ရွှေပြည်သာမြို့နယ် စက်မှုဇုံဘူတာအနီး ကုက္ကိုပင်တွင် လူငယ်တစ်ဦးဆွဲကြိုးချ သေဆုံး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရွှေပြည်သာမြို့နယ် စက်မှုဇုံဘူတာအနီး ကုက္ကိုပင်တွင် လူငယ်တစ်ဦးဆွဲကြိုးချ သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီး၊ရွှေပြည်သာမြို့နယ် စက်မှုဇုံဘူတာအနီး သံလမ်းဘေးရှိ ကုက္ကိုပင်ကိုင်းတွင် လူငယ်တစ်ဦးဆွဲကြိုးချ သေဆုံးကြောင်း ရွှေပြည်သာ မြို့မရဲစခန်းမှ သိရပါတယ်။

ဖြစ်စဉ်မှာ စက်မှုဇုံဘူတာအနီး၊မိုင်တိုင်
(၁၃)(၁၅)ဖာလုံနှင့် (၁၆)ဖာလုံအကြား အစုန်သံလမ်းအရှေ့ဘက်(၁၀)ပေခန့်အကွာရှိ ကုက္ကိုပင်ပေါ်တွင်အမျိုးသား တစ်ဦးကြိုးဆွဲချသေဆုံးနေကြောင်း သတင်းအရ စခန်းမှူး ဒုရဲမှူး တင်မောင်လွင်သည် နယ်ထိန်းတပ်ဖွဲ့ဝင်အိားနှင့်အတူ သွားရောက်ကြည့်စစ်ဆေးခဲ့ပါတယ်။

သေဆုံးသူမှာ အမည်မသိ အသက်(၃၅)နှစ်ခန့် အမျိုးသားတစ်ဦးဖြစ်ပြီး ၄င်းသည် အဆိုပါ ကုက္ကိုပင်၏(၁၅)ပေခန့်အမြင့်ရှိ သစ်ကိုင်း၌ အမျိုးသားဝတ်အဖြူရောင်လည်ဂတုံးအင်္ကျီလက်ရှည်အား ကြိုးအဖြစ်အသုံးပြု၍ မြေကြီးနှင့်ခြေဖျား(၇)ပေခန့်အကွာအနေအထားတွင် ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရှိရသဖြင့် အလောင်းအားရဲဆေးစာဖြင့် အင်စိန်ဆေးရုံ၊ သို့ပို့ခဲ့တာပါ။

သေဆုံးသူမှာ ဇင်မျိုး၊ ၃၅ နှစ် (ဘ)ဦးကံဦး၊ မှတ်ပုံတင်မသိ၊ ဗမာ/ဗုဒ္ဓစက်ရုံလုပ်၊ မသိ၊ (၁)ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်နေသူဖြစ်ကြောင်းရွှေပြည်သာ မြို့မရဲစခန်းမှ သိရပါတယ် ။

၄င်းသေဆုံးမှုနှင့်ပတ်သက်၍ ရွှေပြည်သာမြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်- ၄၂/၂၀၂၀ ဖွင့်လှစ်၍  စခန်းမှူး ဒုရဲမှူးတင်မောင်ဝင်းက တရားလိုပြုလုပ်ကာ သေဆုံးမှုမှာဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးဆောင်ရွက်လျှက်ရှိတယ်လို့ သိရပါတယ်။

Credit – မင်းထွဏ်း


Spread the love
  •  
  •  
  •  
  •  
  •  
  •