လက်ရှိရန်ကုန်မြို့အ​ခြေအနေ ပါမောက္ခဒေါက်တာဇော်ဝေစိုးရှင်းလင်းမှု ကောက်နှုတ်ချက်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ယနေ့ ပါမောက္ခဒေါက်တာဇော်ဝေစိုးရှင်းလင်းမှု
ကောက်နှုတ်ချက်။
********************************************
– ရန်ကုန်အခြေအနေမှာ ယနေ့လူနာသစ် ၇၉၄ဦးရှိ
၎င်းလူနာသစ်များအတွက်နေရာချထားဖို့စီစဉ်ရကြောင်း။

– အောင်မြင့်မိုရ်အိမ်ရာကုသရေးမှာ ကုတင် ၁၂၀၀ ရှိပါသဖြင့် လုံလောက်မှုရှိပါကြောင်း မနေ့က လူနာ ၄၀၀ ကျော်ပို့ထားပြီးဖြစ်ကြောင်း။

– တပ်မတော်မှ ယနေ့ ကုတင် ၁၆၆ အတွက် ရဲမွန်တိုက်စည်းတွင်ကူညီပေးသည့်အတွက် ယနေ့လူနာများ စတင်ပို့ဆောင်နေပြီဖြစ်ပါကြောင်း။

– ရောဂါလက္ခဏာပြင်းထန်သောလူနာများအား ဝေဘာဂီ၊ တောင်ဥက္ကလာ နှင့် ဖောင်ကြီးဆေးရုံများသို့ပို့သလျက်ရှိပါကြောင်း။

– အောက်စီဂျင်ပေးကုသမှုမြှင့်တင်နိုင်ရေးအတွက် ဆုံးဖြတ်ချက်ဖြင့် စတင်ဆောင်ရွက်နေပြီဖြစ်ရာ ရန်ကုန်ဆေးရုံကြီးတွင် ယခင်က ICU တွင်သာ အောက်စီဂျင်ပေးနိုင်မှုရှိနေရာမှ ယခုအခါ Ward တိုင်းတွင် ပိုက်လိုင်းဖြင့် အောက်စီဂျင်ပေးနိုင်ရန်စတင်ဆောင်ရွက်လျက်ရှိနေပြီဖြစ်ကြောင်း။

– ရိုးမစင်တာ(၂) အားဆက်လက်ဖွင့်လှစ်ကုသနိုင်ရေးအတွက်စီစဉ်လျက်ရှိသည့်အပြင် တခြားသင့်လျော်သောနေရာများတွင် ကုသရေးဆေးရုံများဖွင့်လှစ်နိုင်ရေးအတွက် စီစဉ်လျက်ရှိပါကြောင်း။

– အဓိကအားဖြင့် လူနာသစ်များနှင့်ကုသရေးစင်တာများတိုးလာသည့်အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်မည့် ဆရာဝန် ဆရာမများ အင်အားလိုအပ်လာပြီဖြစ်ပါကြောင်း။

– မြန်မာနိုင်ငံဆရာဝန်များအသင်းမှာ ပြင်ပဆရာဝန် ဆရာမများ စတင်ပြီး ပူးပေါင်းပါဝင်ကူညီလျက်ရှိနေပြီဖြစ်ပါကြောင်း၊ ယနေ့ကိုဗစ်စင်တာများတွင် ပါဝင်ဆောင်ရွက်လျက်ရှိနေကြပြီဖြစ်ပါကြောင်း။

– ပုဂ္ဂလိကဆေးရုံများအဖွဲ့မှလည်း ယခင် ဖောင်ကြီးဆေးရုံတွင်ကူညီပေးနေရာမှ ယခုအခါ အောင်မြင့်မိုရ်နှင့်ရိုးမစင်တာတို့တွင်ပါ ပါဝင်ကူညီဆောင်ရွက်နေပြီဖြစ်ပါကြောင်း။

@Skynet Uptodate


Spread the love
  •  
  •  
  •  
  •  
  •  
  •