ရွှေတိဂုံစေတီတော်မြတ်ကြီးကို Covid 19 ရောဂါကြောင့်ခေတ္တပိတ်ထားစဥ် ပြုပြင်မွမ်းမံမှုများစဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရွှေတိဂုံစေတီတော်မြတ်ကြီးကို Covid 19 ရောဂါကြောင့်ဖူးမြော်ခွင့်ခေတ္တပိတ်ထားစဥ်ကာလတွင် စဥ်ဆက်မပြတ်ပြုပြင်မွမ်းမံခြင်းများကို ဆောင်ရွက်လျက်ရှိရာ ၁၄.၁၂.၂၀ရက်နေ့မှစ၍ တောင်ဘက်အာရုံခံတန်ဆောင်းအတွင်းကြမ်းခင်းများ အသစ်လဲလှယ်တပ်ဆင်ခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။

ကြမ်းခင်းများလဲလှယ်ရာတွင် ပတ်ပတ်လည်၌ မတ္တရာစကျင်ကျောက်များခင်း၍ အလယ်တွင် ကျွန်းပါကေးများ ခင်းသွားမည်ဖြစ်ပြီး ရေရှည် ရာသီဥတုဒဏ်ခံနိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါကြောင်း အသိပေးတင်ပြအပ်ပါသည်။

တောင်ဘက်အရုဏ်ခံတန်ဆောင်းပြုပြင်ပြီးပါက အနောက်ဘက်နှင့်မြောက်ဘက်အရုဏ်ခံတန်ဆောင်းများ၏ကြမ်းခင်းများကိုလည်း
ဆက်လက် ပြုပြင်သွားမည်ဖြစ်ပါသည်။

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့


Spread the love
  •  
  •  
  •  
  •  
  •  
  •