လန်ဒန်မှာ ည (၁၀)နာရီဆိုင်များပိတ်ပြီး၊ အိမ်အလည်သွားခွင့်တင်းကြပ်စွာတားမြစ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

လန်ဒန်မှာ ည (၁၀)နာရီဆိုင်များပိတ်ပြီး၊ အိမ်အလည်သွားခွင့်တင်းကြပ်စွာတားမြစ်
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗

အင်္ဂလန်ရဲ့ လန်ဒန်မှာတော့ ဗိုင်းရပ်စ်ကြောင့် ကာဖျူးစတင်မှုနဲ့အတူ စားသောက်ဆိုင်များအနေနဲ့ ည (၁၀)နာရီမှာ ပိတ်ကြရမှာဖြစ်ပြီး တာဝန်ရှိသူများက လိုက်နာမှုရှိမရှိ လိုက်လံစစ်ဆေးနေပြီ ဖြစ်ပါတယ်။ အရက်ဘားတွေနဲ့ ဘီယာဆိုင်တွေကို အဓိကပိတ်ခိုင်းပြီး အင်္ဂလန်မှာရော ဝေးလ်စ်မှာပါ မနေ့ကစခဲ့တာ ဖြစ်ပါတယ်။

အခုလိုအင်အားသုံးပြီး ပိတ်စေတာကတော့ ကိုဗစ်ကူးစက်မှုတွေ မကျယ်ပြန့်လာအောင် ဖြစ်ပါတယ်။ ဒီအစီအစဉ်ဆောင်ရွက်မှာဖြစ်ကြောင်း ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က အင်္ဂါနေ့က ကြေညာခဲ့တာပါ။ အစားအသောက်အရောင်းဆိုင်တွေအကုန် ည၁၀နာရီပိတ်ရမယ်လို့ ဆိုပါတယ်။ စကော့တလန်မှာတော့ ဒီကနေ့စတင်မှာ ဖြစ်ပါတယ်။ ဗြိတိန်မှာ အရက်ဆိုင် ဘီယာဆိုင်တွေက ပုံမှန်ဆို ည (၁၁) နာရီမှ ပိတ်ကြတာပါ။

ကားဒစ်ဖ်နဲ့ အက်ဒင်ဘက်ဂ်တို့မှာလည်း တင်းကြပ်မှုတွေလုပ်ပါပြီ။ ခုတစ်ခေါက်ကူးစက်မှု က တစ်နိုင်ငံလုံးအနှံ့ဖြစ်လာမှာ ပိုပြင်းထန်မှာကို အစိုးရအဖွဲ့က ပြည်သူတွေအတွက် စိုးရိမ်နေတာလည်း ဖြစ်ပါတယ်။ ကြာသပတေးနေ့တစ်ရက်တည်းတင် ကူးစက်မှုက အင်္ဂလန်မှာ (၆၆၃၄)ခုထိရှိခဲ့တာဖြစ်ပြီး စဖြစ်ချိန်နောက်ပိုင်း အမြင့်ဆုံးကူးစက်မှုနှုန်းလည်း ဖြစ်ပါတယ်။ စမ်းသပ်ထားတဲ့ရလဒ်တွေကလည်း မကြာခင် ရက်ပိုင်းအတွင်း အဖြေထွက်လာပါဦးမယ်။

#Source – AFP

MRTV


Spread the love
  •  
  •  
  •  
  •  
  •  
  •