ရွေးကောက်ပွဲအတွက် တရုတ်နိုင်ငံမှ ဝယ်ယူထားသည့် ကိုဗစ် – ၁၉ ကာကွယ်ရေးပစ္စည်းများ ထပ်မံရောက်ရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ ဝယ်ယူထားသည့် ကိုဗစ် – ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပစ္စည်းများ ထပ်မံရောက်ရှိ

ရန်ကုန်၊  အောက်တိုဘာ ၂၃

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ၊ မဲရုံတာဝန်ကျဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများအား ကိုဗစ် -၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဖြန့်ဝေပေးမည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူထား သောပစ္စည်းများ အောက်တိုဘာ ၂၁ ရက်၊ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အထူးလေယာဉ်များဖြင့် ထပ်မံ ရောက်ရှိလာသည်။

ယနေ့အထိရောက်ရှိပြီး ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးပစ္စည်းများမှာ KN95 Masks ၅၇၆၈၀၀၀ ၊ Protective Face Masks ၂၅၀၄၀၀ ၊ PPE Medical Protective Clothings ၆၆၇၀၀ ၊ Boots ၄၅၀၀ တို့ဖြစ်ကြောင်း သိရသည်။

အထောက်အကူပစ္စည်းများမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တို့မှတစ်ဆင့် အောက်တိုဘာ ၂၄ ရက်မှ နိုဝင်ဘာ ၃ ရက်အထိ အထူးလေယာဉ်များဖြင့် ဆက်လက် ရောက်ရှိလာမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်


Spread the love
  •  
  •  
  •  
  •  
  •  
  •