လက်ကို လက်သန့်ဆေးရည်နဲ့ ဆေးပြီးမှ တိုက်တဲ့Covid ဓားပြ (Video)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

😷 #လက်သန့်ပြီးမှတိုက်တဲ့ဓားပြ။

ဆိုင်ထဲဝင်ရင်လက်ဆေးလက်သန့်ပါကို အမှန်အကန်လိုက်နာတဲ့ Covid ဓားပြ။ 😅

🇮🇳 အိန္ဒိယနိုင်ငံ အူတာပရာဒက်ရှ်ပြည်နယ်မှာ ရွှေငွေရတနာဆိုင်တစ်ဆိုင်ကို ဓားပြသုံးယောက် mask 😷 တပ်ပြီးဝင်ရောက်လာခဲ့ပါတယ်။

အေးဆေးလက်ကို လက်သန့်ဆေးရည်နဲ့ ဆေးလိုက်သေးတယ်။

ပြီးမှခါးကြားက သေနတ်ထုတ်ပြီး ဓားပြတိုက်တော့တာပဲ။ ပိုးကူးမှာမစိုးရိမ်ရတော့ဘူး။

ပြီးခဲ့တဲ့ သောကြာနေ့ နေ့လည် ၂ နာရီလောက်ကတိုက်သွားတာပါ။

အိန္ဒိယငွေ သိန်း ၄၀ ဖိုးလောက်ပါသွားတယ်လို့ဆိုပါတယ်။

အိန္ဒိယရဲကတော့ မြန်မြန်အမိဖမ်းမယ်လို့ဆိုပါတယ်။

ဘယ်လိုဓားပြတိုက်သွားသလဲကို CCTV ဗီဒီယိုကိုသာ ကြည့်ကြပေတော့။

Twitter အကောင့်ဝင်စရာမလိုပါ။ ▶️ ခလုတ်ကိုနှိပ်ပြီး ဘယ်လိုဓားပြတိုက်သွားလဲ ကြည့်လို့ရပါတယ်။

အိန္ဒိယမှာလည်း အဲ့ CCTV ဗီဒီယိုကိုကြည့်ပြီး ငိုအားထက်ရယ်အားသန်နေကြပါတယ်။

ဘာပဲပြောပြော Mask 😷 တပ်ပါ၊ လက်ဆေးပါဆိုတဲ့ Mask-up-and-sanitise culture ယဉ်ကျေးမှုကို ဓားပြတောင် လိုက်နာလာတာတော့ အားရစရာပါတဲ့ခင်ဗျား။

ပစ္စည်းတွေပြန်ရပါစေဗျာ။ ရဲကတော့ ဘယ်သူမှန်း ၂ ယောက်ကို ဖော်နိုင်ပြီ အမြန်ရအောင်ဖမ်းမယ်လို့ ဆိုပါကြောင်း။

မှတ်မိမှာပေါ့ နှာခေါင်းကိုတောင် လုံအောင်မအုပ်ကြတာကိုး။

အိန္ဒိယကအဲ့လိုပဲ။ နှာခေါင်းပဲကြီးလို့လားမသိဘူး။ နှာခေါင်းကိုလုံအောင်မဖုံးကြဘူး။

Richard Myo Thant
13-September-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •