ရှားပါးအဖြူရောင်သစ်ကုလားအုတ် ကမ္ဘာပေါ်မှာ တကောင်ထဲသာကျန်ရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

“ကမ္ဘာမှာတကောင်ထဲရှိတော့တယ်လို့ထင်ရတဲ့သစ်ကုလားအုပ်ကို ခြေရာခံစံနစ်ပါဝင်တဲ့ကရိယာတပ်ဆင်”

December 9,2020

ကင်ညာအရှေ့မြောက်ဒေသမှာရှိတဲ့
သီးသန့်တနေရာမှာ ထားရှိတဲ့ ကမ္ဘာပေါ်မှာ
တကောင်ထဲသာရှိတော့တယ်လို့သိထားတဲ့
အဖြူရောင်သစ်ကုလားအုတ်ကို ကျူးကျော်ဝင်ရောက်ခိုးယူမဲ့သူများရဲ့
ဘေးအန္တရယ်မှ တားဆီးကာကွယ်ဖို့အတွက် GPSခြေရာခံကရိယာတပ်ဆင်ပေးခဲ့တယ်လို့
သဘာဝပတ်ဝန်းကျင်ချစ်ခင်မြတ်နိုးသူများက
ပြောဆိုပါတယ်။.
တကောင်ထဲသွားလာနေတဲ့
သစ်ကုလားအုပ်ထီးရဲ့လှုပ်ရှားမှုတွေကို အချိန် နဲ့အမျှဖမ်းယူပြီးပြန်ကြားပို့ဆောင်ပေးနေတာကို တောစောင့်အမှုထမ်းတွေက ရုပ်မြင်သံကြားဖန်သားပြင်ကတဆင့်စောင့်
ကြည့်နိုင်တယ်လို့ သဘာဝပတ်ဝန်းကျင်ချစ်ခင်မြတ်နိုးသူများ
အုပ်စုကပြောပါတယ်။
ဒီသစ်ကုလားအုပ်ဟာ Leucismလို့ခေါ်တဲ့
အရေပြားပေါ်မှာအရောင်ဖြစ်ပေါ်မှုဆုံးရှုံး
သွားစေတဲ့ ရှားပါးတဲ့မျိုးရိုးဗီဇ အခြေအနေတခု ဖြစ်ပေါ်နေပါတယ်။မတ်လတုန်းက တရားမဝင်ကျူးကျော်ဝင်ရောက်ပြီး တိရာစ္ဆာန်တွေကိုခိုးယူဖမ်းဆီးသူတွေက သူ့မိသားစုဝင်နှစ်ဦးကိုဖမ်းဆီးသတ်ဖြတ်သွားခဲ့ကြပြီးနောက်မှာ ဒီသစ်ကုလားအုတ်ဟာ သူနဲ့မျိုးတူတွေထဲမှာ တကောင်ထဲကျန်ရစ်တဲ့အကောင်ဖြစ်မယ်လို့ယူဆထားကြပါတယ်။

သူ့လို အလားတူအဖြူရောင်ရှိတဲ့ သစ်ကုလားအုပ်အမတကောင် နဲ့ ၇ လသားအရွယ် သစ်ကုလားအုတ်ငယ်လေးတကောင်ကြုံတွေ့ခဲ့ရတဲ့ကံကြမ္မာလို မျိုး
သူ့ကိုလဲ မုဆိုးတွေရဲ့ဖမ်းဆီးသတ်ဖြတ်တာ
ခံရမှာကို တောခေါင်းတွေက စိုးရိမ်နေကြ ပါတယ်။
သူတို့ဟာ ကင်ညာနိုင်ငံရဲ့ အရှေ့မြောက်ဘက် ဂါရစ်ဆာစီရင်စုမှာရှိတဲ့
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးဧရိယာအတွင်းမှာ သစ်ကုလားအုတ် အသေကောင်ရုပ်ကြွင်းတွေကို တွေ့ရှိခဲ့ကြပြီး၊
အဲ့ဒီနေရာမှာလောလောဆယ် သစ်ကုလားအုတ်အထီး တကောင် ထဲကျန်ရစ်ပြီး နေထိုင်နေပါတယ်။
“ရှားပါးတဲ့ သစ်ကုလားအုတ်ဖြူတွေ ကင်ညာမှာ တိရာစ္ဆာန်မုဆိုးတွေရဲ့ ဖမ်းဆီးသတ်ဖြတ်တာကိုခံနေရ”
အစ်ရှက်ဘီနီ ဟီရိုလာ သဘာဝပတ်ဝန်းကျင်မပျက်စီးအောင်
ထိန်းသိမ်းစောင့်ရှောက်ရေး လူမှုအဖွဲ့အစည်း
က အဲ့ဒီဧရိယာဝန်းကျင်မှာရှိတဲ့ တောရိုင်းတိရာစ္ဆာန်တွေကို ထိန်းသိမ်း
စောင့်ရှောက်နေပြီး နိုဝင်ဘာလ ၈ရက်နေ့က
သစ်ကုလားအုတ်ရဲ့ဦးချိုတွေမှာ ခြေရာခံ
ကရိယာတပ်ဆင်ပေးခဲ့တယ်လို့ပြောပါတယ်။
အကျိုးအမြတ်မရည်ရွယ်ထားတဲ့ ဒီစေတနာ့ဝန်ထမ်းအဖွဲ့ဟာ ရှားပါးတဲ့တိရာစ္ဆာန်တွေကို မုဆိုးတွေက ကျူး
ကျော်ဝင်ရောက်ဖမ်းဆီးသတ်ဖြတ်နေတာကနေ ကာကွယ်ပေးဖို့ တိရာစ္ဆာန်တွေဘယ်နေရာမှာရှိနေတယ်ဆိုတာ
အချိန်နဲ့အမျှပြန်လည်သတင်းပို့ပေးနိုင်တဲ့
ခြေရာခံစက်တွေကို ကုလားအုတ်တွေရဲ့ကိုယ်ပေါ်မှာတပ်ဆင်ပေးထားတယ်လို့ပြောပါတယ်။အရှေ့အာဖရိက
တိုင်းပြည်မှာရှိတဲ့ အဓိကကျတဲ့သဘာဝ
ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တခုဖြစ်တဲ့ တောရိုင်းတိရာစ္ဆာန် ထိန်းသိမ်းစောက်ရှောက်ရေးအဖွဲ့က တကောင်ထဲကျန်ရစ်တော့တဲ့ကုလားအုတ်ဖြူ
လို ရှားပါးတိရာစ္ဆာန်မျိုးကို ကာကွယ်စောင့်
ရှောက်ရာမှာ ပါဝင်ကူညီရတဲ့အတွက် ဝမ်းသာ
ပျော်ရွှင်မိတယ်လို့ပြောပါတယ်။
အိမ်နီးချင်းတန်ဇန်နီးယား နိုင်ငံမှာတခါ
တွေ့မြင်ခဲ့ရပြီးနောက်၂လအကြာမှာ ကင်ညာ
နိုင်ငံမှာ ရှားပါးတဲ့ကုလားအုတ်ဖြူတွေကို
၂၀၁၆ခုနှစ်မတ်လတုန်းက ပဌမဆုံးအကြိမ်
စတင်တွေ့ခဲ့ကြရတာဖြစ်ပါတယ်။
နောက်တနှစ်အကြာမှာ ကင်ညာနိုင်ငံ
ဂါရစ်ဆာစီရင်စုမှာရှိတဲ့ သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က မိခင်
ကုလားအုတ်ဖြူတကောင် နဲ့ သားပေါက်
တကောင်ကို တွေ့ရှိပြီး ကင်မရာနဲ့ ဓာတ်ပုံရိုက်ယူ မှတ်တမ်းတင်နိုင်ခဲ့တာကြောင့်
သတင်းစာတွေပေါ်မှာခေါင်းစီးစာလုံးတွေ နဲ့
နောက်တကြိမ်ပြန်လည်တွေ့မြင်ကြရပါတယ်။
ကုလားအုတ်တွေအတွက် အာဖရိက ၁၅နိုင်ငံကျော်ဟာ သူတို့ရဲ့နေရပ်ဇာတိတွေ ဖြစ်ကြပြီး ၊သူတို့ဟာ ကမ္ဘာ့​ခြေတံအရှည်ဆုံးသတ္တဝါများ
ဖြစ်ကြပါတယ်။သူတို့ရဲ့အရေခွံ၊အသား နဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို လိုချင်ကြတာ ကြောင့် သူတို့ဟာ တိရာစ္ဆာန်မုဆိုးတွေရဲ့
အမဲလိုက်သတ်ဖြတ်တာကို ခံနေကြရပါတယ်။

တရားမဝင်ကျူးကျော်ဝင်ရောက် ဖမ်းဆီးသတ်ဖြတ်ခြင်းတွေ နဲ့ တောရိုင်းတိရာစ္ဆာန် မှောင်ခိုကုန်ကူးခြင်း တွေကြောင့် လွန်ခဲ့တဲ့နှစ်၃၀ အတွင်းမှာ သစ်ကုလားအုတ်ကောင်ရေ
၄၀ရာခိုင်နှုန်းလောက်အထိကျဆင်း
ပျောက်ကွယ်သွားခဲ့ရတယ်လို့ “အာဖရိက တောရိုင်းတိရာစ္ဆာန်ဖောင်ဒေးရှင်း(AWF)”က ပြောဆိုထားပါတယ်။”သဘာဝပတ်ဝန်းကျင်ရဲ့
အနီရောင်စာရင်း ထိန်းသိမ်းစောင့်ရှောက်ရေးနိုင်ငံတကာအဖွဲ့အစည်း”((IUCN) က ကုလားအုတ်တွေဟာ မျိုးသုန်းပျောက်ကွယ်မသွားအောင်ခုခံ
ကာကွယ်နိုင်ဖို့ အားနည်းတဲ့မျိုးစိတ်တခုအဖြစ်သတ်မှတ်ထားပြီး၊တကမ္ဘာလုံးမှာ ကောင်ရေ၆၈၂၉၃ လောက်သာရှိတော့တယ်လို့ တွက်ချက်ခန့်မှန်း
ထားပါတယ်။

(အနီရောင်စာရင်း ဆိုသည်မှာ
မျိုးသုန်းပျောက်ကွယ်လုနီးပါးဖြစ်နေသော
တိရာစ္ဆာန်များကို ပြုစုထားသောစာရင်း
ဖြစ်ပါသည်။ ဘာသာပြန်သူ)

Ref:Sea Turtle (Environmental Conservation Organization)


Spread the love
  •  
  •  
  •  
  •  
  •  
  •