ရွေးကောက်ပွဲကြီး နီးလာ … ပါပြီ၊ ညီညာမှ … ပြည်သာပါမည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရွေးကောက်ပွဲကြီး နီးလာ … ပါပြီ၊
ညီညာမှ … ပြည်သာပါမည်၊

ယနေ့မှစ၍ မိမိတို့နိုင်ငံတွင် ဥပဒေပြုလွှတ်တော်များနှင့် အတူ ပြည်သူ့အစိုးရတစ်ရပ် ပေါ်ပေါက်လာစေရန် ပြည်သူ ပြည်သားများ၏ အခွင့်အာဏာဖြစ်သည့် မဲပေးရွေးချယ်မည့် အထွေထွေရွေးကောက်ပွဲကြီးကျင်းပရန် လေးပတ်ခန့်(၂၇) ရက်သာလိုပါတော့တယ်၊
ယခုကျင်းပမည့်အထွေထွေရွေးကောက်ပွဲသည်ကား ဖဆပလ အစိုးရခေတ်အလွန် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲ သုံးကြိမ်မြောက်လည်းဖြစ်ပါတယ်၊
ပထမအကြိမ်အထွေထွေရွေးကောက်ပွဲတွင် တပ်မတော်အစိုးရတဖြစ်လဲ ပြည်ခိုင်ဖြိုးပါတီအစိုးရသက်တမ်းတစ်ခုဖြစ်ခဲ့ပါတယ်၊
(၂၀၁၁) မှ (၂၀၁၆) ငါးနှစ်သက်တမ်းဖြစ်ပါတယ်၊
ဒုတိယအကြိမ်အထွေထွေရွေးကောက်ပွဲသည်
တိုင်းသူပြည်သားများစွာမှ ကြည်ဖြူစွာဖြင့် တခဲနက် အားပေးထောက်ခံဆန္ဒမဲများပေးကြမူဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ဖွဲ့စည်းခွင့် ရရှိခဲ့သော ရွေးချယ်ခံ အရပ်သားအစိုးရသစ် တစ်ရပ်ကို စတင်မွေးဖွားခွင့်အား မိမိတို့နိုင်ငံမှာအခြေချမူအစပျိုးခဲ့ရပါတယ်၊
ထိုအစိုးရ၏သက်တမ်းသည် (၂၀၁၆) မှ (၂၀၂၁)အထိဖြစ်ပါတယ်၊
ယခု (၂၀၂၀) ခု နိုဝင်ဘာလ(၈) ရက်နေ့တွင်
ကျင်းပမည့် တတိယအကြိမ်အထွေထွေရွေးကောက်ပွဲသည် ပြည်သူ ပြည်သားများမှ လွတ်လပ် လုံခြုံစွာဖြင့် ဆန္ဒမဲပေး ရွေးချယ်ရမည့် ဒီမိုကရေစီ အရပ်သားအစိုးရ တစ်ရပ်ကို ပိုမိုအားကောင်း၊ခိုင်မြဲလာစေမည့် အထွေထွေရွေးကောက်ပွဲ ယဉ်ကျေးမူဖြစ်စဉ်အတွက် ဆက်လက်ချီတက်ကြရမည့် ပြည်သူ ပြည်သားအားလုံး၏ မမှိတ် မသုန် ဆက်လက်သွားကြရမည့် အင်အားများဖြစ်ပါတယ်၊

လွတ်လပ်ရေးရပြီးချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည် ပြန်လည်ထူထောင် ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကနဦးလုပ်ဆောင်မည့် စီမံချက်အချို့ချန်ထားရစ်ခဲ့ပြီးဖြစ်ပေသည်၊
သို့ကြောင့်ဖဆပလ အစိုးရခေတ်ဦးတွင် မိမိတို့မြန်မာပြည်အတွက် ပေးထားချက်များက ကောင်းမွန်၊အားကောင်းခဲ့သော်လည်း၊
ဖြစ်ပေါ်လာခဲ့ရတဲ့ အခင်းအကျင်း အဖြစ်အပျက်၊အခြေအနေတွေက အင်မတန်ဆိုးရွားခဲ့ရပါတယ်၊
လွတ်လပ်ရေးရပြီး (၁၉၄၈) ခုမတ်လ(၂၈) ရက်နေ့ သုံးလခန့်မှာ ဗမာပြည်ကွန်မြူနစ်ပါတီမှ တောခိုပြီး လက်နက်ကိုင်တော်လှန်မူတစ်ရပ်စတင်ဖြစ်ခဲ့ကာ (၁၉၄၉)ခုနှစ် ဇန်နဝါရီလမှာဘဲ ကရင်တိုင်းရင်းသားများက လက်နက်ကိုင်တော်လှန်ခဲ့ပြီး ဗြိတိန်နှင့်အနောက်အုပ်စုထံမှ အကူအညီများတောင်းခဲ့ပါတယ်၊
အဘယ်ကြောင့်ဆိုရသော် (၁၉၄၁)ခုနှစ်ကတည်းက ကရင်တိုင်းရင်းသားများသည်
မြန်မာပြည်ရှိ ဗြိတိသျှစစ်တပ်ထဲသို့သစ္စာရှိစွာဝင်ရောက်ခဲ့ကြပြီး၊ ဗြိတိသျှစစ်တပ် အိန္ဒယသို့ဆုတ်ခွာရာတွင်လည်းအတူလိုက်ပါသွားခဲ့ကြပါသောကြောင့်လည်း ဖြစ်နိုင်ပါလိမ့်မယ်၊
ထိုမှတဖန်လက်နက်ကိုင်တော်လှန် ပုန်ကန်ကြသည့် ကရင်တိုင်းရင်းသားများသည် ပအိုဝ်း၊မွန်စသည့်တိုင်းရင်းသားများ၏ လက်နက်ကိုင်တော်လှန်ရေးများ အစပျိုးလာခဲ့ပြီး ၎င်းတို့၏ဒေသ ကွက်ကွက်လေးကို စိုးမိုးအုပ်ချုပ်မူများစတင်ခဲ့ကြပါတယ်၊
ဤအခြေအနေမှသည် ယနေ့မိမိတို့ကြုံတွေ့နေကြရသည့် အခင်းအကျင်း၊အခြေအနေများဖြစ်ပေါ်လာခဲ့ရပါတယ်၊
ဖြစ်စဉ်များပြည့်ပြည့်စုံစုံရေးရပါလျှင် အဖြစ်အပျက်က များလှပါတယ်၊
အကြမ်းဖျဉ်းအားဖြင့် လွတ်လပ်ရေးရပြီး(၁၀) နှစ်အတွင်း တိုင်းရင်းသားများ၏ အခွင့်အရေးများကိုတောင်းဆိုလာမူနဲ့အတူ (၁၉၄၇) ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအားပြင်ဆင်ခြင်း သို့မဟုတ် အသစ်ရေးဆွဲလိုမူ၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်စသည့်နိုင်ငံရေးတောင်းဆိုမူများက မြင့်မားလာကြပါတယ်၊
ထိုစဉ်အခါက အစိုးရသည် မိမိတို့နိုင်ငံသား တိုင်းရင်းသားများ၏ အရေးဆိုမူများကို ပြေလည်စေရန် ဆွေးနွေးညှိနိူင်း ဖြေရှင်းမူများသည်ကလည်း အားနည်းခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်၊
ဖဆပလ အစိုးရအတွင်း အကွဲအပြဲများ၊အုပ်စုဖွဲ့ ကြကာ တဖက်နှင့်တဖက် အပြန်အလှန် စွပ်စွဲ ပုတ်ခတ်မူများက များပြားလာလေလေ၊
လူထုအနေဖြင့် နိုင်ငံရေးသမားများအပေါ် လေးစားမူ လျော့ကျလာလေလေ ဖြစ်ခဲ့ရပါတယ်၊ နိုင်ငံရေးစိတ်အားထက်သန်မူများကလည်းကျဆင်းခဲ့ကြပါတယ်။
နိုင်ငံရေးအုပ်စုများ၏ လက်ကိုင်တုတ်သဖွယ်လက်နက်ကိုင်အဖွဲ့များ၊ပျူစောထီးများ၊ရဲဘော်နီ၊ရဲဘော်ဖြူ၊ရဲဘော်ဝါအသီးသီးအပြင် ဦးနု၏ ပြည်ထဲရေးဝန်ကြီး ဗိုလ်မင်းခေါင်၏လက်အောက်ခံပြည်ထောင်စုစစ်ရဲတပ်များ၊
ဗိုလ်အောင်ကြီးအားလက်ထောက်ရဲမင်းကြီးရာထူးပေးပြီး ကွပ်ကဲစေသော (လဲဗီး) ဟုခေါ်သော ဒေသခံစေတနာ့ဝန်ထမ်းများကာကွယ်ရေးတပ်ဖွဲ့များ၊ အဆိုပါ(လဲဗီး) တပ်များတွင်ပါဝင်သည့်ကျေးလက်တောရွာမှ လူငယ်၊လူရွယ်များမှာ လက်နက်ကိုင်ရဲတပ်ဖွဲ့လေ့ကျင့်ခန်းများမပြုလုပ်ရခြင်း၊ရာဇဝတ်မူဆိုင်ရာဥပဒေ၊ဗဟုသုတ မရှိခြင်းတို့အပြင် လစာ
ငွေကြေးမရသည့်စေတနာ့ဝန်ထမ်းများဖြစ်ကြရာ အနီးဆုံးကျေးရွာများ ကျွေးမွေးသည့်အစားအသောက်များကိုသာစားကြရပါတယ်၊ ထို့အပြင်အတော်အတန် ကြမ်းတမ်းရိုင်းစိုင်းစွာ ပြုမူဆက်ဆံကြသဖြင့် (လဲဗီး)တပ်များမှာလက်နက်ကိုင်ပုန်ကန်သူများထက်ပင် အန္တရာယ်ပိုများကြောင်း မြန်မာသတင်းစာများက အတိအလင်းထောက်ပြရေးသားခဲ့ပါတယ်ဟု စာရေးသူမှ ဖတ်မှတ်ရပါတယ်၊
ဗိုလ်အောင်ကြီးအား ထိုစဉ်က ဝန်ကြီးချုပ်ဖြစ်သူ ဦးနုမှခိုင်းစေတာဝန်ပေးချက်ဟု ဖတ်ရပါတယ်။
(နောင်ကာလများအတွက် မိမိတို့ သတိပြုမူစရာအဖြစ်သင်ခန်းစာယူသင့်ပါတယ်)၊

ဖဆပလသည် နု -တင်(သန့်ရှင်း ဖဆပလ) နှင့်
ဆွေ – ငြိမ်း (တည်မြဲ ဖဆပလ)ဟူ၍ နှစ်ခြမ်းကွဲခဲ့ကာ –
ဖဆပလ အဖွဲ့အတွင်းတွင်သာမက နိုင်ငံရေးပါတီများနှင့်နိုင်ငံရေးစိတ်ဝင်စားသူများ၏နယ်ပယ်အပြင် တိုင်းသူ ပြည်သားများမှလွန်စွာ ကြည်ညို မြတ်နိုး လေးစားခံရသည့်
အခြေအနေများရှိခဲ့ကြသော်ငြား မိမိတို့နိုင်ငံသည် ပျက်သုဉ်းလုနီးပါး ပြည်တွင်းစစ်များဖြင့်သာ ယနေ့အချိန်အထိ ရင်ဆိုင်နေကြရဆဲသာ ဖြစ်နေပါတယ်၊
လက်နက်ကိုင်အဖွဲ့ပေါင်းစုံဖြင့် –
ထိုကဲ့သို့သော ဆိုးရွားမူတွေက ယခုအချိန် ကာလအထိ မိမိတို့နိုင်ငံနှင့် ပြည်သူ ပြည်သားများကပေးဆပ်နေကြရဆဲပါ ဆိုလျှင်မှားနိုင်မည်မထင်ပါ။
၎င်းဖြစ်စဉ်များမှ ပေါ်ထွန်းလာသည့် အခင်းအကျင်း၊အရာအားလုံးကို မိမိတို့နိုင်ငံက ဆက်ပြီးသယ်ဆောင်သွားလိုမူများကို ဖြတ်ချ ရပါတော့မည့် အချိန်တန်ပါပြီ၊

ပြည်ထောင်စုကြီးထူထောင် တည်ဆောက်ကြပါမည်ဟု –
အမျိုးသားခေါင်းဆောင်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော နိုင်ငံသား တိုင်းရင်းသားခေါင်းဆောင်အားလုံးက မိမိတို့ ပြည်ထောင်စုတိုင်းပြည်ထူထောင်တည်ဆောက်ရေးကို အမျိုးသားရေးစိတ် ဟူသော နိုင်ငံသားတိုင်း၏ ညီညွတ်မူ၊ခိုင်မြဲမူ၊ စိတ်ဓာတ်ခွန်အားများပြည့်စုံမူဖြစ်သည့်
အမျိုးသားရေးစိတ်ဓာတ်အပြည့်ဖြင့်ညှိနိူင်းဆုံးဖြတ်ကြကာ စုစည်းညီညွတ်မူနဲ့အတူစုပေါင်း အင်အားများဖြင့် မိမိတို့၏ နီးစပ်မူရှိသော၊အဝန်းအဝိုင်းဖြစ်သော အာရှနိုင်ငံများစွာက အလေးထား၊ဂရုပြုခံခဲ့ရတဲ့ နိုင်ငံတစ်ခုအဖြစ် စတင်မွေးဖွား လာခဲ့တဲ့ မြန်မာပြည်ကြီးဖြစ်ပါတယ် ဆိုတာကို မမေ့အပ်ပေ၊

သို့ပါသော ဖြစ်စဉ်များ၏ ပေးထားချက်အရ
(၁၉၄၇) ပင်လုံညီလာခံကို ဆောင်ကျဉ်းခဲ့သည့် အနီးကပ်ဆုံးမျိုးဆက်ဖြစ်သော၊
နိုင်ငံကြီးအများစုမှအလေးထားပြီး ပစ်ပယ်၍မရနိုင်သော၊မိမိတို့နိုင်ငံအတွင်း ပြည်သူအများ အပြားကအားပေးဝန်းရံ၊ထောက်ခံနေသော –
ဒေါ်အောင်ဆန်းစုကြည် မှတိုင်းရင်းသားမျိုးဆက်များနဲ့အတူ မိမိတို့ရည်ညွန်းသည့် ဖက်ဒရယ်ပြည်ထောင်စုကြီးဆီသို့ အရောက်တက်လှမ်းကြရမှာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အား မိမိတို့မြန်မာပြည်ကြီးအတွက် လုပ်ပိုင်ခွင့်အခွင့်အာဏာကိုလည်းအထွေထွေရွေးကောက်ပွဲမှ မဲပေးရွေးချယ် ပြီးတာဝန်အပြည့် ပေးအပ်နိုင်ဖို့သည် ယနေ့မိမိတို့ပြည်ထောင်စုကြီးအတွက် အလွန်ပင်အရေးပါ လိုအပ်လှပါတယ်။

ယနေ့ကာလ(၂၀၁၅) အထွေထွေရွေးကောက်ပွဲမှ အနိုင်ရကာ တက်လာသည့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးချယ်ခံအစိုးရ၏ အရေးပါ လက်တွေ့ကျသည့်လုပ်ငန်းဆောင်ရွက်မူကို ရေးသားတင်ပြပါစေ။

ပြည်နယ်များအတွက်အသုံးစရိတ်များကိုပထမတင်ပြပါရစေ၊

(၁) ချင်းပြည်နယ်အတွက်အသုံးစရိတ်၊
ပြည်ခိုင်ဖြိုးအစိုးရမှ (၂၀၁၁ မှ ၂၀၁၆) ကာအတွက် အသုံးစရိတ်သည် -(၃၅၀) ဘီလီယံကျပ်ဖြစ်ပြီး၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရမှ (၂၀၁၆ မှ ၂၀၂၁) ကာလအထိအသုံးပြုမူ
ငွေကြေးသည် (၈၆၄) ဘီလီယံကျပ်ဖြစ်ပါတယ်၊
(၅၁၄) ဘီလီယံကျပ်၊(၁၄၆)% ပိုမိုသုံးစွဲပေးပါတယ်၊

(၂) ရခိုင်ပြည်နယ်အတွက်အသုံးပြုမူငွေပမာဏ၊
(၂၀၁၁ မှ ၂၀၁၆) ပြည်ခိုင်ဖြိုးအစိုးရမှသုံးစွဲမူငွေ (၅၅၂) ဘီလီယံကျပ်ဖြစ်ပြီး၊
(၂၀၁၆ မှ ၂၀၂၁) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ၏ အသုံးပြုမူငွေပမာဏ (၁၀၃၁) ဘီလီယံကျပ်ဖြစ်ပါတယ်၊
(၄၇၉) ဘီလီယံကျပ်၊(၈၆)% ပိုမိုအသုံးပြုပါတယ်၊

(၃) ကချင်ပြည်နယ်အတွက်အသုံးပြုမူငွေ၊
(၂၀၁၁ မှ ၂၀၁၆) အထိ ပြည်ခိုင်ဖြိုးအစိုးရမှအသုံးပြုမူငွေ (၅၅၂) ဘီလီယံကျပ်ဖြစ်ပြီး၊
(၂၀၁၆ မှ ၂၀၂၁) အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ၏ အသုံးပြုမူငွေပမာဏ (၁၀၅၇) ဘီလီယံကျပ်၊
(၅၅၂) ဘီလီယံ၊(၉၀)% ပိုမိုအသုံးပြုခဲ့ပါတယ်၊

(၄)ရှမ်းပြည်နယ်အတွက်အသုံးပြုမူငွေ၊
ပြည်ခိုင်ဖြိုးအစိုးရမှ (၂၀၁၁ မှ ၂၀၁၆) အထိအသုံးပြုမူငွေ (၉၅၈) ဘီလီယံကျပ်ဖြစ်ပြီး၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရမှ (၂၀၁၆ မှ ၂၀၂၁) အထိ
အသုံးပြုမူငွေ (၁၅၇၉) ဘီလီယံကျပ်၊
(၆၂၁) ဘီလီယံ၊(၆၄)% ပိုမိုအသုံးပြုခဲ့ပါတယ်၊

(၅) ကယားပြည်နယ်အတွက်အသုံးပြုမူငွေ၊
ပြည်ခိုင်ဖြိုးအစိုးရမှ (၂၀၁၁ မှ ၂၀၁၆) အထိအသုံးပြုမူငွေ (၁၅၄) ဘီလီယံကျပ်ဖြစ်ပြီး၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရမှအသုံးပြုငွေမှာ (၃၇၂) ဘီလီယံကျပ်၊
(၂၁၈) ဘီလီယံ၊ (၁၄၁)% ပိုမိုအသုံးပြုခဲ့ပါတယ်၊

(၆) ကရင်ပြည်နယ်အတွက်အသုံးပြုမူငွေ၊
ပြည်ခိုင်ဖြိုးအစိုးရမှ (၂၀၁၁ မှ ၂၀၁၆) အထိအသုံးပြုမူငွေ (၂၄၄) ဘီလီယံကျပ်ဖြစ်ပြီး၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရမှအသုံးပြုမူငွေမှာ (၅၇၈)ဘီလီယံကျပ်၊
(၃၃၄)ဘီလီယံကျပ်၊(၁၃၆)% ပိုမိုအသုံးပြုပေးပါတယ်၊

(၇) မွန်ပြည်နယ်အတွက်အသုံးပြုမူငွေ၊
ပြည်ခိုင်ဖြိုးအစိုးရမှ(၂၀၁၁ မှ ၂၀၁၆)အထိအသုံးပြုမူငွေမှာ (၂၂၄) ဘီလီယံကျပ်ဖြစ်ပြီး၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရမှ (၂၀၁၆ မှ ၂၀၂၁) အထိအသုံးပြုမူငွေမှာ(၆၃၉) ဘီလီယံကျပ်ဖြစ်ပါတယ်၊
(၄၁၅) ဘီလီယံ၊ (၁၈၅)% ပိုမိုအသုံးပြုပေးခဲ့ပါတယ်၊

(၈) တနသာင်္ရီတိုင်းအတွက်အသုံးပြုမူငွေ၊
ပြည်ခိုင်ဖြိုးအစိုးရမှ (၂၀၁၁ မှ ၂၀၁၆) အထိအသုံးပြုမူငွေမှာ(၄၅၅) ဘီလီယံကျပ်ဖြစ်ပြီး၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရမှ အသုံးပြုငွေမှာ (၉၃၁) ဘီလီယံကျပ်ဖြစ်ပါတယ်၊
(၄၇၆) ဘီလီယံ၊ (၁၀၄)% ပိုမို အသုံးပြုပေးခဲ့ပါတယ်၊

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသည် –
ဥပမာ မြို့နယ်ပေါင်း ၂၈ မြို့နယ်နှင့် လူဦးရေ (၅၀) သိန်းခန့်ရှိသော ပဲခူးတိုင်းဒေသကြီး၊
မြို့နယ် ၂၆ ခုရှိပြီး လူဦးရေ (၆၅) သိန်းနီးပါးရှိသည့် ဧရာဝတီတိုင်း၊စသည်တို့ထက်၊
မြို့နယ် ၁၇ ခုနှင့် လူဦးရေ (၃၃) သိန်းရှိသည့် ရခိုင်ပြည်နယ်၊
မြို့နယ် ၁၈ ခုရှိပြီး လူဦးရေ (၁၉)သိန်းကျော်ရှိသော ကချင်ပြည်နယ်၊
မြိဲုနယ် ၁၀ ခုရှိပြီး လူဦးရေ(၁၅)သိန်းခန်ဲရှိသော တနသာင်္ရီတိုင်း၊
စသည့်ပြည်နယ်များ၊တိုင်းတို့တွင် ဒေသဖွံ့ဖြိုးရေးအတွက် ငွေကြေးပမာဏကို ပိုမို အသုံးပြုသည့်အပြင် အခြားပြည်နယ်များနှင့်တိုင်းဒေသကြီးများမှာလည်း ဒေသဖွံ့ ဖြိုးရေးအတွက် ရွေးချယ်ခံအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသည်ယခင်အစိုးရလက်မှာထက်ီ ပိုမိုသုံးစွဲမူပြုနေတာကို တွေ့ကြရမှာဖြစ်ပါတယ်။

ပညာရေးကဏ္ဍတွင်-
ပြည်ခိုင်ဖြိုးအစိုးရမှ (၂၀၁၁ မှ ၂၀၁၆) အထိအသုံးပြုမူငွေ (၅၀၄၇) ဘီလီယံကျပ်ဖြစ်ပြီး၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသည် (၁၂၂၃၉) ဘီလီယံကျပ်၊
(၇၁၉၂) ဘီလီယံကျပ်ပိုမိုအသုံးပြုခဲ့ပါတယ်၊
(၁၄၂)% ပိုမိုအသုံးပြုမူဖြစ်ပါတယ်၊

ကျန်းမာရေးကဏ္ဍတွင် –
ပြည်ခိုင်ဖြိုးအစိုးရက (၂၀၁၁ မှ ၂၀၁၆) အထိအသုံးပြုမူငွေသည် (၃၁၂၇) ဘီလီယံကျပ်သာဖြစ်ပြီး၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသည် (၆၂၇၈) ဘီလီယံကျပ်ဖြစ်ကာ
(၃၁၅၁) ဘီလီယံကျပ် ကိုပိုမိုအသုံးပြုခဲ့ပါတယ်၊ (၁၀၀)% ပိုမိုခဲ့ပါတယ်၊

လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ –
ပြည်ခိုင်ဖြိုးအစိုးက (၂၁၈၂၂) ဘီလီယံကျပ်သုံးခဲ့ပြီး၊
အမျိုးသားဒီမိုကရေစီအစိုးရက (၃၅၃၄၄)ဘီလီယံကျပ်အသုံးပြုကာ
(၁၃၅၂၂) ဘီလီယံကျပ်ကို ပိုမိုသုံးစွဲခဲ့တာကိုတွေ့ရကာ ပြည်သူများမှလျှပ်စစ်မီးပိုမို
အသုံးပြုနိုင်ပါစေရန် (၆၈)% ပိုမိုသုံးစွဲခဲ့ပါတယ်၊

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းကဏ္ဍတွင် (၂၄) % ၊
ဆောက်လုပ်ရေးကဏ္ဍတွင် (၃၆) % ၊
များကို ပိုမိုအသုံးပြုပြီး၊
ယခင်တပ်မတော်အစိုးရလက်ထက်နှင့် ပြည်ခိုင်ဖြိုးအစိုးရလက်ထက် များ၌ တင်ရှိနေသည့်
နိုင်ငံခြားကြွေးမြီများအား ဆပ်ရင်းဖြင့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသည် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်
ငွေကြေးများကို ပိုမို အသုံးပြုပေးလျက်ရှိနေပါတယ်။

နိုင်ငံရေးပါတီဆိုသည်မှာ နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးပါတီအဆင့်ရာက်အောင်ပင် တော်တည့် မှန်ကန်စွာ
စည်းရုံးစုဖွဲ့ခြင်းမရှိပါပဲလျက်
နိုင်ငံရေးအတင်း အဖျင်း ဆန်ဆန်ပြောဆို ရေးသားနေကြမူများသည် လက်ရှိ မိမိတို့နိုင်ငံအတွက် ကောင်းကျိုးများရှိနေပါပြီလားဆိုသည်ကို –
နိုဝင်ဘာလ (၈) ရက်နေ့မှာ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မိမိ၏ ကိုယ်ပိုင်အခွင့်အာဏာ အပြည့်ဖြင့် ဆန္ဒမဲပြားများပေးကြရမည့် မိမိတို့ပြည်သူ တစ်ဦးခြင်းမှ စဉ်းစား ဆုံးဖြတ်ကြရမှာမဟုတ်ပါလား၊

သို့ပါသောကြောင့် –
မိမိတို့ ပြည်သူအများ အာင်လံခိုင်ဖို့ မဲပေးစို့၊
ဒီမိုကရေစီမှန်ကန်ရေး NLD ကို ဒို့ မဲပေး၊
တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မူ ရှေ့ ဆက်နိုင်ရေး
NLD ကို မဲဆက်ပေး၊

မဲဆန္ဒရှင် ပြည်သူအားလုံး စိတ်နှလုံး ရွှင်လန်း
ချမ်းမြေ့ကြပါစေ၊
မိမိတို့နိုင်ငံသား တိုင်းရင်းသား ပြည်သူအပေါင်း Covit ကပ်ရောဂါကူးစက်မူမှ ကင်းဝေးကြပါစေ၊
Covid ကူးစက်မူ အန္တရာယ်ဆိုးကြီးအား မိမိတို့နိုင်ငံသူ၊နိုင်ငံသားများနှင့်ဆရာဝန်များ၊သူနာပြုများ၊ Volunteerများနဲ့အတူ ရွေးချယ်ခံအရပ်သားအစိုးရမှ စုပေါင်းညီညွတ်မူအင်အားများဖြင့်ကာကွယ်၊
အောင်နိုင်ပါစေကြောင်း ဆန္ဒပြုရင်းများစွာဖြင့် ရေးသားတင်ပြလိုက်ပါတယ်။

အလေးထားစွာဖြင့် –
ကိုသိန်းဌေး . ၈၈ ပဲခူး(11.10.2020)။


Spread the love
  •  
  •  
  •  
  •  
  •  
  •