“လက်တင်အမေရိကနိုင်ငံများမှာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးမှုစတင်”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“လက်တင်အမေရိကတိုင်းပြည်များများမှာ
လူအစုလိုက်အပြုံလိုက်ကိုဗစ်-၁၉ရောဂါ
ကာကွယ်ဆေးထိုးမှုစတင်ဆောင်ရွက်”

December 25, 2020

မက္ကဆီကို၊ချီလီ နဲ့ ကိုစတာရီကာနိုင်ငံတွေမှာ နော်ဗယ်ကိုရိုနာဗိုင်းရပ်(စ်)ရောဂါကာကွယ်ဆေး လူအစုလိုက်
အပြုံလိုက် ကြာသပတေးနေ့မှာစတင် အထိုးခံကြပါတယ်။အဲ့ဒီ့၃နိုင်ငံက Pfizer-BioNTech ကာကွယ်ဆေးပဌမအကြိမ်ထိုးနှံမှုကိုလုပ်ဆောင်ကြစဉ်မှာအာဂျင်တီးနားနိုင်ငံဟာရုရှနိုင်ငံက အငြင်းပွါးဖွယ်ဖြစ်နေတဲ့
Sputnik Vကာကွယ်ဆေး ပဌမအကြိမ်ထိုးနှံမှု
ကို ဆောင်ရွက်နေကြပါတယ်။

ရှေ့တန်းမှာတာဝန်ယူစောင့်ရှောက်နေ ကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ မက္ကဆီကို
နဲ့ ချီလီနိုင်ငံ ရဲ့ပဌမဆုံးကာကွယ်ဆေး အထိုးခံ ရတဲ့အုပ်စုထဲမှာပါဝင်ပြီး ကာကွယ်ဆေးထိုးနှံ နေကြစဉ်မှာ ကိုစတာရီကာနိုင်ငံကလည်းသူ့ရဲ့
ကိုယ်ပိုင်ရောဂါခုခံကာကွယ်နိုင်မဲ့အစီအစဉ်ကိုစတင်ဆောင်ရွက်နေကြပါတယ်။သမ္မတ
ကားလို့စ် အယ်လ်ဗာရေဒိုက “ကပ်ရောဂါအဆုံးသတ်ခြင်းရဲ့အစ” ဖြစ်နိုင်ပါတယ်လို့ ပြောဆိုနှုတ်ခွန်းဆက်လိုက်ပါတယ်။
ဒါပေမဲ့ဗြိတိန်နိုင်ငံ နဲ့ လေကြောင်းပျံသန်းမှုကို အသွားရော အလာပါနိုင်ငံပေါင်း၅၀ကျော်က အစိုးရတွေကတားမြစ်ကန့်သတ်ထားရာမှာ ဘရာဇီး နိုင်ငံ နဲ့တရုတ်ပြည်ပါ ပူးပေါင်းပါဝင်လာတာကြောင့် တကမ္ဘာလုံးဆိုင်ရာအကောင်းမြင်မှုရရှိဖို့ တော့ခက်ခဲနေပါသေးတယ်။ဗြိတိန်နိုင်ငံမှာကိုရိုနာဗိုင်းရပ်(စ်)မျိုးကွဲဗီဇအသစ် တွေ့ခဲ့ရတာကြောင့်ဖြစ်ပါတယ်။

ထရပ်ကားထောင်ပေါင်းများစွာဟာ
ဗြိတိန် နိုင်ငံ အဓိကဆိပ်ကမ်းတခုမှာ သောင်တင်နေပါတယ်။ဒရိုက်ဘာတွေကို ရေ
လက်ကြားကိုမဖြတ်သန်းခင် ရောဂါရှာဖွေစစ်ဆေးဖို့ ပြင်သစ်နိုင်ငံကTest Kits (ရောဂါပိုးရှိမရှိစမ်းသပ်တဲ့ကရိယာများ)၁၀၀၀၀ပေးပို့ထားပါတယ်။
ဗိုင်းရပ်မျိုးကွဲဗီဇအသစ်ဟာ မူလ ကိုရိုနာ
ဗိုင်းရပ်(စ်)ထက် ၇၀ရာခိုင်နှုန်း ပိုမိုပြီး ကူးစက်
မှုမြန်တယ်လို့ဗြိတန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်ကပြောပေမဲ့ ပြင်သစ်နိုင်ငံ နဲ့ ဆက်သွယ်ထားတဲ့ရထားလမ်း နဲ့ရေကြောင်းလမ်းတွေကိုတော့ ခရစ္စမတ်ပြီးတဲ့အထိ ဆက်ဖွင့်ထားမယ်လို့ဗြိတိန်ကပြောပါတယ်။

မက္ကဆီကိုနိုင်ငံဟာ Pfizer-BioNTech
ကာကွယ်ဆေး ပဌမအကြိမ်ထိုးဆေး အလုံး၃၀၀၀ကိုဘယ်လ်ဂျီယံနိုင်ငံက လက်ခံရရှိပြီးတဲ့နောက် လူအစုလိုက် အပြုံလိုက်ရောဂါခုခံကာကွယ်ရေးအစီအစဉ်အဖြစ်ကာကွယ်ဆေးထိုးနှံကြတာကို ရုပ်မြင်သံ
ကြားရိုက်ကူးခဲ့ပါတယ်။
“ဒါဟာ၂၀၂၀ခုနှစ်မှာကျွန်မရရှိခဲ့တဲ့အကောင်းဆုံးလက်ဆောင်ပါ။”လို့ အသက်၅၉နှစ်အရွယ်
မက္ကဆီကန်သူနာပြုဆရာမ မာရီယာ အိုင်းရင်း
ရာမီရက်(ဇ်)က မြို့တော်ရဲ့ဆေးရုံမှာ ကာကွယ်ဆေးအထိုးခံရင်းပြောဆိုခဲ့ပါတယ်။
မက္ကဆီကိုနိုင်ငံမှာ ကိုဗစ်-၁၉ဗိုင်းရပ်(စ်)
ကြောင့်သေဆုံးခဲ့ရသူပေါင်း ၁၂၀၀၀၀ကျော် ရှိပြီလို့စာရင်းပြုစုထားပါတယ်။အမေရိကန်ပြည်ထောင်စု၊ဘရာဇီး နဲ့ အိန္ဒိယနိုင်ငံပြီးရင် စတုတ္ထမြောက် သေဆုံးသူ အများဆုံးနိုင်ငံဖြစ်ပါတယ်။

“စိတ်လှုပ်ရှားပြီး စိုးရိမ်ထိတ်လန့်”
ချီလီမှာ အသက်၄၆နှစ်အရွယ်သူနာပြုအကူ
ဇူလီမာ ရီကွယ်လ်မီ ဟာ သမ္မတ ဆီဘက်စတီယန် ပီနားရား ရှေ့မှောက်မှာကာကွယ်ဆေးကိုပဌမဆုံးစတင်အထိုးခံခဲ့ပါတယ်

“ကျွန်မ အလွန်စိတ်လှုပ်ရှားပြီး စိုးရိမ်ထိတ်လန့်နေခဲ့ပါတယ်။”လို့သူမကပြောဆိုပါတယ်။Pfizer-BioNTechကာကွယ်ဆေး
ပဌမအကြိမ်ထိုးဆေးအလုံးရေ၁၀၀၀၀ လေယာဉ်ဖြင့်ရောက်ရှိလာပြီးနောက်နာရီပိုင်း
အကြာမှာသူမဆေးထိုးခံခဲ့တာဖြစ်ပါတယ်။
ဘိုးဘွားရိပ်သာမှာ ဘီးတပ်ကုလားထိုင်
ဝှီးချဲရ် နဲ့ နေထိုင်နေရတဲ့ အသက်၉၁နှစ်အရွယ်
အဲလီးဇဘက် ကတ်စတီလို က ကိုစတာရီကာ
မှာပဌမဆုံးကာကွယ်ဆေးအထိုးခံသူဖြစ်
ပါတယ်။

“ကျွန်မဘုရားသခင်ကိုအများကြီးမေးခဲ့တာ
ကြောင့်ဘုရားသခင်ကိုအလွန်ကျေးဇူးတင်ပါ
တယ်။ ကျွန်မရဲ့အသက်ဟာ ကျွန်မအတွက်
အရေးကြီးပါတယ်။ဒါကြောင့် အခိုက်အတန့်
တိုင်းရဲ့အားသာချက်အခွင့်အရေးကိုယူကြပါ။”လို့သူမကပြောဆိုပါတယ်။
အာဂျင်တီးနားကတော့ ရုရှပြည်က
အငြင်းပွါးဖွယ်ဖြစ်နေတဲ့ Sputnik Vကာကွယ်
ဆေး ပဌမအကြိမ်ထိုးဆေးအလုံး၃၀၀၀၀၀
မော်စကိုက လေယာဉ်နဲ့ ပေးပို့လိုက်တာကို လက်ခံရရှိခဲ့ပါတယ်။
ဒီတိုင်းပြည်ဟာ ရုရှပြည်ကထုတ်လုပ်တဲ့
ကာကွယ်ဆေးကို ပဌမဆုံးလက်ခံအသုံးပြုတဲ့
လက်တင်အမေရိကတိုင်းပြည် တပြည်ဖြစ်ပါတယ်။ဒီဆေးဟာ ဆေးခန်းတွေ
မှာလက်တွေ့စမ်းသပ်ထိုးနှံမှုတွေကျယ်ကျယ်
ပြန့်ပြန့်မလုပ်ဆောင်ရသေးခင်မှာ မှတ်ပုံတင်ခွင့်ပြုခဲ့တယ်လို့ ဝေဖန်မှုတွေပေါ်ထွက်လာခဲ့ပြီးနောက်မှာ
SputnikVထိုးဆေးဟာစိတ်ချယုံကြည်ရ
ကြောင်းသက်သေပြဖို့ အာဂျင်တီးနားသမ္မတ
အယ်လ်ဘာတိုဖာနန်ဒက်(ဇ်)က လက်ခံရယူဖို့
အခိုင်အမာပြောဆိုခဲ့ပါတယ်။

Ref :(FRANCE 24with AFP)


Spread the love
  •  
  •  
  •  
  •  
  •  
  •