ရှမ်းပြည်နယ်မှ စေတနာ့ဝန်ထမ်း သူနာပြုများ ရန်ကုန်မြို့သို့ ဒုတိယအသုတ် သွားရောက်အာဖြည့်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရှမ်းပြည်နယ်မှ စေတနာ့ဝန်ထမ်း သူနာပြုများ ရန်ကုန်မြို့သို့ ဒုတိယအသုတ် သွားရောက်အာဖြည့်

တောင်ကြီး၊ စက်တင်ဘာ ၂၈

နိုင်ငံအတွင်း COVID-19 ရောဂါ ကူးစက်ခံရမှု အများဆုံး ဖြစ်ပွားနေသည့် ရန်ကုန်တိုင်းဒေသကြီးသို့ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အတွက် ပါဝင်ကူညီ ဆောင်ရွက်နိုင်ရန် ရှမ်းပြည်နယ်တောင်ပိုင်းမှ သူနာပြု ဆရာ / ဆရာမ (၂၀) ဦး ထပ်မံအားဖြည့် ကူညီရန် စက်တင်ဘာ (၂၈) ရက်နေ့ နံနက်ပိုင်းက တောင်ကြီးမြို့မှ ထွက်ခွာခဲ့ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၂၂) ရက်ကလည်း ရှမ်းပြည်နယ် တောင်ပိုင်းမှ စေတနာ့ဝန်ထမ်း သူနာပြု (၂ဝ) ဦးအား ရန်ကုန်တိုင်း ဒေသကြီး၊ တောင်ဒဂုံရှိ ယာယီ ကုသရေးဆေးရုံများသို့ ပထမအကြိမ် စေလွှတ်ခဲ့ပြီး ယခု ဒုတိယအကြိမ်အဖြစ် သူနာပြု (၂ဝ) ဦး ထပ်မံ စေလွှတ်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးသို့ သွားရောက် ကူညီကြသည့် သူနာပြုဆရာ/ ဆရာမများမှာ အမျိုးသမီးနှင့် ကလေးဆေးရုံမှ သူနာပြု (၁ဝ) ဦး ၊ ရှမ်းပြည်နယ်တောင်ပိုင်း ပြည်နယ်ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန လက်အောက်ရှိ ဆေးရုံများမှ သူနာပြု (၉) ဦး အပြင် တောင်ကြီး သားဖွားသင်တန်းကျောင်းမှ နည်းပြ (၁) ဦးတို့ ဖြစ်သည်။

အဆိုပါ သူနာပြု ဆရာ/ ဆရာမ များမှာ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး၊ လွိုင်လင်၊ မိုင်းကိုင်၊ ကျေးသီး၊ လဲချား၊ မိုးနဲ၊ ဟိုမိန်း တိုက်နယ်ဆေးရုံနှင့် လင်းခေးမြို့နယ် စသည့် မြို့နယ်အသီးသီးမှ ပါဝင် အားဖြည့်ခြင်း ဖြစ်ပြီး ရှမ်းပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ သက်ဆိုင်ရာ ဆေးရုံများမှလည်း ထောက်ပံ့မှုများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •