ရွေးကောက်ပွဲ ကိုယ်စားလှယ် ရွေးချယ်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြားချက် ကိုဖော်ပြမှု ရွေးကော်တိုင်ကြား၍မီဒီယာကောင်စီ ကြားဝင်ညှိနှိုင်းဖြေရှင်းပေးခဲ့

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရွေးကောက်ပွဲ ကိုယ်စားလှယ် ရွေးချယ်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြားချက် ကိုဖော်ပြမှု ရွေးကော်တိုင်ကြား၍မီဒီယာကောင်စီ ကြားဝင်ညှိနှိုင်းဖြေရှင်းပေးခဲ့
=======================================
ရန်ကုန်၊ ၂၀၂၀အောက်တိုဘာ ၁၉ရက်

ရွေးကောက်ပွဲ ကိုယ်စားလှယ် ရွေးချယ်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြားချက် ကိုမြဝတီသတင်းစာဖော်ပြမှု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တိုင်ကြား၍သတင်းမီဒီယာကောင်စီ ကြားဝင်ညှိနှိုင်းဖြေရှင်းပေးခဲ့ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှသိရသည်။

အဆိုပါ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြောကြားချက်ကို မြဝတီသတင်းစာဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တိုင်ကြားမှုအား ဆက်သွယ်မေးမြန်းရာတွင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ အဖွဲ့ဝင် ဦးမြင့်ကျော်ကပြောသည်။

“သြဂုတ်လ အလယ်လောက်မှာတပ်ချုပ်က အစည်းအဝေးတစ်ခု၊ ဆွေးနွေးပွဲတစ်ခု၊ ဟောပြောပွဲတစ်ခုမှာ ဘယ်လိုလူတွေကိုမဲပေးပါဆိုပြီး တပ်မတော်ရဲ့ အမျိုးသားနိုင်ငံရေး နားလည်သဘောပေါက်သူ နောက်အမျိုးဘာသာ၊သာသနာကို နည်းမှန်လမ်းမှန်နဲ့ စနစ်တကျထိန်းသိမ်းနိုင်သူ ဆိုပြီး အဲဒီလိုမျိုး ၆ချက်ကို မြဝတီသတင်းစာမှာ နောက်ကျောဖုံးမှာဆယ်ရက်ဆက်တိုက်ဖော်ပြတာကိုပေါ့။ မဲပေးရွေးချယ်ပါဆိုပြီး။ အဲဒါကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကန့်ကွက်တာပေါ့။ကန့်ကွက်တာမှာကောင်စီကိုတိုင်တဲ့ဟာကို ပြောလိုက်တော့ သူတို့ဘက်ကအဲဒါကိုဆက်မထည့်တော့ဘူးပေါ့။ပြေလည်သွားတာပေါ့”ဟု သတင်းမီဒီယာကောင်စီဝင် ဦးမြင့်ကျော်ကပြောသည်။

မြဝတီသတင်းစာတွင်ဖော်ပြသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြောစကားမှာ ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့ကိုယ်စားလှယ်များကို ရွေးချယ်ရာတွင် နိုင်ငံနှင့်ဒေသကို လက်တွေ့အကျိုးပြုမည့်သူ၊ တရားဥပဒေစိုးမိုးရေးအမြင်ရှိပြီး ဥပဒေ စည်းမျဉ်းစည်းကမ်းများကိုလိုက်နာဆောင်ရွက်သူ၊ နိုင်ငံ၏အမျိုးသားအကျိုးစီးပွားဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကိုထိန်းသိမ်းစောင့်ရှောက်နိုင်သူ၊ တပ်မတော်၏ အမျိုးသားနိုင်ငံရေး ဦးအောင်မှုအခန်းကဏ္ဍာကို နားလည်သဘောပေါက်သူ၊အမျိုးဘာသာ သာသနာကိုနည်းမှန်၊လမ်းမှန်ဖြင့် စနစ်တကျထိန်းသိမ်းနိုင်သူ၊ ပြည်ပအဖွဲ့အစည်းများ နိုင်ငံခြားသားများ၏ လွှမ်းမိုးခြင်းမခံရသူဟူ၍ ဖော်ပြပါရှိသည်။

လွှတ်တော်ရွေးကောက်ပွဲ ဥပဒေအခန်း၁၃တွင်ဖော်ပြထားချက်အရ လူမျိုးရေး၊ဘာသာရေးအကြောင်းပြမဲဆွယ်မှုများမပြုလုပ်ရန်ဖော်ပြပါရှိသည်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆၄တွင် လည်း နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာသနာကို အလွဲသုံးစားမပြုရဟုပြဌာန်းထားသည်။

နေကျော်(Myanmar Harp)


Spread the love
  •  
  •  
  •  
  •  
  •  
  •