ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ်၊ လဝါရွာ အထက်တန်းကျောင်းခွဲ မီးရှို့ခံရ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ်၊ လဝါရွာ အထက်တန်းကျောင်းခွဲ မီးရှို့ခံရ

 

ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ်၊ လဝါရွာအထက်တန်း ကျောင်းခွဲ ဟာ ဒီကနေ့မနက်အစောပိုင်းက ရှို့မီးကြောင့် ကျောင်းဆောင်များ မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

 ကျောင်းဆောင်မီးလောင်မှုဟာ သြဂုတ်လ ၂၅ ရက် မနက်တစ်နာရီခွဲနှစ်နာရီ၀န်းကျင်က ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

မီးရှို့သူကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက စုံစမ်းနေပြီး
အခုအချိန်အထိတော့ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။

အဲဒီ လဝါရွာ အထက်တန်းကျောင်းခွဲရှိ ချယ်ရီဆောင်ဟာ ၂၀၁၄-၂၀၁၅ ခုနှစ်မှာ  ခွင့်ပြုရန်ပုံငွေ ၆၄.၈ သန်းဖြင့်အ ကုန်ကျခံဆောက်လုပ်ခဲ့ပြီး မီးလောင်ရာမှာ ချယ်ရီဆောင်နှင့် အင်ကြင်းဆောင်ပါ ပါ၀င်သွား တယ်လို့သိရပါတယ်။

မီးလောင်ရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြတ်မင်းကျော်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ မြို့နယ်ဦးစီးမှူးဦးအောင်မျိုးဦး ဦးစီးသော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လဝါကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ပြည်သူများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက်  နာရီ ၄၀ မိနစ်အချိန်တွင် မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့သည်။

အဆိုပါမီးလောင်မှုကြောင့် အလျား ၁၄၀ ပေ၊ အနံ ၃၀ ပေနှင့် အမြင့် ၂၄ ပေရှိ နံကပ်()ထပ် ကျောင်းဆောင်တစ်ဆောင်နှင့် စာသင်ကျောင်းအတွင်းရှိ ကျောင်းသုံးပရိဘောဂပစ္စည်းများ မီး လောင် ပျက်စီးဆုံးရှုံးသွားခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်းနှင့် ကျောင်း ဆောင်မီးလောင်မှု ဖြစ်ပွားခဲ့သောကြောင့် အထက(ခွဲ)ကျောင်းတွင် ဖွင့်လှစ် သင်ကြား လျက်ရှိသော GRADE-10 ကျောင်းသားကျောင်းသူ(၁၈)ဦးတို့အား ဆက်လက်ပညာသင်ကြား နိုင်ရေး အတွက် လဝါ ကျေးရွာ၊ ရွာလယ်ရှိ ယခင်အခြေခံပညာကျောင်းဆောင်ဟောင်း နေရာတွင် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါကျောင်းဆောင် မီးလောင်ရသည့်အကြောင်းအရင်းအား စုံစမ်းဆဲဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •