ရွှေကျောင်းကြီးအတွင်းရှိ ပလ္လင်တော်ကို ဗိသုကာဆိုင်ရာရှုတောင့်မှ လေ့လာမည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရွှေနန်းတော်ကျောင်းကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော် သီတင်းသုံးရာ ပလ္လင်တော်ကို ဗိသုကာဆိုင်ရာရှုတောင့်မှ ဆန်းစစ်လေ့လာမည်

 

မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်တွင် တည်ရှိသော ရွှေနန်းတော်ကျောင်း(ရွှေကျောင်း)ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော် သီတင်းသုံးရာ ပလ္လင်တော်ကို ဗိသုကာ ဆိုင်ရာ ရှုထောင့်မှ ဆန်းစစ်လေ့လာမှုများ ပြုလုပ် သွား မည်ဖြစ်ပြီး ပြုပြင်ထိန်းသိမ်းမှု များလုပ်ဆောင်ရာ၌ အထောက်အကူဖြစ်စေမည်ဟု နည်းပညာတက္ကသိုလ် (မန္တလေး) ဗိသုကာဌာန၊ပါမောက္ခ ဒေါ်ဇာခြည်မင်းကပြောကြားသည်။

 

အဆိုပါ သုတေသနလုပ်ငန်းများကို ဗိသုကာဌာနမှ ကျောင်းသားကျောင်းသူများနင့်အတူ ကမ္ဘာ့အထိမ်းအမှတ် အဆောက်အဦးများရန်ပုံငွေအဖွဲ့(WMF-World Monument Fund )အထောက်အပံ့ဖြင့်ဆောင်ရွက်သွားမည် ဟုသိရသည်။

“ဗုဒ္ဓရုပ်ပွားတော်သီတင်းသုံးရာ ပလ္လင်တောများနဲ့ပတ်သက်လို့ ပြည့်ပြည့်စုံစုံမှတ်တမ်းတင်နိုင်ဖို့ ရည်ရွယ်တာ ဖြစ်တယ်။ပလ္လင်တော် ထူးခြားချက်ဆိုတာထက် ဘုရင်ထိုင်တဲ့ သီဟသနပလ္လင်ဆိုတာမျိုးကို သီးသန့်မှတ်တမ်း မှတ်ရာလုပ်ထားတာရှိတယ်။ဗိသုကာမှတ်တမ်းပြီးသွားရင် သိပ္ပံနည်းကျပြုပြင်ထိန်းသိမ်းရာမှာ အထောက်အကူ ဖြစ်မယ်”ဟု ၎င်းကပြောသည်။
ကုန်းဘောင်ခေတ်နှောင်းပိုင်းနှင့် ရတနာပုံခေတ်ဗုဒ္ဓပလ္လင်တော်များနှင့် ပတ်သက်၍ သုနေသနမှတ်တမ်းပြည့် ပြည့်စုံစုံဖြစ်လာရန်ဆောင်ရွက်ခြင်းဖြစ်ပြီး ရွှေနန်းတော်ကျောင်းကြီးမှ ပလ္လင်တော်ကို ထည့်သွင်းပြုလုပ်ခြင်း ဖြစ်ကြောင်း၊ပလ္လင်တော်များတွင် ထည့်သွင်းထားသည့် ရုပ်စုံများ၊အနုပညာလက်ရာများနှင့် ပလ္လင်အရွယ် အစားစသည့်အချက်အလက်များကို အသေးစိပ်တစ်ခုချင်းစီ မှတ်တမ်းပြုသွားမည်ဖြစ်ကြောင်းသိရသည်။
“ပလ္လင်တော်က ရတနာပုံခေတ်ဆိုတာသေချာအောင်စမ်းစစ်ဖို့လည်း လုပ်ရမယ်။လက်ရာတွေနဲ့သူမှာပါဝင်တဲ့ အစိပ်အပိုင်းတွေကြည်ပြီး စမ်းစစ်သုံးသပ်ရမှာပါ။အစိပ်အပိုင်းတစ်ခု ခြင်း စီကိုသုတေသနလုပ်မယ်။သီဟသန ပလ္လင်မှာထည့်တဲ့ပုံတွေနဲ့ ဗုဒ္ဓပလ္လင်တော်မှာ ထည့်တာတွေက ဘာကြောင့် ကွဲပြားသလဲဆိုတာ သုတသနလုပ် မယ်”ဟု ဆက်လက်ပြောကြားသည်။

 

အလားတူ ရွှေနန်းတော်ကျောင်းကြီးတွင် ထည့်သွင်းတည်ဆောက်ခဲ့သည့် မြန်မာမှုလက်ရာနယားရုပ်များ ကို လည်း ကမ္ဘာ့အထိမ်းအမှတ်အဆောက်အဦများ ရန်ပုံငွေ အဖွဲ့(WMF)ထောက်ပံ့မှုဖြင့် နည်းပညာတက္ကသိုလ် (မန္တလေး) မှ ကျောင်းသား၊ ကျောင်းသူများက ပူးပေါင်းပြု ပြင်ထိန်းသိမ်းခဲ့ကြောင်းသိရသည်။

ရွှေကျောင်း ဟု လူသိများသော ရွှေနန်းတော်ကျောင်းသည် နှစ်ပေါင်း(၁၃၀ ) ကျော် သက်တမ်းရှိပြီး ကုန်းဘောင်ခေတ်(၁၉) ရာစု မြန်မာအနုပညာဗိသုကာလက်ရာစံပြု ကျောင်းကြီးဖြစ်သည်။ ရွှေနန်းတော်ကြီးမှာ အမိုးသုံးဆင့်၊လယ်ပေါ်နှစ်ထပ်၊စမြင်ပါသောဇေတဝန်ဆောင်ဖြစ်သည်။ ကျောင်းကြီး တစ်ဆောင်လုံးတွင် အရှေ့အနောက်တိုင် (၁၅)လုံးတန်းနှင့် တောင်မြောင်(၁၀) လုံးတန်းရှိခြင်းကြောင့် တိုင်ပေါင်း(၁၅၀)တိုင်၊ နယားရုပ်ထောက်တိုင်ပေါင်း(၅၄)တိုင် နှင့် သရက်ကင်းအုတ်လှေကားငါးစင်းဖြင့် တည်ဆောက်ထားသည်။ ကျောင်းကြီးတစ်ခုလုံးတွင် မြန်မာမှုသစ်သားပန်းပု အခြေခံ ခြူးပန်း၊ခြူးနွယ်အပြောက်အမွှမ်းများ၊ ရုပ်လုံးရုပ်ကြွများ၊ ကျေးငှက်တိရ စ္ဆာန်ရုပ်များ၊ နံရံကပ်ရုပ်ကြွများနှင့် အတွင်းမာရဘင် အရှေ့ပိုင်ကွန်းစင်တိုင် အခြေတွင် ဇာတ်ကြီးဆယ်ဘွဲ့၊တောထွက်ခန်း၊ မဟာပဒုမဇာတ်၊ဥတေနဇာတ်တော်များကို စိတ်ဝင်စားဖွယ် လက်ရာမြောက်စွာ အနုစိတ်တပ်ဆင်ထားကြောင်းမှတ်တမ်းများအရသိရသည်။

သန်းဇော်မင်း


Spread the love
  •  
  •  
  •  
  •  
  •  
  •