ရွှေရောင်ကောင်းမှုတော်ဘုရားကြီးမှ ခွါချထားသော ရွှေဆေးသင်္ကန်း၊ ထုံးသင်္ကန်းနှင့် အင်္ဂတေအဟောင်းများကို ဌာပနာပြီး ကောင်းမှုတော် (ပုရာဏ) ပုံစံတူ စေတီတော်တည်ထား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ရွှေရောင်ကောင်းမှုတော်ဘုရားကြီးမှ ခွါချထားသော ရွှေဆေးသင်္ကန်း၊ ထုံးသင်္ကန်းနှင့် အင်္ဂတေအဟောင်းများကို ဌာပနာပြီး တည်ထားသော ကောင်းမှုတော် (ပုရာဏ) ပုံစံတူ စေတီတော်ပြီးစီးခဲ့ပြီဖြစ်ပါတယ်။

 

၁၆-၇-၂၀၂၀ ရက်နေ့ညနေ ၅ နာရီ အချိန်တွင် သီတဂူဝန်ဆောင်သံဃာဥက္ကဌ ဦးကောဝိဒ၊ သီတဂူဝိပဿနာအကယ်ဒမီ အုပ်ချုပ်ရေးမှူးဆရာတော် ဦးသုန္ဒရ၊ သီတဂူဆေးရုံတော်များ အုပ်ချုပ်/စီမံဆရာတော် ဦးသေဌိလ၊ သီတဂူဝိပဿနာအကယ်ဒမီ လ/ထ အုပ်ချုပ်ရေးမှူးဆရာတော် ဦးဣန္ဒာစရိယတို့က ကြွရောက်ကာ ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာ ဆောင်ရွက်တော်မူကြပါတယ်။

ဤစေတီတော်အတွက် တစ်ပါး ကျပ်သိန်း ၅၀ စီ ကုသိုလ်ပါဝင်ကြသော သီတဂူဆရာတော်၏ တပည့် ဓမ္မကထိကများမှာ..
၁။ သီတဂူ အရှင်ပညာနန္ဒ ( သီတဂူ ကြယ်တစ်ပွင့်)
၂။ သီတဂူ ဒေါက်တာ အရှင်ကိတ္တိဗလ
၃။ သီတဂူ ဒေါက်တာ အရှင်ဣန္ဒာစရိယ
၄။ သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ
၅။ သီတဂူ အရှင်ဇဋိလ (အရာတော်)
၆။ သီတဂူ အရှင်တိက္ခသာရ
တို့ဖြစ်ကြပါတယ်။

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးနှင့်အတူ သာသနာပြုလုပ်ငန်းတွင်တွင်ပါဝင်လှူဒါန်းကြသည့် ဆရာတော်သံဃာတော်များ၊ အလှူရှင်များနှင့်တကွ ပါဝင်ဆောင်ရွက်သူများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း သီတဂူ သာသနာပြုအဖွဲ့က ကျေးဇူးမှတ်တမ်းတင် ဂုဏ်ပြုကြောင်းဖော်ပြထားပါတယ်။

 

Posted by သီတဂူသတင်း
📸 – သီတဂူကျော်ဆန်းဝင်း


Spread the love
  •  
  •  
  •  
  •  
  •  
  •