လမ်းဂိတ်၂၄ ခုနှင့် တံတား ၆၂ ခု တို့နိုဝင်ဘာ ၃၀ ရက်အထိ အသုံးပြုခ တဝက်လျှော့ချထား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

လမ်းဂိတ်၂၄ ခုနှင့် တံတား ၆၂ ခု တို့နိုဝင်ဘာ ၃၀ ရက်အထိ အသုံးပြုခ တဝက်လျှော့ချထား

COVID-19 ရောဂါ ဖြစ်ပွားနေချိန်တွင် နိုင်ငံတွင်း ကုန်စည်စီးဆင်းမှု အထောက်အ ကူဖြစ်စေရန် လမ်း၊ တံတား အချို့၏ ဖြတ်သန်းခ ထက်ဝက် ခန့်လျှော့ချကြောင်း ဆောက်လုပ် ရေးဝန်ကြီးဌာနက မေလ ၂၉ ရက်တွင် ထုတ်ပြန်ထားပါတယ်။

တိုင်းနှင့် ပြည်နယ် ခုနစ်ခု တွင် လမ်းဂိတ်၂၄ ခုနှင့် တိုင်းနှင့် ပြည်နယ် ကိုးခုတွင် တံတားအ သုံးပြုခ ကောက်ခံသည့် ဂိတ် ၆၂ ခု တို့၌ ဇွန်လ ၁ ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ အသုံးပြုခ ကောက် ခံသည့်နှုန်းထားကို ၅၀ ရာခိုင်နှုန်း လျှော့ချပေးထားပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •