ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) မူဆယ် စည်းရုံးရေး ကား ရွှေလီမြစ်ထဲ ပြုတ်ကျ 

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD)
မူဆယ် စည်းရုံးရေး ကား ယနေ့(အောက်တိုဘာ ၁၈)ရက် ရွှေလီမြစ်ထဲ ပြုတ်ကျ

 

၁၈.၁၀.၂၀၂၀ရက်နေ့၊ (၀၉ ၃၀)အချိန်ခန့်၊ ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ ဖိုင်ကျောင်းကျေးရွာမှ မန့်ဟီးရိုးမြို့သို့ အသွား ရွှေလီမြစ်(မူဆယ်ဘက်ခြမ်း)ကူတို့ဆိပ်တွင် HONDA FIT (အနက်ရောင်)ယာဉ်သည် အရှိန်လွန်၍ ထိုးကျမှုဖြစ်ပွားခဲ့ပါတယ်။

(၀၉ ၃၅)အချိန် သတင်းရရှိသဖြင့် မူဆယ်ခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာခဲ့ရာ (၀၉ ၄၅)အချိန်တွင် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိခဲ့ပြီး ယာဉ်ပေါ်ပါ ကျား(၂)ဦး၊ မ(၅)ဦး အနက် ကျား(၁)ဦးနှင့်မ(၂)ဦးတို့မှာ ရေကူးလွတ်မြောက်ခဲ့ပြီး ကျန် ကျား(၁)ဦးနှင့် မ(၃)ဦး တို့မှာ ယာဉ်နှင့်အတူ မျောပါပျောက်ဆုံးနေကြောင်း သိရှိရပါတယ်။

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ (၁၄ ၃၀)အချိန်တွင် မော်တော်ယာဉ်အား ရှာဖွေတွေ့ရှိခဲ့ပြီး သေဆုံးသူ မ(၃)ဦးတို့၏ ရုပ်အလောင်းများအား လူမှုကူညီရေးအသင်းများမှ သူနာတင်ယာဉ်ဖြင့် မူဆယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး ပျောက်ဆုံးသူ ကျား(၁)ဦးအား ဆက်လက်ရှာဖွေလျက်ရှိကြောင်း သတင်းရရှိပါတယ်။

Source – MFSD

 


Spread the love
  •  
  •  
  •  
  •  
  •  
  •