး
လှုပ်ရှားမှု နဲ့ မှားယွင်းစွာပေါင်းစည်းဖော်ပြ ထားလို့ ယဥ်ကျေးမှုဆိုင်ရာစရိုက်လက္ခဏါကို
လစ်လျှူ ရှုထားတယ်။”လို့ပြောဆိုပါတယ်။
ဒါ့အပြင် လှုပ်ရှားမှုနှစ်ခုလုံးကို ရဲတပ်သားတွေကို သတ်ဖြတ်ဖို့လျှို့ဝှက် ကြံစည်နေတဲ့အကြမ်းဖက်သမားတွေအဖြစ်ပုံဖော်ထားတာကြောင့် ထိပ်တန်းရဲအရာရှိတွေကို အင်အားအသုံးပြုအောင်အားပေးတိုက်တွန်းနေတယ်လို့ပြောပါတယ်။အထောက်အကူမပြုနိုင်တဲ့ ဖော်ပြချက်တွေထဲမှာရေးသားထားတာတွေက ဒီလှုပ်ရှားမှုနှစ်ခုလုံးထဲမှာ အချို့မြို့ကြီးတွေမှာ ရုရှ နဲ့ တရုတ်ပြည်က
လေ့ကျင့်ပေးထားပြီး မြှုတ်နှံထားတဲ့လက်ဖြောင့်သေနတ်သမားတွေပါဝင်နေတယ် ဆိုတဲ့အချက်တွေ နဲ့ သမ္မတရွေးကောက်ပွဲမတိုင်ခင် နဲ့ ရွေးကောက်ပွဲအပြီးမှာတိုက်ခိုက်မှုတွေလုပ်ဖို့ကြိုတင်စီစဉ်ထားကြတယ်ဆိုတာတွေပါဝင်ပါတယ်။ဒီစာတမ်းထဲမှာ ဒီနှစ်အစောပိုင်းက
ပို့တ်လန်း(ဒ်) မြို့ နဲ့ ဆီယက်တယ် မြို့မှာပါဝင်ဆန္ဒပြကြသူတွေဟာ နောက်ကလိုက်လာမဲ့ အမာခံကျောရိုးတွေ နဲ့
အကြမ်းဖက်သမားတွေကို အကာအကွယ်ပေးဖို့ အသုံးချထားတဲ့ လူနုံလူအတွေအဖြစ် ဖော်ပြထားပါတယ်။
“အစွန်းရောက်အကြမ်းဖက်မှုတွေကိုမျှော်လင့်
ထားပြီးသတိထားဆောင်ရွက်ကြဖို့ လိုအပ်တယ် ။”လို့ ဒီမှတ်တမ်းက သတိပေးထားပါတယ်။

ဒီစာတမ်းမှာ အီရတ် နဲ့ အာဖဂန်နစ္စတန်
မှာတာဝန်ထမ်းဆောင်ခဲ့တဲ့စစ်ဖက်ဆိုင်ရာ
အရာရှိတွေက ဒီလှုပ်ရှားမှုတွေ နဲ့ပတ်သက်ပြီး
သူတို့စိုးရိမ်တယ်။ဘာဖြစ်လို့လဲဆိုတော့
အကြမ်းဖက်သမားအုပ်စုတွေကိုဒီပုံစံမျိုးတွေနဲ့
စုစည်းပြီး သောင်းကျန်းမှုတွေဖန်တီး လုပ်ဆောင်ရင်းနဲ့ ကြောက်စရာကောင်းတဲ့အကျိုးဆက်တွေပေါ်ပေါက်လာတတ်တာကိုသူတို့မျက်မြင်ကိုယ်တွေ့ကြုံဖူးတယ်လို့ဖော်ပြထားပါတယ်။သူတို့ရဲ့ခြိမ်းခြောက်မှုသဘော
သဘာဝတွေကို FBIက နလပိန်းတုံးဖြစ်နေပြီး၊
သတင်းဌာနတွေကလဲ လူဖြူလူမျိုးကြီးဝါဒီတွေလုပ်ဆောင်နေတဲ့ဖိနှိပ်အကြမ်းဖက်မှုအဖြစ်လွဲမှားစွာအာရုံစိုက်နေတယ်ဆိုပြီး ငြင်းချက်ထုတ်ပြောဆိုထားပါတယ်။ဂေါ့(ဖ်) ဟာ သူရဲ့အုပ်စုနဲ့အတူ လူမျိုးရေးဝါဒီတွေနဲ့မုန်းတီးမှုတွေလျော့နည်းစေရေးအတွက် ကြပ်မတ်ဆောင်ရွက်နေတဲ့ဌာနတွေနဲ့အလုပ်လုပ်နေပြီး၊ ဂေါ့(ဖ်)က
အပြောင်းအလဲတွေကြိုပမ်းဆောင်ရွက်နိုင်ဖို့
ဝေဖန်ဆန်းစစ်သူတွေဟာ တရားဥပဒေ ထိန်းသိမ်းကြပ်မတ်ရေးအဖွဲ့ နဲ့ တိုက်ရိုက်စေ့စပ်ညှိနှိုင်းဆောင်ရွက်ဖို့ ဘာ့ကြောင့်အရေးကြီးနေသလဲဆိုတာကို
ဒီမှတ်တမ်းက ဖော်ပြနေတယ်လို့ပြောပါတယ်။
တနည်းပြောရရင် “ဒီကြေညာပြောဆိုချက်တွေဟာ ဒီတိုင်းပြည်ရဲ့အဆိုးဝါးဆုံးသွေးထိုးလှုံဆော်မှု
တွေဖြစ်လို့ ခင်ဗျားတို့ စွန့်ပယ်ဖယ်ရှားထားကြရမယ်။”လို့ သူကပြောပါတယ်။

Ref:(AP)


Spread the love
  •  
  •  
  •  
  •  
  •  
  •