ရွှေတိဂုံဘုရား ပြန်ဖွင့်ရန် အစီအစဉ်မရှိသေး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရွှေတိဂုံစေတီတော်ကို ဇွန်လတစ်ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည်ဟု သတင်းများထွက်ပေါ်နေတဲ့ ကိစ္စနဲ့ ပါက်သက်ပြီး ရွှေတိဂုံဘုရားဂေါပကအဖွဲ့ တာဝန်မှုးရုံးကို Yangon Nation ကဆက်သွယ်မေးမြန်းခဲ့ရာ
“ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့အနေနဲ့ နိုင်ငံတော်အစိုးရဲ့ အမိန့် ညွှန်ကြားချက်တွေ နှင့်အညီ လိုက်နာဆောင်ရွက်သွားမည်သာဖြစ်ပြီး ဇွန်လတစ်ရက်နေ့တွင်ပြန်လည်ဖွင့်လှစ်ရန်

 

 

အစီအစဉ်မရှိသေးပါကြောင်း၊
ဖွင့်လှစ်မည်ဆိုပါကလည်း နိုင်ငံတော်အစိုးရရဲ့ အမိန့်ညွှန်ကြားချက်များနဲ့ အညီသာ ဖွင့်လှစ်မည်ဖြစ်ပြီး ဘုရားဖူးအများပြည်သူတို့အား ကြိုတင်ကြေညာပေးသွားမည်ဖြစ်ပါတယ်လို့ ” ရွှေတိဂုံဘုရားဂေါပကအဖွဲ့ တာဝန်မှုးရုံးက အခုလိုဖြေကြားခဲ့ပါတယ်။

 

ဓါတ်ပုံ – ရွှေအင်းသား ခင်မောင်ဝင်း


Spread the love
  •  
  •  
  •  
  •  
  •  
  •