ရွှေလီမြို့မှာ Lock Down ဖြေလျော့လိုက်တာကြောင့် နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းတွေ ပြန်လည်အသက်ဝင်လာ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရွှေလီမြို့မှာ Lock Down ဖြေလျော့လိုက်တာကြောင့် နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းတွေ ပြန်လည်အသက်ဝင်လာ

တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ရွှေလီ၊ကြယ်ခေါင်နဲ့ဝမ်တိန်မြို့တွေကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့ကစပြီး တရုတ်အာဏာပိုင်တွေက Lock Down ချမှတ်ခဲ့ပါတယ်။

ရွှေလီမြို့မှာ COVID-19 အတည်ပြုလူနာတချို့တွေ့ရှိခဲ့ရာက အခုလို lock down ချခဲ့တာဖြစ်ပြီး မြို့လူထုကို စစ်ဆေးမှုတွေပြုလုပ်ခဲ့တာပါ။

အခု စက်တင်ဘာ ၂၁ရက်ည ၁၁နာရီခန့်ကစပြီး ဖြေလျော့မှုတွေပြုလုပ်ပြီး နယ်စပ်ဂိတ်ကို ပြန်ဖွင့် ပေးလိုက်တာကြောင့် ကုန်သွယ်ရေးလုပ်ငန်းတွေ ပြန်လည် အသက်ဝင်လာပြီဖြစ်ပါတယ်။

 

မြန်မာဘက်က ကုန်ကားတွေကို ၂၂ရက်နေ့ကဝင်ခွင့်ပေးလိုက်ပြီး တရုတ်ဘက်မှ ကားတွေကတော့ ကြယ်ခေါင်မှာ ကုန်ပစ္စည်းလည်းပြတ်နေတာကြောင့်ဝင်လာတာနဲနေသေးတယ်လို့သိရပါတယ်။ နောက်နှစ်ရက်သုံးရက်အတွင်း

နယ်စပ်ကုန်သွယ်ရေး လုပ်ငန်း တွေပုံမှန်ပြန်ဖြစ်မယ်လို့ ခန့်မှန်းနေကြပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •