ရွေးကောက်ပွဲကျင်းပရန် နေ့ရက် နောက်ဆုတ်ရပါက နိုင်ငံတော်၏ အာဏာ သုံးရပ် ဘာဖြစ်မလဲ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဖွဲ့စည်းပုံအခြေခံဥပဒေပါ စကားရပ်များ –

ယနေ့အခါကာလတွင် သတ်မှတ်ရက် ကာလ၌ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ခြင်း
မလုပ်နိုင်ပါက ဟိုဟာဖြစ်မည်၊
ဒီဟာဖြစ်မည် စသည်ဖြင့် စာရေးသူများ၏ တွေးဆ မူ၊ယူဆချက်အမျိုးမျိုးကို ဖတ်နေရပါတယ်၊
တခါ တလေ စာဖတ်သည့် ပြည်သူများမှ မသေချာသော ထင်ယောင် ထင်မှားဖြင့်
အမှတ်မှားတတ်ပါတယ်၊
သို့ကြောင့် ဆောင်းပါးရေးသူများမှလည်း
နိုင်ငံရေးဆောင်းပါး များရေးသည့်အခါမှာလည်း ဥပဒေပါ နိုင်ငံရေးစကားရပ်များအား တတ်နိုင်သမျှ ရှင်းလင်းစေရန် ရေးကြရမှာဖြစ်ပါတယ်။

နိုင်ငံရေးပါတီတစ်ရပ်ဆိုသည်မှာ အဖွဲ့အစည်း၏ ဆုံးဖြတ်ပိုင်ခွင့် ရရှိထားသူများသည် အထူးပင်အရေးပါလှပါတယ်၊
လူထုထောက်ခံမူကြီးရင် ကြီးသည့်အလျောက် တာဝန်ယူမူက ကြီးမားပါတယ်၊

ရှေ့တွင် အရည်အချင်း၊လေ့လာမူ ဆင်ခြင်တုံတရားများနှင့်ရပ်နေတာ ပိတ်နေတာ မဟုတ်ပါဘဲ၊
အခွင့်အရေးတစ်ခုဖြင့် နေရာယူပြီး ပိတ်ထားတာတွေ များလာပြီဆိုရင်၊ ၎င်းနိုင်ငံရေးပါတီအတွက် အန္တရာယ်က အလွန်ကြီးမားလာနိုင်ပါတယ်၊
ပြည်သူ လူထု၏ ထောက်ခံမူ များတဲ့ပါတီဆိုပါက တိုင်းပြည်နှင့် တိုင်းသူပြည်သားများ၊
သက်ဆိုင်ရာ အသီးသီးသော ဒေသများ ဖွံ့ဖြိုး တိုးတက်ရေး၊လူမူစီးပွား၊ပညာ၊ကျန်းမာ၊နိုင်ငံရေးအပြင် တရားဥပဒေစိုးမိုးရေးကိုပါ
အနှောင့်အယှက်ပေး နှောင့်နှေး စေပါတယ်။
အဖွဲ့အစည်း၏ အဓိက အဆုံးအဖြတ်ပေးနိုင်ခွင့်ရှိမူသည် အဖွဲ့အစည်းမှာ တာဝန်အဆင့်ဆင့်ရှိနေကြသော အမှူဆောင်များဖြစ်ပြီး၊

ထိပ်ဆုံးခေါင်းဆောင်ကလည်း –
၎င်းတို့၏ စကားနှင့် လုပ်ဆောင် ဆုံးဖြတ်မူတွေကိုမှ မယုံကြည်ဘူးဆိုလျှင် ဘာကိုယုံကြည် ရမှာလဲ ဆိုတဲ့ အနေအထားမျိုးက အဖွဲ့အစည်းတိုင်းမှာ ရှိနေပါတယ်၊
ဒါကြောင့် ခေါင်းဆောင်ဆီကို
နားပေါက်နိူင်ပြီး၊ ပေါက်ရောက်ခွင့်ရှိသူများ ကလည်း​ေဖြာင့်မတ်တည်ကြည် ပြီး နည်းလမ်းမှန်ကန်ပြီး ဆင်ခြင်တုံ တရားများရှိစေရပါမယ်။
တိုင်းပြည်နဲ့ဒေသ အကျိုးကို ကြည့်ရပါမယ်၊
တိုင်းပြည်နဲ့ သက်ဆိုင်ရာဒေသများ၏ အကျိုးကောင်းများရရှိလာလျှင် အဖွဲ့အစည်း၏ အကျိုးကောင်းများကို ကျွဲကူး ရေပါ လို တစ်ခါတည်းရရှိမှာဖြစ်ပါတယ်။

မိမိကိုယ်ကို မိမိယုံကြည်မူရှိခြင်းနဲ့ မိမိကိုယ်ကို မိမိ အထင်ကြီးတာနဲ့ အမျိုးအစားကမတူပါဘူး၊
ဤသည်ကို နိုင်ငံရေးရာထူး ရနေကြသူတွေ သိကြဖို့လိုပါတယ်။
ငါသည် ဒေါက်တာဘွဲ့တစ်ခုရှိတာနဲ့ နိုင်ငံရေးမှာ အထက်စီးက နေလို့ရပြီ ဆိုတဲ့ ယူဆမူများကိုလည်း မိမိတို့နိုင်ငံမှာ ခတ်စိပ်စိပ် တွေ့လာရပါတယ်၊
ဗိုလ်ချုပ်အောင်ဆန်းက ဆရာဝန်မဟုတ်သလို သခင်ကိုယ်တော်မှိုင်းကလည်း ဆရာဝန်မဟုတ်ပါ၊
တိုင်းပြည်တစ်ခု ကို အပြောင်းအလဲများဖြင့် ထူထောင် တည်ဆောက် ကြတဲ့အခါမှာ သူ့နေရာ ကိုယ့်နေရာ ကိုတန်ဘိုးထားတတ်ဘို့လိုအပ်ပါတယ်၊

စည်းလုံးမူ အားနည်းလာကာ နိမ့်ပါးနေတဲ့
တိုင်းပြည်ကို အဆင်ပြေ ကောင်းမွန်မူများနဲ့အတူ ပြောင်းလဲ တိုးတက်လာစေရန်မှာ
နိုင်ငံရေးအပြောင်းအလဲ ကအခရာ ကျပါတယ်။
ရှေ့မှာ သကာရေအိုးချထားပြီး စစ်ငွေ့ စစ်ရောင်လိုမျိုးကို မည်သူကမျှ ပြောလို့မရပါ။

နိုင်ငံတစ်ခုမှာ အုပ်ချုပ်ရေးစနစ်တွေက တဖက်သတ်ဆန်လာပြီ၊ ဗိုလ်ကျစိုးမိုးသလို အာဏာရှင်စနစ်ဖြစ်လာပြီ၊ ယို့ယွင်းလာပြီဆိုလျှင် အဲဒီနိုင်ငံကို အသွင်ပြောင်း နိုင်ငံရေးစနစ်ဖြစ်လာစေရမှာက ဓမ္မတာပဲဖြစ်ပါတယ်၊

ဒါကလည်း “ရော့” “အင့်” ဆိုပြီး လွယ်လင့်တကူ ရလာခဲ့ ကြတာမဟုတ်ပါဘူး၊
ပြည်သူလူထု၏ လူပ်ရှား တက်ကြွမူ၊ အုံကြွမူ အရေးတော်ပုံကြီးမှ လူထုရဲ့ အသက်သွေးများ၊ဘဝများ ကိုစတေးခံပြီး ရရှိလာခဲ့ကြရတာဖြစ်ပါတယ်၊
လက်ရှိ ဖွံ့ဖြိုး တိုးတက် နေတဲ့နိုင်ငံတိုင်းက ထိုအရာများကို ဖြတ်သန်းလာခဲ့ရတာချည့်ပါဘဲ၊

မိမိတို့နိုင်ငံသည်လည်း ထိုနည်း၎င်းပါဘဲ။
နိုင်ငံ၏ အသွင် အပြင်ပြောင်းမူနဲ့ ပြန်လည် ထူထောင် တည်ဆောက်မူကိုမအောင်မြင်စေသော၊
အဓိက အကြောင်းအချက်များက တစ်ခုမကရှိပါတယ်၊
ထိုအချက်များထဲမှ တစ်ခုကဘာလဲဆိုလျှင်
နိုင်ငံရေး အချောင်နိူက်သမားများကအုံနဲ့ ကျင်းနဲ့ ရှိလာမူတွေဘဲဖြစ်ပါတယ်။
နိုင်ငံရေးအချောင်နိူက်သမားဆိုတာ ကိုယ့်ကိုကိုယ် တိုင်းပြည်ကိုချစ်တဲ့ နိုင်ငံရေးသမားစစ်စစ် ဖြစ်အောင်မကြိုးစားပါဘဲ
နိုင်ငံရေးသမားယောင်ဆောင်ပြီး နိုင်ငံတော်အာဏာနဲ့ နီးစပ်သော လူပုဂ္ဂိုလ်၊အဖွဲ့အစည်းတွေမှာ နိုင်ငံရေး အယောင်ဆောင်၊လိမ်လည်ပြီး

နိုင်ငံရေးရာထူးများကိုရအောင်လို့ အမျိုးအစား စုံလင်စွာနဲ့ နေရာဝင်ယူကြတဲ့ လူပုဂ္ဂိုလ် ၊ အစုအဖွဲ့လိုက် ရှိနေကြတာကိုတွေ့နေရပါတယ်၊

အဲဒီလိုယောင်နန တစ်ကိုယ်ကောင်းနိုင်ငံရေးနဲ့ မိမိကိုယ်ကျိုးအတွက် နေရာဝင်ယူနေကြသူများကို –
နိုင်ငံရေးအချောင်နိူက်သမားများလို့ ခေါ်ဆို ကြရမှာ မဟုတ်ပါလား၊
အချောင်နိူက်နိုင်ငံရေးသမားလို့သုံးခြင်းမဟုတ်ပါ၊
နိုင်ငံရေးအချောင်နိူက်သူများဟူ၍ သုံးစွဲလိုခြင်းပါ။
နိုင်ငံရေးအချောင်နိူက်သမားများလေလေ၊
တိုင်းပြည်၏ လိုအပ်ပါသော စနစ်ပြောင်းနိုင်ငံရေး လုပ်ငန်းစဉ်များက ရှေ့ကိုမရောက်လေလေပါဘဲ၊
သို့ပေမယ်လို့ ထို နိုင်ငံရေးအချောင်နိူက်သမားများအတွက် တစ်ဦးချင်းအစဉ်ပြေလာလေလေပါဘဲ။
အများသူငါ ရှေ့ရောက်လျှင်ဖြင့် ၎င်းနိုင်ငံရေးအချောင်နိူက်သမားများက –
တိုင်းပြည်နှင့် ပြည်သူများကို ကယ်တင်နေသယောင် လက်သီး လက်မောင်းတန်း ပြတော့တာပါဘဲ၊
မိမိတို့ ပြည်သူများနဲ့အတူ ပြည်သူအများစု၏ အားပေးထောက်ခံမူများအား ရရှိထားသော
နိုင်ငံရေးပါတီမှ အထူးပင်သတိထား ဆင်ခြင်သုံးသပ်ရမှာ ဖြစ်ပါတယ်။

ဆောင်းပါးအစမှာ ရေးသားခဲ့သော ဆိုလိုရင်းကို ရေးသားတင်ပြပါမယ်၊
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မပါအုပ်ချုပ်မူ
ဖွင့်ဆိုပြဌာန်းထားသည့် စကားရပ်များကိုရေးသားအသိပေးပါရစေ။

ရွေးကောက်ပွဲနှင့်ပတ်သက်သည့်
ရက်လရွေ့ဆိုင်းကျင်းပမူနှင့်သက်ဆိုင်သော လုပ်ပိုင်ခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏တာဝန်များ –
ပုဒ်မ(၃၉၉)တွင် ပုဒ်မခွဲငယ်(က)မှ(ဇ) အထိ(၈) ခုဖြင့်ပြဌာန်းထားပြီးဖြစ်သလို –

ရွေးကောက်ပွဲဥပဒေ၌လည်း၊
အခန်း(၁၁)၊ကော်မရှင်၏လုပ်ပိုင်ခွင့်များမှာလည်း၊
ပုဒ္မ(၅၀)(က/ခ/ဂ)၊ ပုဒ်မ
ပုဒ်မ(၅၁) ရွေးကောက်ပွဲများရွှေ့ဆိုင်းခြင်း၊
ပုဒ်မ(၅၂/၅၃/၅၄) များဖြင့် ပြဌာန်းထားပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ –
ပုဒ်မ(၇၈) ပြည်ထောင်စုလွှတ်တော်၏ ပထမအကြိမ်ပုံမှန်အစည်းအဝေးကို ပြည်သူ့လွတ်တော်၏ ပထမအစည်းအဝေးစတင်သည်ံနေ့မှ(၁၅) ရက်အတွင်းကျင်းပရမည်၊
ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို ပြည်ထောင်စုလွတ်တော်နာယကကခေါ်ယူကျင်းပရမည်။
ပုဒ်မ(၇၆)(က) ၏ ဖွင့်ဆိုချက်အရ ပြည်သူ့လွှတ်တော်သက်တမ်းတစ်ခုစတင်သည့်နေ့ရက်မှ လပေါင်း(၃၀) ပြည့်သည့်နေ့ရက်အထိ အမျိုးသားလွှတ်တော်
ဥက္ကဌနှင့် ဒုတိယဥက္ကဌ တို့သည် နာယကနှင့်ဒုတိယနာယကအဖြစ်တာဝန်ယူရပြီး၊
ကျန်သည့် လပေါင်း(၃၀)မှာ ပြည်သူ့လွှတ်တော်ဥက္ကဌနှင့်ဒုတိယဥက္ကဌက ဆက်တာဝန်ယူ
ကြရမှာဖြစ်ပါတယ်။

ပုဒ်မ(၁၁၃) ပြည်သူ့လွှတ်တော်ဥက္ကဌနှင့်ဒုတိယဥက္ကဌတို့သည်နောက်တစ်ကြိမ်
ပြည်သူ့လွှတ်တော် ပထမအစည်းအဝေးစတင်မကျင်းပမီ အချိန်အထိ ဥက္ကဌနှင့် ဒုတိယဥက္ကဌတာဝန်ကို ထမ်းဆောင်ရမည်။

ပုဒ်မ(၁၁၉) ပြည်သူ့လွတ်တော်၏သက်တမ်းသည် ယင်းလွှတ်တော်၏ ပထမအကြိမ်အစည်းအဝေးစတင်ကျင်းပသည့်နေ့ရက်မှ စ၍ ငါးနှစ်ဖြစ်သည်။
ထို့အတူ အမျိုးသားလွတ်တော်မှာလည်းဘဲ
ပုဒ်မ(၁၄၅)(၁၅၁) တို့မှာလည်း တာဝန်ထမ်းဆောင်ခြင်း၊ရပ်စဲခြင်းနှင့် အမျိုးသားလွှတ်တော်၏ သက်တမ်းကို ပြည်သူ့လွတ်တော်ကဲ့သို့ပင်ပြဌာန်းထားပါတယ်။

တိုင်းဒေသကြီး၊ပြည်နယ်လွတ်တော်များအတွက်လည်း ပုဒ်မ(၁၆၅)(၁၆၈) တို့မှာ တာဝန်ထမ်းဆောင်မူ၊ရပ်စဲခြင်း၊ သက်တမ်းတို့အား ပြည်သူ့လွှတ်တော်ဥပဒေပြု စကားရပ်အတိုင်းပင်ပြဌာန်းထားပါတယ်။

ရွေးကောက်ပွဲကျင်းပမည့် နေ့ ရက် ပြောင်းလဲသတ်မှတ်လိုက်ပါက နိုင်ငံ၏ အရေးကြီးသော အုပ်ချုပ်ရေးအပိုင်းကို ရေးသားဖေါ်ပြပါမယ်။

ပုဒ္မ(၆၁)(က) – ပုဒ်မ
နိုင်ငံတော်၏ သမ္မတ သို့မဟုတ် ဒုတိယသမ္မတတို့၏ ရာထူးသက်တမ်းသည် ငါးနှစ် ဖြစ်သည်။
(ခ) ယင်းရာထူးသက်တမ်း ကုန်ဆုံးသည့်အခါ
နိုင်ငံတော်သမ္မတအသစ် ရွေးချယ်တင်မြှောက်ပြီးသည့် အချိန် အထိ နိုင်ငံတော်သမ္မတ
နှင့် ဒုတိယသမ္မတများသည် မိမိတို့၏ လုပ်ငန်း တာဝန်များကို ဆက်လက် ထမ်းဆောင်ရမည်။

ပုဒ္မ(၂၃၅)(က) – ပုဒ်မ
ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး တို့၏ ရာထူးသက်တမ်းသည် သာမန်အားဖြင့်
နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်းအတိုင်းဖြစ်သည်။

ပုဒ်မ(၂၃၂)(ဇ) – ပြည်ထောင်စုဝန်ကြီးများသည် နိုင်ငံတော်သမ္မတအားတာဝန်ခံရမည်။
ပုဒ်မ(၂၃၄)(င) – ဒုတိယဝန်ကြီးများသည်သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးမှတဆင့် နိုင်ငံတော်သမ္မတအားတာဝန်ခံရမည်။

ပုဒ်မ(၂၆၂) (ဍ) – တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၏ ရာထူးသက်တမ်းသည် သာမန်အားဖြင့်
နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်း အတိုင်းဖြစ်သည်။

အခြားပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များသည်လည်း အထက်ပါပြဌာန်းချက်ပါ ဖွင့်ဆိုထားမူအတိုင်းပင်ဖြစ်ပါတယ်။

သို့ဖြစ်ပါ၍
ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးကို စတင်ကျင်းပခဲ့သည့် နေ့ရက်သည် (၃၁.၁.၂၀၁၆) ဖြစ်ပါသောကြောင့် လွှတ်တော်များ၏သက်တမ်းသည် (၃၁.၁.၂၀၂၁) နေ့ရက်တွင် ငါးနှစ်ပြည့်ပြီဖြစ်ပါ၍ လွှတ်တော်များသည် (၃၁.၁.၂၀၂၁) ရက်မှစတင်ကာ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းကုန်ဆုံး
ပြီဖြစ်ပါတယ်။

သို့ပေမယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈
၏ ပုဒ်မ(၆၁)(ခ) ၏ ဖွင့်ဆိုပြဌာန်းထားချက်အရ သမ္မတဦးဆောင်သော ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်း /ပြည်နယ်အစိုးအဖွဲ့များသည် ဖွဲ့စည်းပုံအရ တာဝန်ဆက်လက်ထမ်းဆောင်ရပါမယ်။

ပုဒ်မ(၆၁) (ခ) ၏ ဖွင့်ဆိုထားသည့် စကားရပ်သည် နိုင်ငံတော်သမ္မတအသစ်ရွေးချယ်တင်မြှောက်ပြီးသည့် “အချိန်အထိ”
“မိမိတို့၏ လုပ်ငန်းတာဝန်များကိုဆက်လက်ထမ်းဆောင်ရမည် ”

ဟူ၍ဖွင့်ဆိုထားပါတယ်၊
“ထမ်းဆောင်ခွင့်ရှိသည် ” ဟူသောစကားရပ်မဟုတ်ပါ၊
“ထမ်းဆောင်ရမည် ” ဟူသော အကြား အလပ် မရှိသည့် စကားရပ်ဖြစ် ဖွင့်ဆိုထားမူ
ဖြစ်သည်ံအတွက် ဖြစ်ကိုဖြစ်ရမည်must be သာလျှင်ဖြစ်ပါတယ်၊
ဖြစ်နိုင်ချေ (may be ) မဟုတ်ပါ။

ဤဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၆၁)(က )၊
နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ ပုဒ်မများအား –
နိုင်ငံတော်အခြေခံမူများတွင်ပါဝင်သည့်
ဥပဒေ ပုဒ်မ(၄၀)(က) (ခ) နှင့်
အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက် ပုဒ်မ များက လွမ်းမိုး နိုင်မူမရှိပေ။
စွက်ဖက်နိုင်မူလည်း မရှိပါ။

သီးခြားအမျိုးအမည် အကြောင်းအချက်များ ဖြစ်ပါတယ်။

သို့ ဖြစ်ပါသော အကြောင်းအချက်များကို
ထောက်ရူ သုံးသပ်ကြကာ –
အကယ်၍ ရွေးကောက်ပွဲကျင်းပရန် နေ့ရက် နောက်ဆုတ်လိုက်ပါက နိုင်ငံတော်၏ အာဏာ သုံးရပ်ကို ကာကွယ်ရေးဦးစီးချုပ်ထံသို့
အပ်ရမည်ဟူသော ရေးသားမူများသည် တည်ဆဲ ဖွဲ့စည်းပုံနှင့် အလုပ်မဖြစ်သလို လုံးဝ(လုံးဝ) မှန်ကန်မူ မရှိပါကြောင်း –

စာရေးသူမှ အသိပေး ရေးသား၊ တင်ပြလိုက်ပါတယ်။

အလေးထားစွာဖြင့်. ကိုသိန်းဌေး ၈၈ ပဲခူး၊
(၃၁.၈.၂၀၂၀)မနက် နှစ်နာရီ ငါးမိနစ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •