ရွေးကောက်ပွဲဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများအားNLD ရန်ကုန်တိုင်းအောင်နိုင်ရေးအဖွဲ့ခေါင်းဆောင်သတိပေး
ရွေးကောက်ပွဲဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများခင်ဗျား
ရွေးကောက်ပွဲဥပဒေအရ ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုမည့် မဲဆွယ်စည်းရုံးရေးကာလကို မကြာခင် ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။
မဲဆွယ်ကာလရောက်ရင် ကိုယ့်မဲဆန္ဒနယ်က ပြည်သူတွေရဲ့ အသည်းကြားက မဲတစ်ပြားကို ရရှိစေဖို့ ကိုယ့်ရဲ့ ပါတီအလံတော်အောက်ကနေ ပြည်သူလူထုရဲ့ မေတ္တာကို တောင်းခံကြရတော့မှာ ဖြစ်ပါတယ်။
အဲဒီကာလမရောက်ခင်မှာ ကိုဗစ်-၁၉ ကူးစက်မခံရစေရေးနဲ့ ကူးစက်ထားသူများနဲ့ အကာအကွယ်မဲ့ ဆုံတွေ့ခဲ့မှုကြောင့် သီးခြားခွဲခံထားရခြင်း (Quarantine) မဖြစ်ဖို့ အရေးကြီးလှပါတယ်။
၁။ လူအများနှင့်တွေ့ဆုံချိန်များတွင် လုံလောက်သော အကွာအဝေးတွင် ခပ်ခွာခွာနေပါ။
၂။ မျက်နှာဖုံးတပ်ပါ။
၃။ အပြင်ကပြန်လာတိုင်း ဆပ်ပြာဖြင့် လက်ဆေးပါ။
၄။ နှာခေါင်းနှင့် ပါးစပ်ကို မလိုအပ်ဘဲ လက်ဖြင့် မထိတွေ့ပါရန်နှင့်
၅။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတိပေးချက်တွေကို သိရှိလိုက်နာကြပါ။
Credit – Ye Min Oo