“ ရွေးကောက်ပွဲအကူအညီပေးရေးစီမံကိန်း” အဖြစ် ဂျပန််က ယန်း ၁၈၁ သန်း ပေးမည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်‌နေ့၌ ကျင်းပရန်စီစဉ်ထားသည့် အထွေထွေရွေးကောက်ပွဲကို တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး ဂျပန်နိုင်ငံက ယန်း ၁၈၁ သန်းတန်းဖိုးရှိ “ရွေးကောက်ပွဲ အကူအညီပေးရေး စီမံကိန်း” တစ်ရပ်ကို UNDP နှင့်ချိတ်ဆက်၍ ထောက်ပံ့ပေးအပ်လိုက်ပါတယ်။

အဲဒီ စီမံကိန်းပေးအပ်ရေးအတွက် စာချွန်လွှာလက်မှတ်ရေးထိုးလဲလှယ်ခြင်းကို မနေ့က ရန်ကုန်မြို့တွင်
မြန်မာနိုင်ငံသို့ ပေးအပ်သည့် “ ရွေးကောက်ပွဲအကူအညီပေးရေးစီမံကိန်း” အထောက်အပံ့နှင့် ပတ်သက်သည့် စာချွန်လွှာလက်မှတ်ရေးထိုးလဲလှယ်ခြင်းအစီအစဉ်တစ်ရပ်ကို ယမန်နေ့က ပြုလုပ်ခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ် Mr. MARUYAMA Ichiro နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်( United Nations Development Programme, UNDP) မြန်မာနိုင်ငံရုံး၏ တာဝန်ခံအရာရှိ၊ ဒုတိယဌာနေ ကိုယ် စားလှယ် Ms. Dawn Del Rio တို့က စာချွန်လွှာလက်မှတ်ရေးထိုး လဲလှယ်ခဲ့တယ်လို့ဂျပန်သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

 

ထုတ်ပြန်ချက်တွင် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရ ယခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံ၌ တတိယအကြိမ် မြောက် အထွေထွေရွေးကောက်ပွဲကို ကျင်းပရန်စီစဥ်ထားပြီး တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိ သည့် ရွေးကောက်ပွဲကို ကျင်းပခြင်းသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ် တည်တံ့ခိုင်မြဲရေး အတွက် အရေးကြီးသောခြေလှမ်းဖြစ်ကြောင်း ပါရှိသည်။
ထိုကဲ့သိုသော အခြေအနေများတွင် ဤစီမံကိန်းအရ UNDP နှင့်ချိတ်ဆက်၍ မြန်မာနိုင်ငံ တစ် ဝန်းရှိ မဲရုံများအတွက် အလွယ်တကူ ဖျက်ပစ်၍မရသော မင်ရည်များ ပေးအပ်ပြီး မဲဆန္ဒရှင်များ တစ်ကြိမ်ထပ်ပို၍မဲပေးခြင်းကို ကာကွယ်တားဆီးနိုင်ရန် အသုံးပြုခြင်းဖြင့် တရားမျှတပြီး ပွင့် လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် အထောက်အကူပေးတာလို့ ဆိုပါတယ်။

 

ဂျပန်နိုင်ငံအစိုးရဟာ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာလည်း ရွေးကောက်ပွဲကျင်းပရာတွင် လိုအပ်သည့် ပစ္စည်းများထောက်ပံ့ပေးအပ်ခြင်း၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာအရေးအဖွဲ့များ စေလွှတ်ခြင်းကို ဆောင်ရွက်ခဲ့ပြီး ယခု ဒုတိယအကြိမ် မြောက် ပံ့ပိုးကူညီခြင်းဖြစ်ပါသည်။

 

ယခုတစ်ခေါက် ထောက်ပံ့သည့်စီမံကိန်းမှတစ်ဆင့် လွတ် လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရန် ပံ့ပိုးကူညီပြီး နောက်ပိုင်းမှာ လည်း မြန်မာ နိုင်ငံ၏ ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဥ်များကို အစွမ်းကုန် ဘက်ပေါင်းစုံမှ ဆက် လက် ပံ့ပိုးကူညီသွားမယ်လို့သံရုံးရဲ့ ထုတ်ပြန်ချက်မှာဖော်ပြ ထားပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •