ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်။ စက်တင်ဘာ ၃

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၂ ရက်နေ့ ၁၈၀၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ သည် သတင်းအရ သက်သေများနှင့်အတူ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ မင်္ဂလာမူဆယ်သွားကားလမ်းတွင် ဆင်ဖြူဈေးဘက်မှ မင်္ဂလာမူဆယ်ဈေးဘက်သို့ မူဆယ်မြို့နယ်၊ ဝိန်းနန်းကျေးရွာနေ မနန်းထွေးကြည် ၂၅ နှစ် စီးနင်း မောင်းနှင်လာသည့်မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားတွင်တင်ဆောင်လာသော လက်ဆွဲအိတ်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၂၀ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ ပါသည်။

 

အလားတူ ယင်းနေ့ ၁၈၄၅ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သက်သေ များနှင့်အတူ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ မင်္ဂလာမူဆယ်သွားကားလမ်းတွင် တားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် မင်္ဂလာမူဆယ်ဈေးအနီးတွင် မသင်္ကာဖွယ်ရပ်တန့်ထားသော NISSAN X-TRAIL အမျိုးအစား မော်တော်ယာဉ်နှင့် Crown အမျိုးအစားမော်တော်ယာဉ်တို့အားစစ်ဆေးရာ အဆိုပါယာဉ်များအနီးတွင် မူဆယ်မြို့နယ်၊ ဝိန်းနန်းကျေးရွာနေသူများဖြစ်သည့် စိုင်းလှအောင် ၃၀ နှစ်၊ စိုင်းလောက်ခေး ၂၈ နှစ်နှင့် စိုင်းလှိုင်းဆိုင် ၂၆ နှစ်တို့အားတွေ့ရှိပြီး Crown အမျိုးအစားမော်တော်ယာဉ်ပေါ်ရှိ စက္ကူဂျပ်ဖာအတွင်းမှ ရောင်စုံ ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၁.၁ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၆၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး

ကွင်းဆက်ပေါ်ပေါက်ချက်အရ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်နေ ဟော်ဂေါန်ခန့် ၃၈ နှစ်၏နေအိမ်အား ၁၉၁၅ အချိန်တွင် ဆက်လက်ရှာဖွေရာ ၎င်းအား နေအိမ်တွင်တွေ့ရှိပြီး နေအိမ်အိပ်ခန်းအတွင်းရှိ စက္ကူဂျပ်ဖာအတွင်းမှ ရောင်စုံဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၁၁၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၆.၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။

အဆိုပါဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့်စပ်လျဉ်း၍ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုများရေးဖွင့်ပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •