ရွှေဘို-မြစ်ကြီးနားလမ်း၊ ဒိုးပင်တောင် အဆင်းမှာ ကားတစ် စီး ချောက်ထဲထိုးကျပြီးတစ်ဦးသေဆုံး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရွှေဘို-မြစ်ကြီးနားလမ်း၊ ဒိုးပင်တောင် အဆင်းမှာ ကားတစ်
စီး ချောက်ထဲထိုးကျပြီးတစ်ဦးသေဆုံး

၉.၉.၂၀၂၀ ရက်နေ့၊ ၀၄ ၀၀ အချိန်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်း၊ မိုင်တိုင်အမှတ် (၁၁၃)နှင့် (၁၁၄)ကြား၊ နေပူတောင်(ဒိုးပင်တောင်) အဆင်း၊ နတ်ကြီးစင်အနီးတွင် ကား(၁)စီး ကဘပ်ကြွေ/ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ ထိုးကျခဲ့ပါတယ်။

 

ယာဥ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ထီးချိုင့်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ယာဉ်ပေါ်ပါ ကျား(၃)အနက်ကျား(၁)ဦး(သေဆုံး) အား အလယ်တောတိုက်နယ်ဆေးရုံသို့လည်းကောင်း၊ ကျား(၂)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)အား အင်းတော်ဆေးရုံသို့လည်းကောင်း လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •